Mrs. Davis (2023)
7.3
Price - 800Ks
မြန်မာစာတန်းထိုး
Episode 1 - 8
Memory – 5 GB
Runtime : 57 min
Video Format : 1080 P
Genres : Comedy Series, Drama Series, Sci-Fi Series,

Trailer

ဒီဇာတ်ကားကတော့ မရိုးနိုင်တဲ့ quest တစ်ခုဖြစ်တဲ့ ယေရှုခရစ်တော်ရဲ့ သောက်တော်ရေခွက် ဟိုလီဂရေးကို လိုက်ရှာရတဲ့ ပုံစံမျိုးကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားတာက သူက Sci-fi ဆိုလည်း ဟုတ်နေပြန်တယ်။ အနာဂတ်မှာ လူတွေက ဖေ့စ်ဘုတ်တွေ၊ အင်စတာဂရမ်တွေ မသုံးတော့ဘဲ မစ္စစ်ဒေးဗစ်လို့ခေါ်တဲ့ အဲလ်ဂိုရစ်သမ်ကြီးတစ်ခုကို တစ်ကမ္ဘာလုံးက အသုံးပြုကြတယ်။
ဒီအဲလ်ဂိုရစ်သမ်ကြီးက ပြောရရင် ဘုရားလိုပဲ ဘာမှ မသိတာမရှိဘူး၊ လူတွေကို ပျော်အောင်ထားသလိုလိုနဲ့ ထိန်းချုပ်ထားတယ်ပေါ့။ သူ့မှာ တခြားဆိုရှယ်မီဒီယာတွေမှာ Blue mark ရသလိုမျိုး Wings ဆိုတာကို ရအောင်လုပ်ကြတဲ့ လူတွေ ရှိတယ်။ သူကလည်း သူခိုင်းချင်တယ်ဆိုရင် Wings နဲ့ ဆွဲဆောင်တာပေါ့။ လစ်ဇီက ဒီအဲလ်ဂိုရစ်သမ်ကြောင့် သူ့အဖေသေခဲ့ရတာဖြစ်တဲ့အတွက် ဒီဟာကြီး မကောင်းကြောင်းကို သိထားတဲ့သူ။
အဲဒါကြောင့် အဲလ်ဂိုရစ်သမ်ကို မသုံးဘဲ နေနေတဲ့ လူနည်းစုထဲမှာ ပါပြီး ဒီဟာကြီးကို ဘယ်လိုဖျက်ဆီးရမလဲ တွေးနေတဲ့သူ ဖြစ်တယ်။ ဖြစ်ချင်တော့ အဲဒီမစ္စစ်ဒေးဗစ်က သူ့ကို အမြဲလာလာဆက်သွယ်နေတယ်။ သူခိုင်းချင်တာ ရှိတဲ့အကြောင်း ပြောပေမဲ့ လစ်ဇီက အမြဲရှောင်တယ်။ နောက်တော့ အကြောင်းတိုက်ဆိုင်လာတာနဲ့ မရှောင်ဖြစ်တော့ဘဲ မစ္စစ်ဒေးဗစ်နဲ့ အပေးအယူတစ်ခုလုပ်ကြတယ်။ မစ္စစ်ဒေးဗစ်က လစ်ဇီကို ဟိုလီဂရေးကို လိုက်ရှာခိုင်းတယ်။ လစ်ဇီက သူရှာလို့တွေ့ရင် မစ္စစ်ဒေးဗစ်က ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးပစ်ရမယ်လို့ တောင်းဆိုတယ်။ သဘောတူတဲ့အတွက် လစ်ဇီဟာ ဆုံးစမြုပ်နေတဲ့ ဟိုလီဂရေးကို အပူတပြင်း လိုက်ရှာပါတော့တယ်

Post
Betty Gilpin
Post
Jake McDorman
Post
Andy McQueen
Post
Chris Diamantopoulos
Post
Katja Herbers
Post
Tom Wlaschiha
Post
Elizabeth Marvel
Post
Ely Henry
Post
Jack Foley
Post
Ben Chaplin
Post
David Arquette
Post
Mathilde Ollivier

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top