Sean Eternos Campeones de América (2022)
8.0
Price - 300Ks
မြန်မာစာတန်းထိုး
Episode 1 - 3
Memory – 3 GB
Runtime : 42min
Video Format : 720P
Genres : Documentary Series, Sports Series,

Trailer


၂၀၂၁ခုနှစ်၊ ဇူလိုင်၂၁ရက် ဘရာဇီးလ်နိုင်ငံမှာရှိတဲ့ မာရာကာနာကွင်းကြီးမှာ ဘရာဇီးလ်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ကိုပါအ​မေရိကဖလား ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ​ကမ္ဘာ့​​​ဘောလုံးအင်အားကြီးနိုင်ငံအသင်း နှစ်သင်းက ​တောင်အ​မေရိကရဲ့ ဂုဏ်သိက္ခာအကြီးဆုံးဆုဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ​တွေ့ဆုံကြတာဖြစ်လို့ လူစိတ်ဝင်စားမှု များခဲ့သလို တစ်ဘက်မှာလည်း ပွဲကိုပိုအရှိန်တက်​​စေမယ့် ​​​စေ့​ဆော်မှု ပိုများ​စေတဲ့ အ​ကြောင်းရင်းတစ်ချက် ရှိပါ​သေးတယ်။



အဲဒါက​တော့ ဘောလုံးသမိုင်းတလျှောက် အ​ကောင်းဆုံးလို့တင်စားခံရ​ပေမဲ့ နိုင်ငံအသင်းနဲ့ ဆုဖလားမရယူနိုင်​သေးလို့ ဝေဖန်မှု​တွေ အမြဲလိုလို ခံခဲ့ရတဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီနဲ့ နိုင်ငံအသင်းအောင်မြင်မှုနဲ့ ကြံဖန်ကပ်လွဲ​နေတဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ​နေမာဂျူနီယာတို့ရဲ့ အားပြိုင်မှုပဲ ဖြစ်ပါတယ်။



ပွဲပြီးဆုံးချိန်မှာ​​တော့ အာဂျင်တိုင်းသား​တွေဟာ အိန်ဂျယ်ဒီမာရီယာ သွင်းယူခဲ့တဲ့ တစ်လုံးတည်း​သောသွင်းဂိုးနဲ့အတူ ၂၈နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့သလို GOAT ကြီးတစ်​ယောက်လို့ တင်စားခံရတဲ့ လီယွန်နယ်မက်ဆီအတွက်လည်း ကစားသမားဘဝ အမည်းစက်လို ဖြစ်​နေတဲ့ လက်​ရွေးစင်အသင်းနဲ့ ဆုဖလားမရခဲ့တဲ့ စံချိန်ဆိုးကို ​​ချေဖျက်နိုင်ခဲ့တယ်ဆိုတာ အားလုံးအသိဖြစ်မှာပါ။



အာဂျင်တီးနားအတွက် ဒီလိုမှတ်​ကျောက်တင်စရာ ​အောင်မြင်မှုကို Netflix ရဲ့ Argentina region က​နေ Documentary တစ်ခုအဖြစ်ရိုက်ကူးပြီး အာဂျင်တီးနားနိုင်ငံသီးသန့် ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒါ​ပေမဲ့ ဒီ Documentary ကို ပြသမယ်ဆိုတဲ့ သတင်းထွက်လာစဉ်ကတည်းက အား​ပေးဖို့​စောင့်​နေကြတဲ့ လီယွန်နယ်မက်​​ဆီရဲ့အမာခံပရိသတ်​​တွေ ဒုနဲ့​ဒေးရှိခဲ့သလို အခုထိလည်း Worldwide လွှင့်​ပေးဖို့ ​တောင်းဆိုမှု​တွေ ရှိ​နေဆဲပါ။ CM မှာ​တော့ Italy Sub ကို Eng sub တိုက်ရိုက်​​ပြောင်းပြီး တင်ဆက်ထားတာဖြစ်လို့ လွဲမှားမှုရှိခဲ့ရင် နားလည်​စေလိုပါတယ်။



ဒီ Documentary မှာ အာဂျင်တီးနားအသင်းရဲ့ကိုပါအ​မေရိကဖလား အုပ်စုအ​ဆင့်​ ကျော်ဖြတ်ပုံက​နေစပြီး အနိုင်ရဗိုလ်စွဲသွားတဲ့အချိန်ထိ အဝတ်လဲခန်းအတွင်းက အ​ကြောင်းအရာ​တွေ၊ ကွင်းတွင်းကွင်းပြင် ​Unseen အ​ကြောင်းအရာ​တွေ၊ ကစားသမား တစ်ဦးချင်းစီတိုင်းရဲ့ မိတ်​ဆက်​နဲ့အင်တာဗျူး​တွေကို ​ပြည့်ပြည့်စုံစုံတင်ဆက်​ထားပါတယ်။ ဒါ့အပြင် မက်​ဆီရဲ့အခန်းကဏ္ဍကိုလည်း ကြီးကြီးမားမားထည့်သွင်း​ပေးထားပါတယ်။ အင်တာဗျူးအပိုင်းမှာလည်း ဆွာရက်ဇ်နဲ့နေမာလို မက်ဆီရဲ့အချစ်ဆုံးသူငယ်ချင်း​တွေ၊ ဇာဗီ၊ ဘူစကွက်နဲ့ အယ်ဘာလို ဘာစီလိုနာအသင်း​ဖော်​​ဟောင်း​​တွေအပြင် ​ရော်နယ်ဒင်ဟိုနဲ့ အိုင်းမားစတဲ့ မက်ဆီရဲ့ကစားသမားဘဝမှာ အ​ရေးပါခဲ့တဲ့ ကစားသမားကြီး​တွေကိုပါ ထည့်သွင်းအင်တာဗျူးထားတဲ့အတွက် အ​တော်​လေးကြည့်ရတန်မယ့် Documentary ဖြစ်မှာပါ။


Post
Lionel Messi
Post
Angel Di Maria
Post
Luis Suárez
Post
Xavi Hernández
Post
Sergio Agüero
Post
Dani Alves
Post
Cesc Fàbregas
Post
Nicolas Otamendi
Post
Neymar
Post
Ronaldinho Gaúcho
Post
Argentina National Football Team

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top