အီယူရီဆိုတဲ့ကလေးမလေးကအတန်းထဲမှာစံပြကျောင်းသူတစ်ယောက်ဖြစ်ပေမယ့်
တင်းကြပ်လွန်းတဲ့သူမအမေဖြစ်သူကြောင့်သူငယ်ချင်းတစ်ယောက်မှမရှိသူပါ
ဒါပေမယ့်တစ်နေ့မှာတော့အိုင်ဒေါလ်ဖြစ်ဖို့ကြိုးစားနေတဲ့သင်တန်းသူမလေး ယယ်နာနဲ့တွေ့ပြီးသူငယ်ချင်းဖြစ်သွားပါတော့တယ်
ဂျစ်ပစီမလေးယယ်နာနဲ့ယူရီက အကျင့်စရိုက်ချင်းကွာခြားပေမယ့်အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပြီးတဲ့နောက်မှာရုတ်တရက်ယူရီကသေဆုံးသွားခဲ့ပါတယ်
စုံထောက်တွေအနေနဲ့ယူရီသေဆုံးရတဲ့အကြောင်းအရင်းကိုလိုက်ရှာတဲ့အခါမှာ ယူရီဟာဘာကြောင့်သေဆုံးသွားသလဲ
ဘယ်သူတွေပါဝင်ပက်သက်နေသေးလဲ ယယ်နာကရောယူရီရဲ့သေဆုံးမှုမှာပါဝင်နေမလားဆိုတာကြည့်လိုက်ကြရအောင်
သားသမီးတွေကိုကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပဲအဆိပ်တွေပေးနေမိမှန်းမသိတဲ့မိဘတွေလည်းရှိပါတယ်
ပညာပေးကားလေးလည်းဖြစ်တာမို့ နောင်တစ်ချိန်မိဘဖြစ်လာမယ့်လူငယ်တွေ‌ရော
လက်ရှိမှာမိဘဖြစ်နေတဲ့သူတွေရောကြည့်ရှုသင့်တဲ့ကားလေးပါ

Post
Choi So-Yoon
Post
Oh Tae-kyung
Post
Yoon Jun Won

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top