Hijack (2023)
7.4
Price - 700Ks
မြန်မာစာတန်းထိုး
Episode 1 - 7
Memory – 7 GB
Runtime : 47 min
Video Format : 1080 P
Genres : Drama Series, Thriller Series,

Trailer

မင်းသားကြီး Idris Elba (Hobbs & Shaw/ Suicide Squid) ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ပြီး တွဲဖက်ထုတ်လုပ်သူလုပ်ထားတဲ့ အသစ်စက်စက် လေယာဉ်ပြန်ပေးဆွဲ Thriller စီးရီးလေးလာပါပြီ။ IMDB 7.9/10, Rotten Tomatoes 90% ရရှိထားတဲ့ Apple TV+ ရဲ့ ဒီစီးရီးကတော့ တစ်ပတ် တစ်ပိုင်းနှုန်းနဲ့ အပိုင်း ၇ ပိုင်းထွက်ရှိမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒူဘိုင်းကနေ လန်ဒန်ကို ပျံသန်းမယ့် ၇နာရီကြာ ခရီးစဉ်အတွက် စိတ်လှုပ်ရှား ပျော်ရွှင်နေသူ ခရီးသည်တွေကြား ကိုယ်စီအကြံတွေနဲ့ မသမာသူ လူတစ်စုရှိနေခဲ့ပါတယ်။ သူတို့ရဲ့ နဂိုအကြံအစည်ကတော့ လေယာဉ်ထွက်ပြီး ၃နာရီအကြာမှ လှုပ်ရှားဖို့ဖြစ်ပေမယ့် မမျှော်လင့်တဲ့အခြေအနေတစ်ခုကြောင့် ခန့်မှန်းချိန်ထက် စောပြီး လှုပ်ရှားရဖို့ ဖြစ်သွားပါတော့တယ်။ ‌
ရုတ်တရက်ကြီး ဝရုန်းသုန်းကားတွေဖြစ်၊ ထင်မထားတဲ့ အခြေအနေကြောင့် အားလုံးက ထူပူနေကြတဲ့အချိန်မှာပဲ ခရီးသည်တွေထဲက လူတစ်ယောက်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပေးသမားတွေကို စကားဆိုလာတာကတော့ “သူလည်း ကူညီပါမယ်တဲ့”။ ပြန်ပေးသမားတွေလည်း အံ့ဩ၊ ခရီးသည်တွေပါ အံ့ဩသွားရလောက်အောင် ကူညီပေးမယ်လို့ ပြောလာသူကတော့ ဆမ်ဖြစ်ပြီး သူက တကယ်တမ်းတော့ စေ့စပ်ညှိနှိုင်းရေးသမား တစ်ဦးပဲဖြစ်ပါတယ်။ ဒါပေမယ့် သူက သူကမ်းလှမ်းသလို တကယ်ပဲ ပြန်ပေးသမားတွေကို ကူညီပေးမှာလား။ တစ်ဖက်လှည့်နဲ့ သိမ်းသွင်းပြီး ခရီးသည်တွေ ကယ်ဆယ်ပေးမှာလား။ ပြန်ပေးသမားတွေကရော ဘာလို့ လေယာဉ်ကို ပြန်ပေးဆွဲခဲ့တာလဲ။ သူတို့ရဲ့ ရည်ရွယ်ချက်ပဲ အထမြောက် အောင်မြင်သွားမလား၊ ဒါမှမဟုတ် ခရီးသည်တွေပဲ အသက်ဘေးကနေ အေးအေးဆေးဆေး လွတ်ကင်းသွားနိုင်မလား ဆိုတာကိုတော့ လေယာဉ်ပြန်ပေးဆွဲကားတို့ရဲ့ ထုံးစံအတိုင်း ထင်သလောက် မရိုးရှင်းတဲ့ လှည့်ကွက်တွေနဲ့ ရင်တထိတ်ထိတ်၊ အသည်းတယားယား ရှုစားလိုက်ကြပါဦးနော်။

Post
Idris Elba
Post
Neil Maskell
Post
Max Beesley
Post
Ben Miles
Post
Kaisa Hammarlund
Post
Zora Bishop
Post
Jeremy Ang Jones
Post
Kate Phillips
Post
Aimée Kelly
Post
Holly Aird
Post
Justin Salinger
Post
Gretchen Egolf

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top