Warrior Nun (2020)
7.0
Price - 2000Ks
မြန်မာစာတန်းထိုး
Season 1 - 2
Memory – 9 GB
Runtime :
Video Format : 1080 P
Genres : Action Series, Drama Series, Fantasy Series,

Trailer

ပရိတ်သတ်တို့ ပတ်ဝန်းကျင်မှာ ခရစ်ယာန်သီလရှင်တွေကို မြင်ဖူးပါသလား..
ခရစ်တော်ရဲ့ တရားဓမ္မနဲ့ ပျော်မွေ့တဲ့ မေတ္တာတရားပိုင်ရှင်
အေးချမ်းတဲ့မျက်နှာလေးတွေနဲ့ သီလရှင်လေးတွေပေါ့….
ဒါပေမယ့် ဒီဇာတ်လမ်းမှာ ပါဝင်တဲ့ သီလရှင်လေးကတော့
ကမ္ဘာပေါ်ရောက်လာတဲ့ နတ်ဆိုးတွေကို တိုက်ထုတ်ရင်း
ဘုရားသခင်ကို ရွပ်ရွပ်ချွံချွံ အမှုတော်ထမ်းမယ့်
စစ်သည်တော်သီလရှင်လေးပါ။
သူကတော့ အေဗာ တဲ့…..
အသက် ၁၉ နှစ်အရွယ် အေဗာလေးဟာ
ရုတ်တရက်သေဆုံးသွားပြီး
ရင်ခွဲရုံထဲ ရောက်သွားခိုက် ရုတ်တရက်
သေရွာပြန်အဖြစ်နဲ့ ပြန်လည် နိုးထလာတဲ့အခါ………
တဖန်ပြန်လည်ရှင်သန်ခြင်းနဲ့အတူ ငရဲဘုံရော ကောင်းကင်ဘုံကပါ
အသည်းအသန်လိုချင်နေတဲ့ အစွမ်းတွေက
သူ့ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တဲ့အခါ…..
တစ်ဖက်မှာလည်း ဘုန်းတော်ကြီးတွေ စစ္စတာတွေနဲ့ ဖွဲ့စည်းထားတဲ့
ဘာသာရေးဂိုဏ်းက အေဗာ့ဆီရောက်သွားတဲ့
စွမ်းအင်ကို အသည်းအသန်လိုက်ရှာရင်း အဲဒီစွမ်းအင်ကို အနံ့ခံမယ့်
နတ်ဆိုးတွေကို တိုက်ခိုက်ဖို့ ကြိုးစားရင်း
ခေါင်းမီးတောက်နေကြရတာပါ။
အဲဒီအစွမ်းကို လိုက်ရှာပြီး ထိုက်တန်သူလက်ထဲ
အပ်နှင်းရမယ့်တာဝန်ကလည်း ရှိနေတာကိုး…
ဒီတော့ ကောင်းကင်ဘုံ လူ့ဘုံ နဲ့ ငရဲဘုံ ဆုံချက် ၃ ခုအလယ်မှာ
ပစ်မှတ်ဖြစ်နေတဲ့ အေဗာလေးမှာ ဘာတွေ ဆက်ဖြစ်လာမှာလဲ
ဘုရားသခင်ရဲ့ စစ်သည်တော်တွေကရော စွမ်းအင်ကို
ပြန်ရှာတွေ့မှာလား….
ငရဲဘုံက နတ်ဆိုးတွေကပဲ စွမ်းအင်ကို အနံ့ခံပြီး ရရှိသွားကြမှာလား
ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်ပြီး
ကြည့်လိုက်ရအောင်နော်…။
ဒီဇာတ်လမ်းက ဘာသာရေး၊ ဒဏ္ဍာရီအယူအဆတွေ၊
အက်ရှင်တွေ အားလုံး ပါဝင်ရောပြွန်းနေတဲ့
ဇာတ်လမ်းတွဲ အလန်းလေးမို့ ကြည့်ရကျိုးနပ်မယ်လို့
ယုံကြည်ပါတယ်။ 

Post
Alba Baptista
Post
Kristina Tonteri-Young
Post
Lorena Andrea
Post
Tristán Ulloa
Post
Thekla Reuten
Post
Olivia Delcán
Post
Sylvia De Fanti
Post
Peter De Jersey
Post
Joaquim de Almeida
Post
William Miller
Post
Toya Turner
Post
Meena Rayann

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top