Lost in Space
7.9
Price - 1500Ks
မြန်မာစာတန်းထိုး
Episode 1 - 2
Memory – 8GB
Runtime : 1h
Video Format : 720P
Genres : Adventure Series, Drama Series, Family Series,

Trailer

Lost in Space Series တွေကို ပြန်လည်ဆန်းသစ်ရိုက်ထားထားတာဖြစ်ပြီးLost in Space Series တွေကို ပြန်လည်ဆန်းသစ်ရိုက်ထားထားတာဖြစ်ပြီး
အဓိကဒါရိုက်တာကလည်း Game of throne Series မှာ Blackwater နဲ့
The Watchers on the Wall episodes တွေနဲ့ နာမည်ကြီးခဲ့တဲ့
ဒါရိုက်တာ Niel Marshall ဖြစ်နေတာကြောင့်
လူအများစိတ်ဝင်တစားနဲ့ မျှော်လင့်နေခဲ့တဲ့စီးရီးလေးပါ။
အခုထုတ်လွှင့်ပြီးတော့လည်း အောင်မြင်မှုရတာကြောင့်
တစ်လအတွင်းမှာ Season-2 ဆက်လက်ရိုက်ကူးဖို့ကိုလည်း အတည်ပြုလိုက်ပါပြီ။
ဇာတ်လမ်းအကျဉ်းလေးကတော့………………
လူသားတွေက အသိဉာဏ်ရှိတဲ့သတ္တဝါတွေဖြစ်တာကြောင့် ကျောက်ခေတ်ကနေစပြီး
တဖြည်းဖြည်းနဲ့ တိုးတက်ပြောင်းလဲလာခဲ့အတွက် ခေတ်မှီတိုးတက်လာခဲ့သလို
နည်းပညာတွေလည်း တိုးတက်လာခဲ့ပါပြီ။
ဒါပေမယ့် လူဦးရေတိုးတက်လာတဲ့အမျှ ကမ္ဘာမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေ
ငတ်မွတ်ခေါင်းပါးမှုတွေ စစ်ပွဲတွေ စတာတွေကြောင့် ကမ္ဘာကြီးဟာတစ်ဖြည်းဖြည်းနဲ့
နေပျော်စရာမကောင်းတော့ပါဘူး။
ဒါကြောင့် ခေတ်သစ်သိပ္ပံပညာရှင်တွေရဲ့ ခြေလှမ်းဟာ စကြာဝဠာထဲက
နောက်ထပ် အခြေချနေထိုင်လို့ရမယ့် ဂြိုလ်တွေ ရှာဖွေရေးဖက်ကို ဦးတည်လုပ်ဆောင်လာခဲ့ရင်းနဲ့
ကမ္ဘာနဲ့အလှမ်းဝေးလှတဲ့ စကြာဝဠာတစ်နေရာမှာ လူသားတွေအခြေချနေထိုင်နိုင်တဲ့
ကောင်းကင်ဘုံလို့တောင် တင်စားနိုင်တဲ့ နယ်မြေလေးတစ်ခုတွေ့ရှိလာခဲ့ပါတယ်။
“အယ်လ်ဖာရာစုသစ်”လို့ နာမည်ပေးထားပြီး ဒီဂြိုလ်ဆီကို သင့်တော့်မယ့်လက်ရွေးစင်လူတွေကို
“ရီဆောလုဒ်” အာကာသယာဉ်ကြီးနဲ့ ပို့ဆောင်ပြောင်းရွေ့ပေးနေပါတယ်။
အခုဆိုရင် ဒီလိုပို့ဆောင်ပေးနေတာ ၂၄ကြိမ်မြောက်အထိတောင် ရှိလာပါပြီ။
၂၄ကြိမ်မြောက်ခရီးမှာ ရော်ဘင်ဆန်တို့မိသားစုလည်း ပါလာပါတယ်။
ရော်ဘင်ဆန်တို့မိသားစုဟာ သာမန်မိသားစုလေး မဟုတ်ပါဘူး
အဖေဖြစ်တဲ့ ဂျွန်-ရော်ဘင်ဆန်က အာဂဖန်စစ်ပွဲတွေမှာ ဦးဆောင်တိုက်ခိုက်ဖူးတဲ့ စစ်မှုထမ်းတစ်ဦး။
အမေဖြစ်တဲ့ မော်ရင်းန်-ရော်ဘင်ဆန်က ဒုံးပျံသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး
သိပ္ပံပညာနဲ့ ပတ်သတ်ရင်နှ့ံစပ်ကျွမ်းကျင်တဲ့သူပါ။
သမီးကြီးဖြစ်တဲ့ ဂျူဒီ-ရော်ဘင်ဆန်က အသက် ၁၈ နှစ်နဲ့
ဆရာဝန် ဖြစ်လာအောင်တော်သူဖြစ်ပြီး
သမီးငယ် ပန်နီ-ရော်ဘင်ဆန်် -ကစာရေးဆရာမဖြစ်ချင်နေတဲ့ စာပေနှံ့စပ်သူဖြစ်သလို
သား ဝီလ်-ရော်ဘင်ဆန် ကလည်း သူ့အမေလို သိပ္ပံပညာကျွမ်းကျင်ပြီး
စိတ်ထားနူးညံ့တဲ့ကလေးလေးတစ်ဦးပါ..
သူတို့လိုက်ပါလာတဲ့ ရီဆောလုဒ်ယာဉ်ကြီးကို လမ်းခရီးတစ်ဝက်မှာ အတိုက်ခိုက်ခံရတဲ့အခါ
အရမ်းကို ကျယ်ပြန့်နက်ရှိုင်းလာတဲ့ အာကာသထဲမှာ
ဘယ်လိုများ ခရီးဆက်ကြမလဲ..
စက်ရုပ်ကြီးနဲ့
ဝီလ်ရော်ဘင်ဆန်တို့ရဲ့ သူငယ်ချင်းသံယောဇဉ်ကို ဝမ်းနည်းဖွယ် စိတ်လှုပ်ရှားဖွယ်တွေ့မြင်ရမှာပါ….
လူယောက်နဲ့စက်ရုပ်တစ်ရုပ်ဟာ ခံစားချက်ခြင်းမတူကြပါဘူး…
ဒါပေမယ့် တူတာတစ်ခုတော့ရှိပါတယ်…
အဲဒါကတော့ သူငယ်ချင်းဆိုတဲ့ တွယ်တာတတ်တဲ့သံယောဇဉ်တစ်ခုပါ…
ဒါကို ဒီ Lost In Space စီးရီးလေးက လူတိုင်းရဲ့ရင်ထဲထိရောက်အောင်
အကောင်းဆုံးဖော်ပြသွားခဲ့ပါတယ်…
တစ်ပိုင်းချင်းစီကို စိတ်ဝင်စားမှု့အပြည့်နဲ့ကြည့်ရမှာမို့ ကြည့်မယ်လို့စဉ်းစားနေတဲ့သူများ
တွေဝေမနေပါနဲ့…..ကြည့်လိုက်ကြပါ…

Post
Toby Stephens
Post
Molly Parker
Post
Maxwell Jenkins
Post
Mina Sundwall
Post
Parker Posey
Post
Ajay Friese
Post
Zehra Fazal
Post
Molly ParkerTaylor Russell
Post
Mina SundwallIgnacio Serricchio
Post
Brian Steele
Post
Raza Jaffrey
Post
Amelia Burstyn
Post
Shaun Parkes
Post
Yukari Komatsu

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top