Harlan Coben’s Shelter (2023)
6.6
Price - 800Ks
မြန်မာစာတန်းထိုး
Episode 1 - 8
Memory – 6 GB
Runtime :
Video Format : 1080 P
Genres : Crime Series, Drama Series, Mystery Series,

Trailer

သည်းထိတ်ရင်ဖိုနဲ့ လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတွေရေးတဲ့ အမေရိကန်
စာရေးဆရာ Harlan Cobenရဲ့ “Shelter”ဆိုတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ်
အသက်သွင်းထားတဲ့ စီးရီးလေးလာပါပြီ။ ဆယ်ကျော်သက်ကျောင်းသား
တစ်စုရင်ဆိုင်ရမဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေကို အခြေတည်ထား
တာမို့ ဒါမျိုးပုံစံကြိုက်တတ်တဲ့သူတွေအတွက် အရမ်းကြည့်ကောင်းမဲ့စီးရီး
လေးပါ။
ဆယ်ကျော်သက်ကောင်လေးမစ်ကီဟာ ကားအက်ဆီးဒင့်တစ်ခုကြောင့်
အဖေကိုဆုံးရှုံးခဲ့ရပြီး အမေကိုလည်းဆုံးရှုံးလုဆဲဆဲအခြေအနေမှာ အဒေါ်
ဖြစ်သူရဲ့ယာယီအုပ်ထိန်းမှုနဲ့ သူ့အဖေနေခဲ့တဲ့ ခက်ဆယ်လ်တန်က အထက်
တန်းကျောင်းကို ပြောင်းလာရပါတယ်။ ခက်ဆယ်လ်တန်၊ ဟိုဘာ့လမ်းက
သရဲခြောက်တဲ့အိမ်ကြီးတစ်ကြီးမှာ လင်းနို့မိန်းမကြီးနေတယ်လို့ ယုံတမ်းပုံပြင်
တွေရှိပါတယ်။ တစ်ရက်ကျ အဲဒီမိန်းမကြီးနဲ့ မထင်မှတ်ဘဲဆုံလိုက်ရတဲ့ တ
ခဏမှာ လင်းနို့မိန်းမကြီးက “မစ်ကီ မင်းအဖေ မသေသေးဘူး အသက်ရှင်နေ
သေးတယ်”ဆိုပြီး ပြောလိုက်တော့ အဲဒီကတည်းကနေ မစ်ကီဟာ သူ့အဖေ
တကယ်ရောသေလို့လားဆိုတဲ့ သံသယတွေဝင်လာပြီး အဲဒီလင်းနို့မိန်းမကြီးနဲ့
ထပ်တွေ့ရဖို့ကြိုးစားပါတော့တယ်။
ထူးခြားတာတွေက ဒါတင်ပဲမဟုတ်သေးပါဘူး။ ကျောင်းပထမဆုံးတက်တဲ့နေ့က
သူနဲ့ခင်ခဲ့တဲ့ ကောင်မလေးဟာ စာမလာအကြောင်းမကြား၊ ချိန်းထားတဲ့နေရာကို
လည်းမလာဘဲ နောက်တစ်နေ့မှာပဲ ပျောက်ချင်းမလှပျောက်သွားပါတယ်။ ကောင်
မလေးဟာ သူ့အကြောင်းဘယ်သူမှရေရေရာရာမသိဘဲ တည်ရှိမှုတစ်ခုလုံးပျောက်
သွားသလိုမျိုးကို ဖြုတ်ခနဲပျောက်သွားတာပါ။ အဲလိုနဲ့ မစ်ကီဟာ လင်းနို့မိန်းမကြီး
ကိုရော အဲဒီကောင်မလေးကိုပါ သူ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ ရှာပုံတော်ဖွင့်ပြီး
စုံစမ်းပါတော့တယ်။ မထင်မှတ်ထားတဲ့ဇာတ်လမ်းလှည့်ကွက်တွေနဲ့ မစ်ကီတို့ကျောင်း
သားသုံးယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။

Post
Jaden Michael
Post
Constance Zimmer
Post
Adrian Greensmith
Post
Abby Corrigan
Post
Sage Linder
Post
Brian Altemus
Post
Lee Aaron Rosen
Post
Hunter Emery
Post
Jack Casey
Post
Antonio Cipriano
Post
Tovah Feldshuh
Post
Missi Pyle

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top