Ripe Town (2023)
8.2
Price - 1000Ks
မြန်မာစာတန်းထိုး
Episode 1 to 12
Memory – 7GB
Runtime : 58 min.
Video Format : 720P
Genres : Crime Series, Drama Series, Mystery Series,

Trailer

ကဲ တရုတ်ဇာတ်ကားတွေထဲက အခုနှစ်တွေမှာ အဆင့်မြင့်လာတယ်လို့
ပြောရလောက်အောင်ကို ဇာတ်လမ်းဇာတ်အိမ်တွေကအစ
ဆွဲဆောင်မှုရှိလာတာ တွေ့ရမှာပါ။ အခုလည်း တရားမျှတမှုကို မရလို့
ကိုယ်တိုင် တရားစီရင်ပေးတဲ့အကြောင်းကို တွေ့ရမယ့် ဇာတ်ကားပါ။
နာမည်က 繁城之下 Ripe Town လို့ခေါ်တယ်။
ဇာတ်လမ်းကို မင်မင်းဆက်ခေတ် ဝမ့်လိဧကရာဇ်
萬曆皇帝 ၃၇ နှစ်မြောက်အချိန်မှာ စတင်ထားပါတယ်။
ဝမ့်လိဧကရာဇ် နန်းသက် ၃၇ နှစ်မြောက်ကာလ ကျန်းနန်ဒေသက
ရှေးဟောင်းမြို့လေးမှာ ကွင်းစက်လူသတ်မှုတွေ ဆက်တိုက်ပေါ်ပေါက်လျက်ရှိတယ်။

သေဆုံးမှုတွေထဲမှာ လူအမျိုးမျိုး ပါဝင်နေပြီး သေဆုံးသူတွေ တစ်ယောက်နဲ့
တစ်ယောက်ကလည်း အဆက်အစပ် မရှိကြဘူး။ အဲ့ဒါထက် ထူးဆန်းတာက
သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထား
ပုံစံအမျိုးမျိုးနဲ့ သတ်ဖြတ်ပြီး ချန်ထားခဲ့တာပါပဲ။ ဒါ့အပြင် မှုခင်းဖြစ်တဲ့နေရာမှ
ာ စီရင်ချက်ချလိုက်ကြောင်း စာတစ်ကြောင်းကို ချန်ရစ်ထားခဲ့လေ့ ရှိပါတယ်။
အလုပ်သင်အနေနဲ့ ပထမဆုံးမှုခင်းကို ကိုင်တွယ်နေရတဲ့ ရဲမက်ဗိုလ်လေး ချွီဆန်းကန်းဟာ
သူ့ထက်ဝါနုတဲ့ တွဲဖက်တစ်ယောက်နဲ့အတူ ဒီအမှုတွေကို စုံစမ်းစစ်ဆေးရပါတော့တယ်။
အမှုက နက်ရှိုင်းလာတာနဲ့အမျှ ဟိုးအခြေခံ လယ်သမားလူတန်းစားကစလို့
သူဌေးသူကြွယ်ကနေ ရာထူးအာဏာရှိတဲ့ မှူးမတ်တွေနဲ့ပါ ဆက်နွယ်နေတာကို
သူတို့ သိလာကြတယ်။ ဒီအမှုဟာ အခုမှစတာ မဟုတ်ပဲ
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက အဖြစ်အပျက်တွေနဲ့ ပတ်သတ်နေခဲ့တယ်။
ကျူးလွန်သူကလည်း အသေအချာကို စီစဉ်ပြီးမှ လူသတ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း တွေ့ရတယ်။
ဒါဆို လူသတ်သမားက ဘယ်သူဖြစ်မလဲ ?
သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ ? ဒါတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။
အညွန်းကို 天下第一 (ထျန်းရှတိယိ) FaceBook Page မှပြန်လည်ကူးယူဖေါ်ပြပါတယ်

Post
Bai Yu Fan
Post
Julia Xiang
Post
Ning Li
Post
Liu Yi Tong
Post
Zeng Li
Post
Zhang Hao Wei
Post
Yu Yao
Post
Wang Ce
Post
Sun Bin
Post
Cao Zheng
Post
Jiang Yi Ming
Post
Ge Si
Post
Niu Bao Jun
Post
Du Du
Post
Zhang Xi Lin
Post
Yu Xin He
Post
Guo Hao Lun
Post
Han Shuo
Post
Jiang Jian
Post
Liu Zhan Kui
Post
Osmond Zheng
Post
Bai Hai Tao
Post
Lu Zi Hang
Post
Leng Hai Ming
Post
Fang Xiao Li
Post
Sun Wei
Post
Ren Xi Hong
Post
Long De
Post
Gao Yi
Post
Feng Xiang
Post
Yang Chao Wei
Post
Wei Zhi Qiang
Post
Wang Ming Hui
Post
Wu Bin
Post
Wang Lu
Post
Sun Zheng Yu

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top