Pennyworth The Origin of Batman’s Butler (2019)
7.8
Price - 2500Ks
မြန်မာစာတန်းထိုး
Season 1 - 3
Memory – 18 GB
Runtime : 1 hour
Video Format : 1080 P
Genres : Action Series, Crime Series, Drama Series,

Trailer

Pennyworth လို့ဆိုလိုက်တာနဲ့ စူပါဟီးရိုးဖန်တိုင်း ပြေးသတိရသွားမယ့်
လူတစ်ယောက်ရှိပါတယ်။ တခြားတော့မဟုတ်ပါဘူး၊ Wayne စံအိမ်‌တော်ရဲ့
အိမ်တော်ထိန်းကြီး Alfred Pennyworth ပါပဲ။ DC ဟာ နှစ်အဆက်‌ဆက်
Bruce Wayne နဲ့ Batman ကို လူအမျိုးမျိုး ပြောင်းရိုက်ခဲ့ပြီးပြီ။
ဘတ်မန်းဇာတ်လမ်း‌မျိုးစုံကိုလည်း ကြုံခဲ့ရပြီးပြီ။ အသိသာကြီး
လိုက်ဖက်လွန်းတဲ့ Bruce Wayne နဲ့ Batman တွေကို မြင်ခဲ့ရသလို
ခွီစရာ လှောင်စရာဖြစ်သွားစေတဲ့ Batman တွေကိုလည်း ကြုံခဲ့ရပြီ။
အဲဒီလို ရုပ်ရှင်သမိုင်းရဲ့ ဘရုစ်ဝိန်းအမျိုးမျိုး ဘတ်မန်းအမျိုးမျိုးတိုင်းမှာ
Alfred Pennyworth ဇာတ်ကောင်ဟာ ချွင်းချက်မရှိ လူကောင်းတွေချည်း
ဖြစ်ခဲ့သလို မေ့မရနိုင်စရာမင်းသားကြီး‌တွေချည်းပါပဲ။ Alfred ဟာ
ဝိန်းစံအိမ်တော်ရဲ့ သစ္စာရှိ အိမ်တော်ထိန်းကြီးဆိုလည်း ဟုတ်တယ်။
ဘရုစ်ဝိန်းရဲ့ ခေါင်းကိုင်အဖေဆိုလည်း ဟုတ်တယ်။ လင်းနို့လူသားရဲ့
လူယုံတော်ဆိုလည်း ဟုတ်ပါတယ်။ ဘရုစ်ဝိန်းရယ်လို့ Gotham မြို့မှ
ာ နာမည်တစ်လုံးနဲ့ဖြစ်လာအောင်၊ လင်းနို့လူသားဆိုပြီး လူဆိုးတိုင်းရဲ့
အိပ်မက်ဆိုးတစ်ခု ဖြစ်‌လာအောင်က နောက်ကွယ်မှာ Alfred ရဲ့
အခန်းကဏ္ဍတွေအများကြီးပါခဲ့တယ်ဆို မှားမယ်မထင်ဘူး။ ဒါပေမဲ့
ကျွန်တော်တို့အနေနဲ့ သူ့အကြောင်းကို များများစားစား မသိခဲ့ကြရဘူးမလား။
Gotham Series ရှိသေးပေမဲ့လည်း ခု Pennyworth စီးရီးကတော့ Alfred
ကိုပဲ အဓိက ဇာတ်အိမ်တည်ထားတာမို့ သူ့ချည်းပဲ တဝကြီး ကြည့်ရပါလိမ့်မယ်။
သူကိုယ်တိုင်ကလည်း ဗြိတိန်လေတပ်ထွက်ဆိုတော့ SH Series တစ်ခုအစား
Spy Thriller စီးရီးတစ်ခု ကြည့်နေရသလိုကို အရသာရှိပါလိမ့်မယ်။
ဗြိတိန်လေတပ်ကနေထွက်ပြီး ဝင်ငွေရှာဖို့ ကိုယ်ပိုင်လုံခြုံရေးကုမ္ပဏီ
စထောင်ခဲ့တဲ့ဘဝကနေ နောက်ကျ သူနဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်လာမယ့်
သောမတ်ဝိန်း ကမ်းလှမ်းတာကို ငြင်းပြီး အရှေ့အင်္ဂလန်မှာဖြစ်နေတဲ့
နိုင်ငံရေးမုန်တိုင်းကြားထဲ ဓားခုတ်ရာ လက်ဝင်လျှိုမိသားဖြစ်သွားတဲ့
Alfred ရဲ့ အကြောင်းကို စမြင်ရပါလိမ့်မယ်။ သူ့အရှေ့မှာလည်း ဒီလိုပဲ
DC ရဲ့ Post-Crisis နဲ့ New 52 Comics ‌ဗားရှင်းတွေကို အခြေခံခဲ့တဲ့
Alfred ပါတဲ့ Gotham Series ရှိသေးပေမဲ့လည်း ခု Pennyworth စီးရီး
ကတော့ Post-Crisis Version ကိုပဲ အများဆုံးအခြေခံထားတဲ့ Alfred
ကိုပဲ အဓိက ဇာတ်အိမ်တည်ထားတာမို့ ရှေးခေတ်ဆန်ဆန် ဇာတ်အိမ်နဲ့
သူ့အကြောင်းချည်းပဲ တဝကြီး ကြည့်ရ၊ သူ့တော်ကီတွေ တဝကြီး
နားထောင်ရပါလိမ့်မယ်။ သူကိုယ်တိုင်ကလည်း ဗြိတိန်လေတပ်ထွက်ဆိုတော့
SH Series တစ်ခုအစား Spy Thriller စီးရီးတစ်ခု ကြည့်နေရသလိုကို အရသာရှိပါလိမ့်မယ်။

Post
Jack Bannon
Post
Ryan Fletcher
Post
Dorothy Atkinson
Post
Ben Aldridge
Post
Ramon Tikaram
Post
Emma Paetz
Post
Paloma Faith
Post
Harriet Slater
Post
Polly Walker
Post
Jason Flemyng
Post
Ian Puleston-Davies
Post
Simon Manyonda

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top