Dear Child (2023)
7.3
Price - 600Ks
မြန်မာစာတန်းထိုး
Episode 1 - 6
Memory – 5 GB
Runtime : 4 hour 46 min
Video Format : 1080 P
Genres : Crime Series, Drama Series, Mystery Series,

Trailer

Stockholm Syndrome ဆိုတာကတော့ ပြန်ပေးဆွဲခံရတဲ့သူတွေမှာဖြစ်တတ်တဲ့ စိတ်အခြေအနေတစ်မျိုးပါ။ ပြန်ပေးဆွဲခံရသူတွေက သူတို့ကို ပြန်ပေးဆွဲတဲ့သူတွေအပေါ် နားလည်ပေးပြီး ပြန်ပေးဆွဲတဲ့သူတွေ လိုချင်ရချင်တာကို ရအောင်ကူညီပေးတတ်တဲ့ အခြေအနေပါ။ ပြန်ပေးဆွဲသူနဲ့ ပြန်ပေးဆွဲခံရသူက ခပ်ဆင်ဆင်ဖြစ်လာတဲ့သဘောမျိုးလို့ပြောလို့ရပါတယ်။ ကိုယ့်ကိုပြန်ပေးဆွဲတာပဲကွာ ဘာလို့ကိုယ်က ပြန်ပေးဆွဲတဲ့သူကိုသနားရမှာလဲ မဖြစ်နိုင်ပါဘူးကွာလို့တော့ မထင်ပါနဲ့။ ပြန်ပေးဆွဲခံရတဲ့သူတွေရဲ့ ၈% လောက်က ဒီလို အခြေအနေမျိုးဖြစ်တတ်ကြပါတယ်။
 
ဒီဂျာမန် Mystery, Crime, Drama Series လေးက ပြန်ပေးဆွဲတဲ့ ဇာတ်လမ်းလေးပါ။ ရိုးရိုးပြန်ပေးဆွဲတဲ့ဇာတ်လမ်းတော့မဟုတ်ပါဘူး။
 
ဇာတ်လမ်းအစမှာ ပြန်ပေးဆွဲခံရတဲ့သူက ထွက်ပြေးလာတယ်။ ပြေးလာရင်း ကားတစ်စီးနဲ့ တိုက်မိတယ်။ သူ့ကို ကားနဲ့တိုက်မိတဲ့သူက ဆေးရုံကားခေါ်ပေးပေမဲ့ ဆေးရုံကားရောက်လာတဲ့အချိန်မှာတော့ ကားတိုက်ခံရတဲ့သူနဲ့ သူ့သမီးလို့ပြောတဲ့ ကောင်မလေးတစ်ယောက်ကိုပဲတွေ့ရတယ်။ ဒီအမှုကို ရဲတွေက ကားတိုက်ပြေးမှုလို့ပဲ ထင်ထားကြပေမဲ့ တိုက်ခံရတဲ့ အမျိုးသမီးက လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက ပျောက်ဆုံးသွားတဲ့ လူတစ်ယောက်နဲ့ ဆင်တူနေတာကို သိလိုက်ရတယ်။
 
နာမည်ကလည်း ဆင်တူနေတယ်။ ပျောက်နေတဲ့ အမျိုးသမီးရဲ့ မိဘတွေက ဆေးရုံကို ရောက်လာတဲ့အချိန်မှာတော့ ပျောက်သွားတဲ့ ကောင်မလေးနဲ့ ပုံစံချင်းတူနေပေမဲ့ သူတို့သမီးမဟုတ်တာကို သိလိုက်ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့သမီးလို့ ပြောတဲ့ကောင်မလေးကတော့ ပျောက်နေတဲ့ အမျိုးသမီးငယ်ငယ်ကပုံစံနဲ့ ချွတ်စွပ်တူနေတာကို တွေ့လိုက်ရပါတယ်။ ဒီကောင်မလေးက သူတို့ရဲ့ ပျောက်နေတဲ့သမီးနဲ့ တစ်ပုံစံတည်းတူနေတယ်… ကားတိုက်ခံရတဲ့ အမျိုးသမီးက သူ့အမေပါလို့ပြောတယ်။ ဒါပေမဲ့ ကားတိုက်ခံရတဲ့သူက အရင် ၁၃ နှစ်က ပျောက်နေတဲ့ အမျိုးသမီးမဟုတ်ဘူး။ အဲဒီတော့ ဘယ်လိုဖြစ်ရတာလဲ… အဖြစ်မှန်က ဘယ်လိုလဲ…
 
ဒီ Series က ၂၀၁၉ က ထွက်ခဲ့တဲ့ Dear Child ဆိုတဲ့ နာမည်တူ ဂျာမန်ဝတ္ထုကိုပဲ ပြန်ရိုက်ထားတာပါ။ဇာတ်လမ်းက အနည်းငယ်ကွဲလွဲတယ်ဆိုပေမဲ့ တိုက်ရိုက်နီးပါး ကူးယူထားပါတယ်။
 
ပထမပိုင်းကိုကြည့်ပြီး စိတ်ဝင်စားသွားရင်း နောက်ဆုံးပိုင်းကို ဘယ်လိုရောက်သွားလဲမသိ ကြည့်မိသွားရလောက်အောင် စိတ်ဝင်စားဖို့ကောင်းပါတယ်။ Mystery ဆန်ဆန် စုံထောက်ဇာတ်လမ်း ကြိုက်သူတွေ မကြည့်မဖြစ်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲမျိုးပါပဲ။

Post
Kim Riedle
Post
Naila Schuberth
Post
Sammy Schrein
Post
Hans Löw
Post
Haley Louise Jones
Post
Justus von Dohnányi
Post
Julika Jenkins
Post
Christian Beermann
Post
Seraphina Maria Schweiger
Post
Özgür Karadeniz
Post
Jeanne Goursaud

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top