IMDb 8.3 နဲ့ Rotten Tomatoes 79% ရထားပြီး အိန္ဒိယရုပ်ရှင်ဝေဖန်ရေးဆရာ Paul Nicodemus ရဲ့ စကားနဲ့ပြောရရင်
“ကြောင်တောင်တောင်နိုင်တဲ့ ဟာသရုပ်ရှင်ထဲကို ဒဿန ပါးပါးလေး သွတ်ထည့်ထားခြင်း” လို့ ညွှန်းချင်ပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ အဓိကဇာတ်ကောင် ဗီစသူ တစ်ယောက် ငယ်ငယ်တုန်းက ကားအက်ဆီးဒင့်တစ်ခုမှာ မိဘတွေ သေသွားခဲ့လို့
စကားထစ်သွားခဲ့ပြီး ဝှီးချဲလ်မှာ အဆင်သင့်သေးပေါက်လို့ ရတဲ့ အဘိုးဖြစ်သူနဲ့ပဲ နေထိုင်ခဲ့ပါတယ်
ပင်ပင်ပန်းပန်းပိုက်ဆံမရှာပဲ အေးအေးချမ်းချမ်း ဘဝကို တောင့်တနေတဲ့ ဗီစသူ တစ်ယောက် ပိုက်ဆံလွယ်လွယ်ရဖို့ တရုတ်ကလာတဲ့ သရုပ်ပြလူနာ(patient simulator) အရုပ်မ တွေကို ဝယ်ပြီး ဆေးရုံတွေမှာ လိုက်ရောင်းဖို့ ကြိုးစားပေမယ့်လည်း အလုပ်မဖြစ်ပါဘူး မဖြစ်တဲ့အပြင် အဲဒီအရုပ်ကြောင့်ပဲ သူ့ရဲ့ ၃၅ ကြိမ်မြောက် မိန်းမတောင်းရမ်းပွဲမှာလည်း အရှက်တကွဲ ဖြစ်သွားရပါတယ် (သူ့အခန်းထဲမှာ သရုပ်ပြလူနာ အရုပ်မကို ရင်ဘတ်လက်နဲ့ဖိနေတာကို အရုပ်မနဲ့ မူစကူဒူးနေတယ် အထင်ခံလိုက်ရတာပါ) ဒီလိုနဲ့ ပိုက်ဆံကလည်းမရှိ… မိန်းမကလည်း မရသေးနဲ့ ဘဝကို ပိုက်ဆံပုံပေါ်မှာ အေးအေးလူလူဖြတ်သန်းချင်တဲ့ ဗီစသူ ရဲ့ အိပ်မက်လည်း မပြည့်နိုင် ဖြစ်နေပါတယ်…
နောက်တော့ သူနဲ့ သူ့သူငယ်ချင်းအုပ်စု အအေးပုလင်းထဲကို ပိုးဟပ်တစ်ကောင် ထည့်ပြီး ပိုက်ဆံအချီကြီးရမယ့် မဟာအကြံကို ကြံပါတော့တယ် ဘယ်သို့ဘယ်ပုံ အဲဒီလို အခြေအနေကို ရောက်သွားတာလဲ… သူတို့ရဲ့ အကြံအစည် အလုပ်ဖြစ်ပါ့မလား ဆိုတာကို ပရိသတ်ကြီးကပဲ ဆက်လက်ခံစားကြည့်ရှုပြီး အမောဖြေလိုက်ကြပါဦး

Post
Brahmanandam
Post
Tharun Bhascker Dhaassyam
Post
Hari Kanth
Post
Jeevan Kumar
Post
Rag Mayur

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top