ဒီမိသားစု ဒရာမာရုပ်ရှင်လေးက IMDb 6.4 အထိရရှိထားပါတယ်။
ဗာရွန်ဆိုတဲ့ အိန္ဒိယအမျိုးသားကြီးတစ်ယောက်မှာ ရေးဗားလို့ခေါ်တဲ့ Transgender သားတစ်ယောက်ရှိပါတယ်။ ရေးဗားက ၊အမျိုးသမီးအဖြစ်ကနေ အမျိုးသားအဖြစ်ကို ပြောင်းလဲထားတာပါ။
ရေးဗားရဲ့အမေဟာ ရေးဗားကိုမွေးမွေးပြီးချင်း တစ်နှစ်အတွင်းမှာပဲ ဗာရွန်နဲ့ ရေးဗားတို့ သားအဖနှစ်ဦးကို ပစ်ပယ်သွားခဲ့သူပါ။ တစ်ရက်မှာတော့ ‌ဒီအမျိုးသမီးဟာ ဗာရွန်ဆီကိုဆက်သွယ်လာပြီး သူမကို eSwatini လို့ခေါ်တဲ့ တောင်အာဖရိကက မြို့ငယ်လေးတစ်ခုက ပြန်လည်ထူထောင်ရေးဆေးခန်းမှာ လက်ရောက်ခေါ်ဆောင်ပေးဖို့ အကူအညီတောင်းလာပါတော့တယ်။ ဒီလိုနဲ့ ရည်းစားဟောင်းဖြစ်သူ ရေးဗားရဲ့အမေကို မမေ့နိုင်တဲ့ဗာရွန်ဟာ သားဖြစ်သူကိုရအောင်စည်းရုံးပြီး မိုင်ပေါင်းရာချီဝေးတဲ့ eSwatini မြို့ကို ဗန်ကားလေးနဲ့ သားအဖနှစ်ယောက် ခရီးထွက်ကြပါတော့တယ်။
ဒီရုပ်ရှင်လေးထဲမှာတော့ Transgender အဖြစ်ခံယူခဲ့တဲ့ သားဖြစ်သူ ရေးဗားအပေါ်ထားတဲ့ အိန္ဒိယလူမျိုးကြီး ဗာရွန်ရဲ့ နားလည်မှု၊ ဖေးမကူညီမှု၊ မိဘနဲ့သားသမီးအကြားက သံယောဇဉ် ချစ်ခြင်းတွေကိုရိုက်ပြထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးကြည့်ရှုသင့်တဲ့ရုပ်ရှင်လေးဖြစ်ပါတယ်။

Post
Ace Bhatti
Post
Gabe Gabriel
Post
Kathleen Stephens
Post
Rob van Vuuren
Post
Paul Snodgrass
Post
Diaan Lawrenson

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top