Poong, The Joseon Psychiatrist (2022)
8.0
Price - 2000Ks
မြန်မာစာတန်းထိုး
Season 1 - 2
Memory – 24 GB
Runtime : 1 hr. 15 min
Video Format : 720P
Genres : Historical Series, Mystery Series, Romance Series, Medical Series,

Trailer

ဒဏ္ဍာရီလာအစွမ်းတွေကို ပိုင်ဆိုင်ထားသလား ထင်မှတ်ရအောင်
ဆေးပညာနဲ့ပတ်သက်ရင် ကျွမ်းကျင်လွန်းလှတဲ့ နန်းတွင်းသမားတော်လေး Yoo Se-Poong ဟာ
နန်းတော်တစ်ဝှမ်းမှာ ဂုဏ်သတင်းမွှေးပျံ့တဲ့သူပါ

သို့သော်လည်း နန်းတွင်းအရှုပ်တော်ပုံပေါ်ပေါက်လာပြီးတဲ့နောက်မှာတော့ Yoo Se-Poong ရဲ့ စန်းကျချိန်ကို ရောက်ရှိလာပြီး
“တော်ဝင်မိသားစုကို ဆန့်ကျင်ပုန်ကန်သူ”အနေနဲ့ စွပ်စွဲခံရကာ နန်းတော်တွင်းကနေ နှင်ထုတ်ခံလိုက်ရပါတယ်
နယ်နှင်ဒဏ်အနေနဲ့ Sorak ရွာလေးကို ရောက်ရှိလာခဲ့တဲ့ နန်းတွင်းသမားတော်လေး Se-Poong ဟာ
Seo Eun Woo နဲ့ Gye Ji Han တို့ကို တွေ့ဆုံပြီးတဲ့နောက်မှာတော့
ဂျိုဆွန်းခေတ်လူနာတွေရဲ့ ရုပ်ပိုင်းဆိုင်ရာရောဂါများသာမက စိတ်ပိုင်းဆိုင်ရာရောဂါခံစားမှုများကိုပါ
ကုသပေးနိုင်တဲ့သမားတော်တစ်ယောက် ဖြစ်လာပါတော့တယ်
“ပျော်ရွှင်မှုဆေးညွှန်း”ဆိုတဲ့ စကားစုလေးလို လူနာတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး
Yoo Se-Poong ရဲ့ ကုသပုံတွေကို ဂျိုဆွန်းခေတ်သဘာဝနဲ့အတူ ကြည့်ရှုခံစားနိုင်မယ့်အပြင်
Se-Poong တစ်ယောက် နန်းတွင်းအရှုပ်တော်ပုံနဲ့ ပတ်သက်တဲ့အမှန်တရားကို
ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါပဲ
Yoo Se-Poong အနေနဲ့ Dali and Cocky Prince ထဲက မင်းသား Kim Min-Jae က ပါဝင်သရုပ်ဆောင်ထားပြီး
မင်းသမီး Kim Hyang Gi နဲ့ မင်းသားကြီး Kim Sang-Kyung တို့က တွဲဖက်သရုပ်ဆောင်ထားပါတယ်
အပတ်စဉ် အင်္ဂါ နဲ့ ဗုဒ္ဓဟူးနေ့များမှာ တင်ဆက်ပေးသွားမှာ ဖြစ်ပြီးတော့
စုစုပေါင်း ၁၂ ပိုင်း ပါဝင်မှာပဲ ဖြစ်ပါတယ်။
အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့

ဘာသာပြန်ထားတာကတော့ Hmwe, Ryuu, Laii, Cali, Shin  တို့ပဲ ဖြစ်ပါတယ်။

Post
Kim Min Jae
Post
Kim Hyang Gi
Post
Kim Sang Kyung
Post
Yoo Sung Joo
Post
Jung Won Chang
Post
Kim Soo An
Post
Han Chang Min
Post
Lee Seo Hwan
Post
Ahn Chang Hwan
Post
Kim Hyung Mook
Post
Kim Hak Seon
Post
Oh Kyung Joo
Post
Jeon Guk Hyang
Post
Yeon Bo Ra
Post
Kim Joo Ryoung
Post
Nam Hyun Woo

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top