Annika (2021)
7.2
Price - 1200Ks
မြန်မာစာတန်းထိုး
Season 1 - 2
Memory – 7 GB
Runtime :
Video Format : 1080 P
Genres : Crime Series, Drama Series, Mystery Series,

Trailer

2021 ခုနှစ်ထွက် စကော့တလန်အကောင်းဆုံးစီးရီးတွေထဲကတစ်ခုဖြစ်တဲ့ crime drama စီးရီးလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ BBC Radio4 ရဲ့ Annika Standhed ဆိုတဲ့ drama ပေါ်အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ Alibi နဲ့ All3Media မှာလွှင့်ဖို့ Black Camel Pictures ကနေထုတ်လုပ်ရိုက်ကူးထားတာပါ။ 2021 ခုနှစ် ဩဂုတ်လမှာစတင်ထုတ်လွှင့်ခဲ့ပါတယ်။
လက်ရှိ Series နှစ်ခုထုတ်လွှင့်ထားပြီး serie တစ်ခုမှာ episode ၆ ခုဖြစ်ပါတယ်။ Episode တစ်ခုစီတိုင်းမှာ အဓိကဇာတ်ကောင်များမပြောင်းလဲဘဲ သီးခြားဇာတ်အိမ်နဲ့ဖြစ်ပါတယ်။ ဇာတ်ဆောင်တွေအနေနဲ့ကတော့ Nikola Walker၊ Jamie Sives၊ Katie Leung၊ Kate Dickie၊ Ukweli Roach နဲ့ Silvie Furneaux တို့ကဦးဆောင်ပါဝင်သရုပ်ဆောင်ထားပါတယ်။
Series ရဲ့ဇာတ်အိမ်ကိုတော့ နော်ဝေနွယ်ဖွား စကော့တလန်ရေကြောင်းသေမှုသေခင်းဌာနက အမှုလိုက်အင်စပက်တာ အန်နစ်ကာစထရန်းဒက်တ် ရဲ့အမှုလိုက်ပုံတွေ၊ သမီးဖြစ်သူမော်ဂန်နဲ့ အပြန်အလှန်ဆက်ဆံရေးတွေအပေါ်အခြေခံပြီး အမှုတစ်မှုချင်းအလိုက် ဌာနတွင်းဆောင်ရွက်ပုံတွေအပေါ် ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ episode တိုင်းမှာ စကနေဆုံးတိုင် လက်လွှတ်ခံလို့မရတဲ့ ဇာတ်အိမ်ချိတ်ဆက်မှုတွေ၊ plot twist တွေပါတာဖြစ်တဲ့အတွက်ကြောင့် စိတ်ဝင်တစားကြည့်ရှူကြရမှာပါ။ အက်ရှင်ခန်းအသားပေး အကြမ်းပတမ်းတွေမပါပေမယ့် တကယ့်မှုခင်းတစ်ခုကို ဖြေရှင်းနေသလိုမျိုး လက်တွေ့နဲ့အနီးစပ်ဆုံးတင်ပြထားပေမယ့် အေးအေးလေးလေးနဲ့ ပရိသတ်ရဲ့ curiosity ကိုနှိုးဆွပေးတဲ့၊ ဇာတ်ရှိန်တစ်ရိပ်ရိပ်တက်လာတဲ့ဇာတ်မျိုးဖြစ်တဲ့အတွက် ကြည့်ရတာအတော်လေးအဆင်ပြေပါတယ်။ IMDb rating လည်း 7.1 ရထားတာဖြစ်တဲ့အတွက် မဖြစ်မနေကြည့်ထိုက်တဲ့ crime စီးရီးတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Post
Nicola Walker
Post
Jamie Sives
Post
Katie Leung
Post
Silvie Furneaux
Post
Ukweli Roach
Post
Kate Dickie
Post
Paul McGann
Post
Varada Sethu
Post
Sven Henriksen
Post
Hannah Donaldson
Post
Saskia Ashdown

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top