Trese (2021)
7.0
Price - 600Ks
မြန်မာစာတန်းထိုး
Episode 1 - 6
Memory – 3 GB
Runtime : 33 min
Video Format : 1080 P
Genres : Action Series, Adventure Series,

Trailer

aဒီမှာက တစ်ခုပိုသာတာကတော့ သဘာဝလွန်အပိုင်းတွေမှပုံမှန် ကြားဖူးနေကြ အနောက်တိုင်းက သွေးစုပ်ဖုပ်ကောင်တွေ
သမန်းဝံပုလွေတွေ မဟုတ်တော့ပဲ ဖိလစ်ပိုင်နိုင်ငံရိုးရာဒဏ္ဍာရီ ပုံပြင်ထဲက သတ္တဝါနဲ့ နတ်ဘုရားတွေ ဖြစ်ပါတယ်။
DC Animation ကောင်းတွေဖြစ်တဲ့ Flashpoint Paradox တို့ Dark Knight Return တို့နဲ့တခြား Batman Animation တွေ ရိုက်ကူးပေးထားတဲ့ Jay Oliva ကရိုက်ကူးရေး ပါဝင်ထားပြီး ဇာတ်လမ်းကတော့ဖိလစ်ပိုင်ရုပ်ပြဇာတ်လမ်းကို ပြန်လည်အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းပုံစံကတော့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို အခြေခံထားတယ်။အလက်ဇန္ဒရား ထရေဆေးဆိုတဲ့ ကောင်မလေးက သဘာဝလွန်
သက်တော်စောင့်နှစ်ယောက်နဲ့ ဝင်ချက်စတာညီအစ်ကိုလိုလိုကွန်စတင်တင်းတို့လိုမျိုး မနီလာမြို့က ရဲတွေ မတွေးတောနိုင်တဲ့ ထူးဆန်းဖြစ်ရပ်တွေဆို ဝင်ပြီး အမှုလိုက်ဖြေရှင်းပေးတယ်ပေါ့လေ။

 ဒီ မနီလာမြေအောက်လောကမှာလည်း အဆွမ်းဆိုတဲ့ ပုံပြောင်းလို့ရတဲ့သတ္တဝါမျိုးနွယ်တွေ တစ်ဘာလန်ဆိုတဲ့မြင်းတစ်ပိုင်းလူတစ်ပိုင်းမျိုးနွယ်တွေနဲ့
တခြား သတ္တဝါတွေ နတ်ဘုရားမျိုးနွယ်တွေ စသဖြင့်ကိုယ်စီကိုယ်စီ အုပ်ချုပ်ပြီး လူသားမျိုးနွယ်ဖက်မှာတော့ထရေဆေးက “လကန်း” ဆိုတဲ့ဘွဲ့နဲ့ ကိုယ်စားပြုပြီးသူ့ဖအေ လက်ထက်ကတည်းက တည်ရှိတဲ့ သူတို့ ကမ္ဘာနှစ်ခုကြားကငြိမ်းချမ်းရေး သဘောတူညီချက်ကို ဘယ်သူတွေမှ မဖောက်ဖျက်အောင်ထိန်းသိမ်းရင်း နေရတာပေါ့လေ။ဒီလိုနဲ့ တဖြည်းဖြည်း ကြာလာတဲ့အခါမှာတော့ အမှောင်မြေအောက်လောကထဲမှာ
တချို့မျိုးနွယ်တွေက သဘောတူညီချက်တွေကို ချိုးဖောက်ရင်းလူသားကမ္ဘာထိ အန္တရာယ်ကျရောက်လာနိုင်မယ့် ရန်စွယ်တွေ ဖြစ်လာတဲ့အခါ
ထရေဆေးတစ်ယောက် အသက်စွန့် ကာကွယ်ဖို့ ပြင်ဆင်ရပါတော့တယ်….။

လက်ရှိကာလကို ပြနေရင်း ထရေဆေး ငယ်စဉ်တုန်းက သူ့အဖေနဲ့
အတူရှိစဉ်အဖြစ်အပျက်တွေ Flashback ပြန်ပြတာတွေလည်း မိုက်တယ်။

Post
Shay Mitchell
Post
Carlos Alazraqui
Post
Eric Bauza
Post
Steve Blum
Post
Matthew Yang King
Post
Griffin Puatu
Post
Liza Soberano
Post
Apollo Abraham
Post
Jon Jon Briones

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top