Still Up (2023)
6.6
Price - 800Ks
Hollywood Tv Series
မြန်မာစာတန်းထိုး
Episode 1 - 8
Memory – 4 GB
Runtime : 27 minutes
Video Format : Webrip 1080p
Genres : Comedy Series,

Trailer

ဒီလမှာမှ ပူပူနွေးနွေးထွက်ရှိထားပြီး Apple TV+ ရဲ့ IMDB 6.2/10, Rt 78 % ရရှိထားတဲ့ Comedy series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မင်းသား Craig Roberts (Submarine) နဲ့ မင်းသမီး Antonia Thomas (The Good Doctor ထဲက Dr. Claire Browne)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါပြီး စုစုပေါင်း အပိုင်း ၈ ပိုင်း ထွက်ရှိမှာဖြစ်ပါတယ်။
အိမ်ထဲက အိမ်ပြင်လည်းမထွက်၊ ညညဆို အိပ်မပျော်တတ်၊ သန်းခေါင်မှ သရဲဝင်ပူးသလိုလို ဖုတ်ပဲဝင်သလိုလိုနဲ့ အိုးတွေခွက်တွေလှန်ပြီး အစားတွေထစား၊ ရည်းစားဆိုလို့ မူးလို့တောင် ရှူစရာမရှိဘဲ messenger ထဲဝင်ပြီး “ဟေး”တို့ “ဟိုင်း” တို့ကနေ မတက်တဲ့ အခြေအနေမျိုးနဲ့သူတွေ ရှိပါသလား။ ရှိတယ်ဆိုရင်တော့ ဒီကားထဲက ဒန်နီ့ကို ရင်ဘတ်ကြီးနဲ့ရင်းပြီး ကိုယ်ချင်းစာတတ်မှာပါ။
ဒန်နီက အပြင်ထွက်ရမှာကြောက်တဲ့ အိမ်တွင်းပုန်းတစ်ယောက်ဖြစ်ပြီး သူ့အတွက် လိုတာတွေကို ဝယ်ခြမ်းပေး၊ ကိုယ်စား အပြင်ထွက်ပေးတတ်တာက အိမ်နီးနားချင်း အက်ဒမ်ပါ။ ညအိပ်မပျော်တတ်သူ ဒန့်နီအတွက် ညစဉ်ညတိုင်း စကားပြောပေးတာကတော့ သူ့ video call သူငယ်ချင်းမလေး လီဆာပါပဲ။ လီဆာ့မှာတော့ တွဲနေတဲ့ ဗက်ဂျီဆိုတဲ့သူရှိပြီး သူတို့ကလည်း dating app တစ်ခုကနေ တွေ့ခဲ့ကြတာပါ။ ညဘက်ဆို အချိန်မှန်ဖုန်းဆက်ပြီး တစ်နေ့တာရဲ့အမောတွေကိုဖြေ၊ ပေါက်ကရတွေပြောကြနဲ့ လိုက်ဖက်ညီလှတဲ့ ဒန်နီနဲ့ လီဆာတို့သူငယ်ချင်းနှစ်ယောက်က အတိုင်အဖောက်လည်း ညီလှပြီး တော်ရုံအတွင်းရေးတွေကအစ ပွင့်ပွင့်လင်းလင်း ပေါ့ပေါ့ပါးပါး ရင်ဖွင့်ပြောတတ်တဲ့အထိ ရင်းနှီးကြသူတွေပါ။
တစ်နေ့မှာတော့ အရမ်းကိုအိမ်တွင်းပုန်း ကိုနေမထိ၊လေမထိဖြစ်နေတဲ့ ဒန်နီ့ကို မကြည့်ရက်တော့တဲ့ လီဆာတစ်ယောက် dating app တစ်ခုကို sign up လုပ်ပေးလိုက်ပါတော့တယ်။ သူနဲ့ ဗက်ဂျီကလည်း ဒီ dating app ကနေပဲ တွေ့ခဲ့ကြတာဖြစ်ပြီး ကိုက်ညီမှုက ၅၂ % ပဲရှိခဲ့ပေမဲ့ အဆင်ပြေနေတာဖြစ်ကြောင်း၊ ဒန်နီလည်း အဆင်ပြေနိုင်တာမို့ စိတ်ပူဖို့မလိုကြောင်းတွေ ပြောပြီး လိုအပ်တဲ့အချက်အလက်တွေကို ဒန်နီ့ကိုမေးရင်း စိတ်မြန်လက်မြန်ရှိလှတဲ့ လီဆာတစ်ယောက် dating app ကို finishing လုပ်လိုက်ချိန်မှာပဲ ပထမဆုံး ပေါ်ထွက်လာတဲ့ ဒန်နီ့အတွက် ၉၁ % ကိုက်ညီတဲ့ profile က သူ့ profile ဖြစ်နေတဲ့အခါ… ဒန်နီမသိအောင် သူ့ profile ကို delete လုပ်လိုက်ပေမဲ့ ၉၁ % တောင် ကိုက်ညီနေမှုက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအပေါ် ဘယ်လိုတွေများပြောင်းလဲသွားမှာစေလဲ.. အိမ်ထဲကနေ ခြေတစ်လှမ်းတောင် မထွက်တဲ့ ဒန်နီတစ်ယောက်ရော ဘယ်လိုသတ္တိမျိုးတွေ တွန်းအားမျိုးတွေနဲ့ အပြင်ကိုပြန်ထွက်နိုင်လာမှာလဲ.. ဗက်ဂျီနဲ့ လီဆာ့ကြားမှာရော ပြောင်းလဲမှုတွေဖြစ်ပေါ်လာမှာလား.. လီဆာနဲ့ ဒန်နီတို နှစ်ယောက်ရဲ့အဆုံးသတ် ဆက်ဆံရေးကရော ဘယ်လိုများဖြစ်သွားမလဲ.. ဆိုတာကိုတော့ စီးရီးလေးထဲမှာပဲ ဆက်လက်စီးမျောကြည့်ကြပါဦးလို့။
(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)

Post
Antonia Thomas
Post
Craig Roberts
Post
Blake Harrison
Post
Luke Fetherston
Post
Rich Fulcher
Post
Lois Chimimba
Post
Bronte Smith
Post
Steve Oram
Post
Samantha Spiro Samantha Spiro
Post
Sylvestra Le Touzel
Post
Karl Theobald
Post
Cathy Murphy
Post
Ruby Bentall
Post
Steve Furst
Post
Daniel Mays
Post
Enzo Squillino Jr.
Post
Dan Renton Skinner

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top