Anatomy of a Scandal (2022)
7.0
Price - 600Ks
မြန်မာစာတန်းထိုး
Season 1 - 6
Memory – 4 GB
Runtime : 45min
Video Format : WEB-DL 1080p
Genres : Drama Series,

Trailer

Cast တွေက တော့
– American Sniper , G.I.Joeနဲ့ 21 Bridges ဇာတ်ကား တွေမှာ ပါဝင်ဖူးတဲ့ မင်းသမီး Sienna Miller
– Hitman 47 မင်းသား Rupert Friendနဲ့
– Downtown Abbey, Defending Jacobမင်းသမီး Michelle Dockeryတို အဓိက ပါဝင်ထားပါတယ်။
ဗြိတိန်ပါလီမန်အမတ် ဂျိမ်းစ်ဝှိုက်ဟောက်စ်နဲ့ ဆိုဖီဝှိုက်ဟောက်စ်တို့ ဇနီး မောင်နှံဟာ
အထက်တန်းလွှာလူ့မလိုင် တွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ ပေါက် မြောက်တယ်လို့ ပြောလိုရသလို
သူတို့အိမ်ထောင်ရေးဟာလည်း သာယာတယ် လို့ ပြောနိုင်ပါတယ်၊
ဒီလိုနဲ့ သူတိုကြားကို မမျှော်လင့်ထားတဲ့ အတင်းအဖျင်းတစ်ခု ဝင်ရောက်လာပါတယ်၊
ဂျိမ်းစ်က လူကုံထံအသိုင်းအဝိုင်းထဲက မိန်းမပျိုတစ်ဦးကို လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တစ်ခုပါ၊
အိမ် ထောင်ရေး အဆင်ပြေတဲ့ လင်မယား တွေ ဖြစ်တာနဲ့အညီ
ဆိုဖီက အစပိုင်းမှာ ခင်ပွန်းဖြစ်သူဘက်က ရပ်တည်ခဲ့ ပေမယ့် အမှိုက်ကစ ပြသာဒ်မီး လောင်ဆိုသလို
သွားပုပ် လေလွင့်စကားတစ်ခုကစလို့ မုဒိန်းမှု အထိ အမှုအဆင့်တက်သွားပြီး
ရုံးကန္နားတက်ရ ပါလီမန်တွင်း ဖြေရှင်းရနဲ့ ရှင်းလေရှုပ် လေဖြစ်လာရာမှ
ဂျိန်းနဲ့ ဆိုဖီတို၂ဦးလုံး ပတ်သက်ခဲ့ဖူးတဲ့ တက္ကသိုလ်ကျောင်းသားဘဝက အရိပ်ဆိုးကြီးကပါ တဖန်ပြန်ပြီး ခြောက်လှန့်လာတဲ့အခါမှာတော့
ဆိုဖီတစ် ယောက် ခင်ပွန်းဖြစ်သူ ဂျိမ်းစ်ကို ယုံကြည် ပေးနိုင်ဦးမလား၊
အဆိုပါ ကောလာဟလက အမှန်ဖြစ် နေတာလား၊
အစိုးရထိပ်သီးအရာရှိ တွေရဲ့ နိုင်ငံ ရေးကစားပွဲမှာ ဂျိမ်းစ်တို၂ ယောက် ပဲလှော်ကြား ဆားညပ်ဖြစ်သွားတာလား
သူတိုရဲ့ အတိတ်က အရိပ်ဆိုးက ဘယ်လိုကိစ္စမျိုးလဲ၊
ဒီကိစ္စမှာ ပတ်သက်ခဲ့ဖူးတဲ့သူတွေက လက်ရှိအချိန်မှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လာမလဲဆိုတာကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် British Drama seriesပဲ ဖြစ်ပါတယ်

Post
Missy Malek
Post
Elizabeth Chan
Post
Violet Verigo
Post
Naomi Scott Olivia Lytton
Post
Michelle Dockery
Post
Rupert Friend
Post
Sienna Miller
Post
Ben Radcliffe

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top