Deadwood (2004)
8.6
Price - 2500Ks
Hollywood TV Series
မြန်မာစာတန်းထိုး
Season 1 - 3
Memory – 48 GB
Runtime : 55min
Video Format : 1080 P
Genres : Crime Series, Drama Series, Historical Series,

Trailer

HBO ရဲ့နာမည်ကြီး western drama series တစ်ခုလာပါပြီ။ လူကြိုက်များပြီး ဝက်ဝက်ကွဲပေါက်ခဲ့တဲ့ ဂျွန်ဝှစ်ခ်ရုပ်ရှင်မှာ ကွန်တီနင်တယ်ဟိုတယ်ကိုဦးစီးနေတဲ့ အဘိုးကြီး ဝင်စတန်နေရာမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ပို့မင်းသားကြီး အိုင်ရန်မက်ခ်ရှိန်းနဲ့ Hitman ( 2007) ဇာတ်ကားနဲ့နာမည်ကြီးတဲ့ မင်းသား တင်မိုသီအိုလီဖန်းတို့က leading role မှာ ပါဝင်သရုပ်ဆောင်ထားပြီး ၁၈၇၆ ခုနှစ် အမေရိကန်ပြည်ထောင်စုတပ်တွေနဲ့ ဆောဇ်လူမျိုးတွေဦးဆောင်တဲ့အင်ဒီးယန်းလူရိုင်းတွေဖြစ်ခဲ့တဲ့ လစ်တဲလ်ဘစ်ဟွန်းတိုက်ပွဲအပြီး ကာလလောက်ကိုအခြေခံထားပါတယ်။ အမေရိကန်ပြည်ထောင်စု၊ တောင်ဒါကိုတာပြည်နယ်က ဒတ်ဝုဒ်ဆိုတဲ့ ရွှေသမားတွေစုဝေးရာမြို့ကလေးမှာ ဖြစ်ခဲ့တဲ့အကြောင်းတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး ဇာတ်လမ်းထဲက ဇာတ်ကောင်တွေဖြစ်တဲ့ ဥပဒေအရာရှိဟောင်း ဆက်သ်ဘူးလော့ခ်နဲ့ တည်းခိုခန်းပိုင်ရှင် အယ်လ်ဆွာရန်ဂျန်တို့ဟာ အမှန်တကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီး ဇာတ်လမ်းထဲမှ တချို့အကြောင်းအရာတွေဟာလည်း အမှန်တကယ်ဖြစ်ပျက်ခဲ့တာတွေပါပါတယ်။ သမိုင်းဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဘေလ်ဟစ်ကော့ခ်၊ အီးဘီဖာနန်၊ ဆောလ်စတားဆိုသူတွေကိုလည်း ဇာတ်လမ်းထဲမှာ ခေါင်းဆောင်ပိုင်းနေရာမှာ တွေ့ကြရမှာဖြစ်ပါတယ်။ ဒတ်ဝုဒ်ဟာ ကျေးလက်မြို့ကလေးတစ်မြို့ဖြစ်ပြီး ရွှေထွက်တယ်လို့စနာမည်ကြီးခဲ့တဲ့ ၁၈၇၆ လောက်မှာ မြို့ဟာရွှေသမားတွေ၊ ဆက်စပ်လုပ်ငန်းတွေနဲ့ အထူးစည်ကားခဲ့ပြီး လူဦးရေဟာ ၂၅၀၀၀ လောက်ရှိခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ ၁၀၀၀ ကျော်ပဲနေထိုင်သူရှိပါတော့တယ်။ ဇာတ်လမ်းမှာတော့ ဒတ်ဝုဒ်မြို့ဝန်းကျင်ကို ရွှေရှာဖို့၊ ကြီးပွားရာကြီးပွားကြောင်းရှာဖို့လာကြသူတွေ၊ အဲ့လူတွေအပေါ် ရိုက်စားလုပ်မယ့် စီးပွားရေးသမား၊ အရောင်းအဝယ်သမား၊ စားသောက်ဆိုင်ပိုင်ရှင်၊ တည်းခိုခန်းဆောင်ကြာမြိုင်ပိုင်ရှင်တွေ၊ ရာဇဝတ်သားတွေ၊ အင်ဒီးယန်းလူရိုင်းတွေ၊ သေနတ်သမားလူစွမ်းကောင်းတွေအကြောင်းကို western drama ရသအပြည့်ရအောင် ထည့်သွင်းတင်ဆက်ထားပြီး အဆိုပါကာလမှာရှိခဲ့တဲ့ အမေရိကန်ပြည်သူတွေရဲ့ နေ့စဥ်လူမှုဘဝတစ်စိတ်တစ်ပိုင်းကိုလည်း ဝင်ရောက်ခံစားကြရမှာပါ။ ဒတ်ဝုဒ်မြို့လယ်မှာ ပြိုင်ဘက်ကင်း ကြီးစိုးနေတဲ့ The Gem Saloon ဆိုင်ရဲ့ ကလိမ်ကကျစ်ကျစီးပွားရှာတတ်တဲ့ဆိုင်ရှင် အယ်လ်ဆွာရန်ဂျန် ( အိုင်ရန်မက်ခ်ရှိန်း ) နဲ့ ဥပဒေအရာရှိအလုပ်ကထွက်ပြီး ဒတ်ဝုဒ်မှာ လက်သုံးကိရိယာဆိုင်လာဖွင့်တဲ့ ဆက်သ်ဘူးလော့ခ် ( တင်မိုသီအိုလီဖန်း ) တို့ရဲ့အကြောင်းနဲ့ဆက်စပ်ပြီး တင်ပြသွားပါတယ်။ ရွှေရှာသူတွေ၊ လှည်းတန်းကြီးတွေနဲ့ ရေကြည်မြက်နုရာ ရွှေ့ပြောင်းနေထိုင်သူတွေ၊ ဖျတ်စားလတ်စားစီးပွားရေးသမားတွေ၊ ခိုးဆိုးလုနှိုက်လူသတ်တဲ့ ရာဇဝတ်ကောင်တွေနဲ့ ဥပဒေကြီးကြပ်ရေးအရာရှိတွေ၊ ဒေသခံအင်ဒီးယန်းလူနီရိုင်းတွေ၊ ဆောင်ကြာမြိုင်နဲ့ မိန်းမပျက်တွေ၊ အရက်ဘားတွေနဲ့ ဖဲဝိုင်းတွေ၊ ပြသနာတတ်ရင် သေနတ်နဲ့ဖြေရှင်းကြတဲ့ ကောင်းဘွိုင်တွေနဲ့ သေနတ်သမားလူစွမ်းကောင်းတွေအကြောင်းကိုတစ်ဝကြီးရှုစားရမှာဖြစ်ပါတယ်။ HBO ကလွှင့်တဲ့ ဒီစီးရီးဟာ season ၃ ခုနဲ့ဖြစ်ပြီး တစ်ခုစီမှာ episode ၁၂ ခုပါတာဖြစ်တဲ့အတွက်ကြောင့် western drama တစ်ခုရဲ့ ရသကိုပြည့်ပြည့်ဝဝ ခံစားကြည့်ရှုကြရမှာပါ။ တခြား အမေရိကန်အနောက်ပိုင်းဇာတ်လမ်းတွေလို သေနတ်ပစ်ခန်းတွေ၊ အက်ရှင်ခန်းတွေချည်းထိုင်ကြည့်နေရတာမျိုးမဟုတ်ပေမယ့် ရွှေလောကသားတွေနဲ့ ဥပဒေစိုးမိုးမှုကင်းမဲ့တဲ့နေရာမှာ လုပ်စားနေကြတဲ့ ခေါင်းပုံဖြတ်ရိုက်စား စီးပွားရေးသမားတွေအကြောင်း ကွက်ကွက်ကွင်းကွင်းတင်ပြထားတာဖြစ်လို့ အထွေထွေဗဟုသုတရော၊ ရုပ်ရှင်ရသပါ ရရှိခံစားနိုင်မှာဖြစ်ပါတယ်။HBO ရဲ့နာမည်ကြီး western drama series တစ်ခုလာပါပြီ။ လူကြိုက်များပြီး ဝက်ဝက်ကွဲပေါက်ခဲ့တဲ့ ဂျွန်ဝှစ်ခ်ရုပ်ရှင်မှာ ကွန်တီနင်တယ်ဟိုတယ်ကိုဦးစီးနေတဲ့ အဘိုးကြီး ဝင်စတန်နေရာမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ပို့မင်းသားကြီး အိုင်ရန်မက်ခ်ရှိန်းနဲ့ Hitman ( 2007) ဇာတ်ကားနဲ့နာမည်ကြီးတဲ့ မင်းသား တင်မိုသီအိုလီဖန်းတို့က leading role မှာ ပါဝင်သရုပ်ဆောင်ထားပြီး ၁၈၇၆ ခုနှစ် အမေရိကန်ပြည်ထောင်စုတပ်တွေနဲ့ ဆောဇ်လူမျိုးတွေဦးဆောင်တဲ့အင်ဒီးယန်းလူရိုင်းတွေဖြစ်ခဲ့တဲ့ လစ်တဲလ်ဘစ်ဟွန်းတိုက်ပွဲအပြီး ကာလလောက်ကိုအခြေခံထားပါတယ်။ အမေရိကန်ပြည်ထောင်စု၊ တောင်ဒါကိုတာပြည်နယ်က ဒတ်ဝုဒ်ဆိုတဲ့ ရွှေသမားတွေစုဝေးရာမြို့ကလေးမှာ ဖြစ်ခဲ့တဲ့အကြောင်းတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး ဇာတ်လမ်းထဲက ဇာတ်ကောင်တွေဖြစ်တဲ့ ဥပဒေအရာရှိဟောင်း ဆက်သ်ဘူးလော့ခ်နဲ့ တည်းခိုခန်းပိုင်ရှင် အယ်လ်ဆွာရန်ဂျန်တို့ဟာ အမှန်တကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီး ဇာတ်လမ်းထဲမှ တချို့အကြောင်းအရာတွေဟာလည်း အမှန်တကယ်ဖြစ်ပျက်ခဲ့တာတွေပါပါတယ်။ သမိုင်းဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဘေလ်ဟစ်ကော့ခ်၊ အီးဘီဖာနန်၊ ဆောလ်စတားဆိုသူတွေကိုလည်း ဇာတ်လမ်းထဲမှာ ခေါင်းဆောင်ပိုင်းနေရာမှာ တွေ့ကြရမှာဖြစ်ပါတယ်။ ဒတ်ဝုဒ်ဟာ ကျေးလက်မြို့ကလေးတစ်မြို့ဖြစ်ပြီး ရွှေထွက်တယ်လို့စနာမည်ကြီးခဲ့တဲ့ ၁၈၇၆ လောက်မှာ မြို့ဟာရွှေသမားတွေ၊ ဆက်စပ်လုပ်ငန်းတွေနဲ့ အထူးစည်ကားခဲ့ပြီး လူဦးရေဟာ ၂၅၀၀၀ လောက်ရှိခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ ၁၀၀၀ ကျော်ပဲနေထိုင်သူရှိပါတော့တယ်။ ဇာတ်လမ်းမှာတော့ ဒတ်ဝုဒ်မြို့ဝန်းကျင်ကို ရွှေရှာဖို့၊ ကြီးပွားရာကြီးပွားကြောင်းရှာဖို့လာကြသူတွေ၊ အဲ့လူတွေအပေါ် ရိုက်စားလုပ်မယ့် စီးပွားရေးသမား၊ အရောင်းအဝယ်သမား၊ စားသောက်ဆိုင်ပိုင်ရှင်၊ တည်းခိုခန်းဆောင်ကြာမြိုင်ပိုင်ရှင်တွေ၊ ရာဇဝတ်သားတွေ၊ အင်ဒီးယန်းလူရိုင်းတွေ၊ သေနတ်သမားလူစွမ်းကောင်းတွေအကြောင်းကို western drama ရသအပြည့်ရအောင် ထည့်သွင်းတင်ဆက်ထားပြီး အဆိုပါကာလမှာရှိခဲ့တဲ့ အမေရိကန်ပြည်သူတွေရဲ့ နေ့စဥ်လူမှုဘဝတစ်စိတ်တစ်ပိုင်းကိုလည်း ဝင်ရောက်ခံစားကြရမှာပါ။ ဒတ်ဝုဒ်မြို့လယ်မှာ ပြိုင်ဘက်ကင်း ကြီးစိုးနေတဲ့ The Gem Saloon ဆိုင်ရဲ့ ကလိမ်ကကျစ်ကျစီးပွားရှာတတ်တဲ့ဆိုင်ရှင် အယ်လ်ဆွာရန်ဂျန် ( အိုင်ရန်မက်ခ်ရှိန်း ) နဲ့ ဥပဒေအရာရှိအလုပ်ကထွက်ပြီး ဒတ်ဝုဒ်မှာ လက်သုံးကိရိယာဆိုင်လာဖွင့်တဲ့ ဆက်သ်ဘူးလော့ခ် ( တင်မိုသီအိုလီဖန်း ) တို့ရဲ့အကြောင်းနဲ့ဆက်စပ်ပြီး တင်ပြသွားပါတယ်။ ရွှေရှာသူတွေ၊ လှည်းတန်းကြီးတွေနဲ့ ရေကြည်မြက်နုရာ ရွှေ့ပြောင်းနေထိုင်သူတွေ၊ ဖျတ်စားလတ်စားစီးပွားရေးသမားတွေ၊ ခိုးဆိုးလုနှိုက်လူသတ်တဲ့ ရာဇဝတ်ကောင်တွေနဲ့ ဥပဒေကြီးကြပ်ရေးအရာရှိတွေ၊ ဒေသခံအင်ဒီးယန်းလူနီရိုင်းတွေ၊ ဆောင်ကြာမြိုင်နဲ့ မိန်းမပျက်တွေ၊ အရက်ဘားတွေနဲ့ ဖဲဝိုင်းတွေ၊ ပြသနာတတ်ရင် သေနတ်နဲ့ဖြေရှင်းကြတဲ့ ကောင်းဘွိုင်တွေနဲ့ သေနတ်သမားလူစွမ်းကောင်းတွေအကြောင်းကိုတစ်ဝကြီးရှုစားရမှာဖြစ်ပါတယ်။ HBO ကလွှင့်တဲ့ ဒီစီးရီးဟာ season ၃ ခုနဲ့ဖြစ်ပြီး တစ်ခုစီမှာ episode ၁၂ ခုပါတာဖြစ်တဲ့အတွက်ကြောင့် western drama တစ်ခုရဲ့ ရသကိုပြည့်ပြည့်ဝဝ ခံစားကြည့်ရှုကြရမှာပါ။ တခြား အမေရိကန်အနောက်ပိုင်းဇာတ်လမ်းတွေလို သေနတ်ပစ်ခန်းတွေ၊ အက်ရှင်ခန်းတွေချည်းထိုင်ကြည့်နေရတာမျိုးမဟုတ်ပေမယ့် ရွှေလောကသားတွေနဲ့ ဥပဒေစိုးမိုးမှုကင်းမဲ့တဲ့နေရာမှာ လုပ်စားနေကြတဲ့ ခေါင်းပုံဖြတ်ရိုက်စား စီးပွားရေးသမားတွေအကြောင်း ကွက်ကွက်ကွင်းကွင်းတင်ပြထားတာဖြစ်လို့ အထွေထွေဗဟုသုတရော၊ ရုပ်ရှင်ရသပါ ရရှိခံစားနိုင်မှာဖြစ်ပါတယ်။
International reviews တွေမှာ မှတ်ချက်ကောင်းကောင်းရထားတဲ့ ဒီစီးရီးဟာ IMDb rating လည်း 8.6 ရထားပြီး Rotten tomatoes 92 % ဖြစ်လို့ အမေရိကန်အနောက်ပိုင်းရုပ်ရှင်တွေကိုကြိုက်တတ်တဲ့ western drama ပရိသတ်တွေအတွက်တော့ လက်လွှတ်မခံသင့်တဲ့စီးရီးပါ။ ၂၀၀၄ ခုနှစ် ရွှေကမ္ဘာလုံးရုပ်ရှင်ဆုပေးပွဲမှာလည်း အကောင်းဆုံးဇာတ်လမ်းတွဲဇာတ်ဆောင်ဆု ဆွတ်ခူးထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။

Post
Timothy Olyphant
Post
Ian McShane
Post
Molly Parker
Post
Brad Dourif
Post
W. Earl Brown
Post
John Hawkes
Post
Paula Malcomson
Post
Dayton Callie
Post
Leon Rippy
Post
William Sanderson
Post
Robin Weigert
Post
Sean Bridgers
Post
Bree Seanna Wall
Post
Jim Beaver
Post
Jeffrey Jones
Post
Kim Dickens
Post
Powers Boothe
Post
Titus Welliver

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top