ဒီဇာတ်ကားမှာ Conjuring Curse ရဲ့ပုံစံအတိုင်းပဲ
လျှို့ဝှက်ဆန်းကြယ်ပုံဆက်ပြီးသွားထားပါတယ်။
ထူးဆန်းသတ္တဝါကိုနှင်ဖို့ ရွာသားတွေက မြူနတ်ကို
မျက်ကန်းမိန်းကလေးနဲ့ လက်ထပ်ပူဇော်ဓလေ့တစ်ခုရှိခဲ့တယ်။
ဝူရှဲ၊ ကျန်းချီလင်နဲ့ ဝတုတ်တို့က မြူတွေဆိုင်းနေတဲ့တောင်တစ်ခုမှာ
ထူးဆန်းသတ္တဝါကဒုက္ခပေးနေတယ်ဆိုပြီး အကူအညီတောင်းလာတဲ့အတွက်
မြူနှင်းတောင်ကိုရောက်လာခဲ့ကြတယ်။ တောင်ပေါ်ရောက်စမှာပဲ
မြူတွေထဲမှာမျက်စိလည်ပြီးလမ်းပျောက်ကြတော့တာပဲ။
မြူနှင်းတွေကြားမှာဘယ်လို အန္တရာယ်တွေက စောင့်နေမလဲ ……
ထူးဆန်းသတ္တဝါရဲ့နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ…

Post
Hans Hernke
Post
Jackie Kreisler
Post
Will Pigg
Post
Andrew Villain

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top