ရူပါနဲ့အာဂျေးဟာ မိဘချင်း‌ပေးစားလို့ အကြောင်းပါခဲ့တာဆိုပေမဲ့ အများအမြင်မှာတော့ သိပ်ချစ်ကြတဲ့ဇနီးမောင်နှံပေါ့။
ဒီလိုနဲ့ မင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်မှာ ရူပါအတွက် အာဂျေးက အံ့အားသင့်စရာလေးစီစဉ်ပြီးတော့ ရမ်နာဂါက
The Nestဆိုတဲ့တိုက်ခန်းကိုလာခဲ့ဖို့ခေါ်တာပေါ့။ ဒါပေမဲ့ နောက်တစ်နေ့မနက်မှာပါလာတဲ့သတင်းကတော့
သူတို့ရဲ့အသိမိတ်ဆွေအားလုံးအတွက် အံ့အားသင့်စရာဖြစ်သွားတာပါ။ ဒီသတင်းကတော့ အာဂျေးတစ်ယောက်
နှစ်ပတ်လည်နေ့စပရိုက်စ်တိုက်နေတုန်း တိုက်ပေါ်ကခြေချော်ကျပြီး ဆုံးသွားပါပြီတဲ့။
မတော်တဆမှုတစ်ခုနဲ့ ဒီအမှုကိုပိတ်လိုက်ပေမဲ့ အာဂျေးရဲ့အသိုင်းအဝိုင်းကတော့ မကျေနပ်ကြပါဘူး။
ဒီကြားထဲကမှ အရက်ဘားတစ်ခုမှာ ရည်းစားဟောင်းနဲ့ပျော်ပါးနေတဲ့ပုံကိုမြင်လိုက်တော့ ညီမဝမ်းကွဲဖြစ်တဲ့ ဗိုင်ရှနာဗီက
အာဂျေးရဲ့အခန်းမှာရှာဖွေရင်းနဲ့ အာဂျေးရဲ့ဒိုင်ယာရီစာအုပ်ကိုတွေ့သွားပါတော့တယ်။
အထဲမှာလည်း အိမ်ထောင်သက်တမ်းတစ်လျှောက် ကိုယ်ရောစိတ်ပါ
ညှင်းပန်းခံနေရသယောင်အရေးအသားတွေကြောင့် ဒိုင်ယာရီကို သက်‌သေအနေနဲ့ တရားရုံးကို
တင်သွင်းလိုက်အပြီးမှာ အာဂျေးရဲ့သေဆုံးမှုကို ပြန်စစ်ဆေးဖို့တာဝန်က အင်စပက်တာရာဂျိဗ့်ရဲ့ပခုံးပေါ်ရောက်လာပါတော့တယ်။

Post
Spandana Palii
Post
Vamsi Kotu
Post
Yug Ram
Post
Vazeer Ishaan
Post
Udhay Pulime

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top