ကုမ္ပဏီကြီးတစ်ခုမှာအလုပ်လုပ်တဲ့ အတွင်းရေးမှူးမလေး “Joe” က
စွန့်စားခန်းဝတ္ထုတွေဖတ်ရတာ စွန့်စားခရီးသွားရှိုးတွေကြည့်ရတာကို ကြိုက်နှစ်သက်ပြီး
လက်တွေ့ဘဝနဲ့မတူဘဲ သူ့ဘဝကိုဝတ္ထုဆန်ဆန်စွန့်စွန့်စားစားနေချင်တဲ့အိပ်မက်ရှိသူတစ်ယောက်ပါ။
တစ်ဖက်မှာလည်း “Ricky” က သူဌေးတွေကို ရှေးဟောင်းပစ္စည်းတွေပြန်ရောင်းတဲ့အလုပ်နဲ့အသက်မွေးနေသူတစ်ယောက်ပေါ့။
ဒီလိုနဲ့တစ်နေ့မှာ “Joe” တစ်ယောက် သူဌေးဖြစ်သူနဲ့အတူ ရှန်ဟိုင်းကို အလုပ်ကိစ္စခရီးသွားဖို့ဖြစ်လာပါတော့တယ်။
ရှန်ဟိုင်းတစ်ခွင်လျှောက်လည်ရင်း ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ ထူးဆန်းတဲ့ရုပ်တုလေးနှစ်ရုပ်ကိုမျက်စိကျသွားရာကနေ “Ricky” တွေ့ဖို့အကြောင်းဖန်လာတာပေါ့။
စစတွေ့ချင်းမှာပဲ မပြေလည်မှုနဲ့စလာတဲ့ သူတို့ရဲ့ဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်သွားမလဲ ..
ဘာတွေလွဲဦး ခွီရဦးမလဲဆိုတာကိုကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

Post
Pongsatorn Jongwilas
Post
Matcha Mosimann
Post
Sunny Suwanmethanont

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top