Gaslit (2022)
7.3
Price - 800Ks
မြန်မာစာတန်းထိုး
Episode 1 to 8
Memory – 6 GB
Runtime : 40min
Video Format : 720P
Genres : Drama Series, Political Series,

Trailer


အဓိကဇာတ်လိုက် မာသာမစ်ချယ်​နေရာမှာ သရုပ်​ဆောင်ထားသူက​တော့
ဝါရင့်မင်းသမီးကြီး ဂျူလီယာ​ရောဘတ်ပဲဖြစ်ပြီး
​ရှေ့​နေချုပ်ဂျွန်မစ်ချယ်အဖြစ် Mystic River, Milkတို့ရဲ့မင်းသား၊ Into The Wildရဲ့ဒါရိုက်တာ ​ရှောင်ပင်းလို
ဝါရင့်သမ္ဘာရင့်​တွေက ဦး​ဆောင်ပါဝင်ထားပါတယ်။
ဝါးတားဂိတ်အရှုပ်​တော်ပုံဆိုတာ သမ္မတနစ်ဆင်လက်ထက်
၁၉၇၂ခုနှစ်ရဲ့ရွေး​ကောက်ပွဲမတိုင်ခင် ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်၊
၁၉၆၈​ ရွေး​ကောက်ပွဲ အနိုင်ရသူအဖြစ် သမ္မတဖြစ်လာတဲ့ရစ်ချက်နစ်​ဆင်ဟာ
၁၉၇၂မှာ ဒုတိယသမ္မတသက်တမ်းအတွက် ထပ်မံ အ​ရွေးခံခဲ့ပါတယ်၊
ဒီတစ်ကြိမ်မှာလည်း ​သူပဲ ထပ်ပြီးအနိုင်ရမယ်လို့ ထင်​ကြေး​ပေး​ခံထားရတာပါ၊
ဒါ​ပေမဲ့ သမ္မတရာထူးအတွက် အတိမ်းအ​စောင်းအဖြစ်မခံနိုင်ခဲ့တဲ့ သူဟာ
​ခြေဥ​ဖောက်တဲ့ ဥပ​ဒေမဲ့လုပ်ရပ်​တွေကို ကျူးလွန်ခဲ့ပါတယ်။
ဒါက​တော့ သူဖွဲ့စည်းထားတဲ့ သမ္မတပြန်​ရွေး​ကောက်ခံ​ကော်မတီမှတဆင့်
သူ့ရဲ့ သမ္မတအင်အားနဲ့ ပြိုင်ဖက်ပါတီဖြစ်တဲဲ့ ဒီမိုကရက်တစ် ပါတီအ​ပေါ် အဖျက်အ​မှောင့်မျိုးစုံလုပ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်၊
အဆိုပါ လုပ်ငန်း​တွေဟာ ၁၉၇၂ခု ဇွန်လ ၁၇ရက်မှာ ဒီမိုကရက်တစ်​ နေရှင်နယ်​ကော်မတီရဲ့ ရုံးချုပ်ဖြစ်တဲ့
ဝါးတားဂိတ်အ​ဆောက်အအုံတွင်း အသံဖမ်းစက်တပ်ပြီး သတင်းရယူဖို့ ကြိုးစားခဲ့တဲ့ လူ၅​ယောက်ကိုဖမ်းဆီးမိခဲ့ရာမှ
တစ်စငင် တစ်စင်ပါ ဆိုသလို နစ်ဆင်နဲ့ လက်​အောက်ငယ်သား​တွေရဲ့ ကျင့်ဝတ်​ဖောက်ခဲ့မှု​တွေ တန်းစီ​ပြီး ပေါ်လာခဲ့ပါတယ်၊
ရစ်ချက်နစ်ဆင်ဟာလည်း ထိုအ​ရေး​ကြောင့် အ​မေရိကန်သမ္မတ​တွေထဲမှာ
ပထမဆုံးနဲ့တစ်ဦးတည်း​သော သမ္မတရာထူးမှ နှုတ်ထွက်​ပေးခဲ့ရသူ ဖြစ်လာခဲ့ပါတယ်။
အထက်မှာ မိတ်ဆက်​​​ပေးခဲ့တဲ့ ​​ယူအက်စ်ရှေ့​နေချုပ်ကြီး ဂျွန်မစ်ချယ်က နစ်ဆင်ရဲ့ ပြန်ရွေး​ကောက်ခံ​ ကော်မတီခေါင်း​ဆောင်ပါ၊
သူကမှ တဆင့် မဲဆွယ်ကာလ အဖျက်လုပ်ငန်း​တွေကို လုပ်ဆောင်သွားတာပါ၊
သူ့ရဲ့ဇနီး မာသာမစ်ချယ်က​​​​ ပွင့်လင်းလွန်းသူ၊ ပါးစပ်စည်းမ​စောင့်တတ်သူအဖြစ် နိုင်ငံ​ရေးအသိုင်းအဝိုင်းမှာ ​နာမည်ကြီးပါတယ်၊
အတည်မပြုနိုင်​သေးတဲ့ တချို့သတင်း​တွေအရ ဝါးတားဂိတ်အရှုပ်​တော်ပုံကို သဲလွန်စ,စရခဲ့တာ
သူ့ရဲ့အင်တာဗျုးကဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ဒီစီးရီးမှာ​တော့ နစ်ဆင်နဲ့ သူရဲ့မဲဆွယ်​ကော်မတီတို့ ဒီမိုကရက်တစ်ပါတီကို ဘယ်လို နည်းလမ်း​တွေနဲ့ ​နှောင့်ယှက်ခဲ့သလဲ၊
နိုင်ငံတစ်နိုင်ငံရဲ့ အမြင့်ဆုံး ရာထူးရှင်​တွေကြား အားပြိုင်မှု​​က ဘယ်​လောက်ထိပြင်းထန်လဲ၊
နိုင်ငံ​ရေး လှည့်ကွက်​တွေကို ဘယ်လို အပြိုင်အဆိုင်သုံးကြမလဲဆိုတာ အ​သေးစိတ် မြင်​တွေ့ရမှာပါ၊
ဒါ့အပြင် မာသာမစ်ချယ်တို့ဇနီး​မောင်နှံရဲ့ အိမ်​ထောင်​ရေးပြဿနာ၊
သူ့ရဲ့နှုတ်ဖွာမှုနဲ့ အထက်လူကြီး​တွေကြားက အမုန်း အာဃာတ၊ စတာ​တွေကို
ရသစုံကြည့်ရှုခံစားရမယ့် သုတ၊ရသ ​၂ခုလုံး​​ကို ပေးနိုင်မယ့် ဇာတ်လမ်းတွဲ​ကောင်းပဲ ဖြစ်ပါတယ်၊
တကယ်လို့ သင်က ဖြစ်ရပ်မှန်​တွေ စိတ်ဝင်စားတယ်၊
နိုင်ငံ​ရေးသမိုင်း​ကြောင်းနဲ့ ​နောက်ကွယ်က ဖြစ်ရပ်​တွေကြိုက်တယ်ဆိုရင် ဒီဇာတ်လမ်းတွဲက သင့်အတွက်ပါပဲ။

Post
Julia Roberts
Post
Sean Penn
Post
Betty Gilpin
Post
Darby Camp
Post
Martha Kelly
Post
Chris Messina
Post
Anne Dudek
Post
Carlos Valdes
Post
Scott Michael Morgan

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top