Midnight at the Pera Palace
7.0
Price - 800Ks
Hollywood Tv Series
မြန်မာစာတန်းထိုး
Episode 1 - 8
Memory – 5 GB
Runtime : 45 minutes
Video Format : NF WEB-DL 1080p
Genres : Drama Series, Historical Series, Mystery Series,

Trailer

ဒီဇာတ်ကားက ၂၀၁၄ မှာထွက်ရှိတဲ့ Charles King ရေးသားထားတဲ့

သမိုင်းဝင် ဝတ္ထုစာအုပ်

“Midnight at the Pera Palace: The Birth of Modern Istanbul” ကို

အခြေခံပြီး ရိုက်ကူးထားတာပါ။

စိတ်ဝင်စားဖို့ကောင်းတာက ဇာတ်လမ်းမှာပါဝင်တဲ့ ဇာတ်ကောင်တွေ၊ နေရာဒေသတွေ၊

အဖြစ်အပျက်တွေက အပြင်မှာတကယ်ရှိတဲ့ ဖြစ်ရပ်မှန်အဖြစ်အပျက်တွေ

တစ်စိတ်တစ်ပိုင်း ပါဝင်တယ်ဆိုတာပါပဲ။

ဒီဇာတ်ကားကို ရိုက်ကူးထားတဲ့ Pera Palace ဟိုတယ် ဆိုတာကလည်း

အပြင်မှာတကယ်ရှိပြီးတော့ အစ္စတန်ဘူလ်မှာ လျှပ်စစ်မီးနဲ့ ရေပူရရှိတဲ့အပြင်

ပထမဆုံးဓာတ်လှေကားရှိတဲ့ ကနဦး အဆင့်မြင့်ဟိုတယ်ကြီး တစ်ခုပါ။

ဇာတ်လမ်းထဲမှာပါတဲ့ အခန်းပြင်ဆင်ပုံ၊ နေရာထားသိုပုံတွေ သမိုင်းကြောင်း

မိတ်ဆက်ပုံတွေကအစ အစစ်အမှန်တွေကိုပဲ ချပြထားပါတယ်။

လက်တွေ့မှာလည်း Pera Palace ကို ဇာတ်လမ်းထဲမှာပြောသလို တူရကီသမ္မတနိုင်ငံကို

တည်ထောင်ခဲ့သူ Mustafa Kemal Atatürk မူစတာဖာ ကယ်မာ၊

နာမည်ကြီး ဝတ္တုစာရေးဆရာ Agatha Christie၊ King Edward VIII၊ Queen Elizabeth II

အစရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ တကယ်ကို တည်းခိုနေကြ၊ တည်းခိုဖူးခဲ့ကြတာ ဖြစ်ပါတယ်။

ဇာတ်လမ်းအစကတော့ အက်စ်ရာ ဆိုတဲ့ မိဘမဲ့ တစ်ကောင်ကြွက် သတင်းထောက်မလေးက

ကိုယ်စိတ်ထင်ရာလုပ်တတ်လွန်းလို့ အထက်လူကြီးတွေက Pera Palace ရဲ့ လာမယ့်

နှစ် ၁၃၀ ပြည့်ပွဲကို အကြောင်းပြုပြီး ဟိုတယ်ကို လာရောက်သင့်သော

အကြောင်းအရင်း ၁၃၀ ဆိုပြီး‌ ဆောင်းပါးရေးဖို့အတွက် ဟိုတယ်ကိုလွှတ်လိုက်ပါတော့တယ်။

ဟိုတယ်အရောက်မှာတော့ မန်နေဂျာဖြစ်သူ အာမက်နဲ့ တွေ့ပြီး

သမိုင်းကြောင်းတွေကို နားထောင်အပြီးမှာ နဂိုကတည်းက ထူးဆန်းတဲ့သတင်းတွေ နှိုက်ယူချင်

ထွင်ရေးချင်တဲ့ အက်စ်ရာက အာမက်ကို ဘာထူးဆန်းတဲ့သမိုင်းကြောင်းတွေများ

ရှိသလဲဆိုပြီး အစ်အောက်ပါတော့တယ်။

အဲမှာ အာမက်က ဖယ်ရီဒဲ ဆိုတဲ့ လူသိနည်းပေမယ့် သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့တယ်လို့

ယူဆရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ပြောပြပါတော့တယ်။

ဘာလို့ သူရဲကောင်းလို့ ယူဆရသလဲဆိုတော့ တူရကီသမ္မတနိုင်ငံကို တည်ထောင်သူ

ဖြစ်လာမယ့် Mustafa Kemal – မူစတာဖာ ကယ်မာ ကို ဗြိတိသျှအရာရှိတွေက

လုပ်ကြံသတ်ဖြတ်မယ့် အစီအစဉ်ကနေ လွတ်အောင် ကူညီပေးခဲ့တာမလို့လို့ ဆိုပါတယ်။

အဲအမျိုးသမီး နေသွားတဲ့အခန်းက ထူးဆန်းဖွယ်ရာတွေနဲ့ ပြည့်နေသလို

အဲအခန်းမှာ တည်းဖူးတဲ့ နာမည်ကျော်မှုခင်းဝတ္တုစာရေးဆရာ Agatha Christie – အာဂါသာ

ခရစ်စတင်းကလည်း အခန်းကနေ ၁၁ ရက်ကြာ ပျောက်ဆုံးဖူးပါသတဲ့။ ဘယ်လိုပဲရှာရှာ

ရှာမတွေ့ခဲ့ဘဲ သော့ဟောင်းလေး တစ်ချောင်းပဲ ရှာတွေ့ခဲ့တယ်လို့ အာမက်က

အက်စ်ရာကို ပြောပြခဲ့ပါတယ်။ သော့လေးကို အက်စ်ရာ မြင်ရအောင် အာမက်က

ခဏ ထုတ်ပြလိုက်သေးတာပေါ့။ အက်စ်ရာကတော့ ဖယ်ရီဒဲဆိုတဲ့ အမျိုးသမီးလေးရဲ့

ဇာတ်ကြောင်းကိုပဲ အစွဲကြီးစွဲပြီးဆောင်းပါးတွေထိုင်ရေးနေတော့တာပေါ့လေ။

နောက်ပိုင်းညဘက် အက်စ်ရာရဲ့အခန်းထဲကို အဲသော့လေးကရောက်နေတော့

အက်စ်ရာက အာမက်လက်ဆောင်ပေးခဲ့တယ်ထင်ပြီး ပျော်နေတုန်းမှာ

သူတောင်မသိလိုက်ဘဲ ၁၉၁၉ ခုနှစ်ကို အချိန်ခရီးသွားပြီးသား ဖြစ်နေခဲ့ပါတယ်။

ကိုယ်တိုင် အချိန်ခရီးသွားမိမှန်းတောင် မသိဘဲ အိပ်မက်မက်နေတယ်ထင်ပြီး

ပြောချင်တာတွေ လျှောက်ပြောပြီး ပြဿနာရှာနေတဲ့ အက်စ်ရာကို ဟိုတယ်ရဲ့

အချိန်ခရီးသွားလို့ရတဲ့ လျှို့ဝှက်ချက်ကို သိပြီးသားဖြစ်တဲ့ အာမက်က ပြန်လိုက်ခေါ်ရာက

ဘယ်လိုအလွဲတွေဖြစ်မလဲ သူတို့နှစ်ယောက် ဘာပြဿနာမှ မရှိဘဲ လက်ရှိအချိန်ကို

ပြန်လာနိုင်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်တစား ကြည့်ရမှုရမှာဖြစ်သလို

လုပ်ချင်ရာလုပ်နေတဲ့ အက်စ်ရာနဲ့ လိုက်ထိန်းရတဲ့ အာမက်တို့ရဲ့ တူဝရီးပုံစံ ဆက်ဆံရေးလေးမှာလည်း

အခွီလေးတွေပါ တဖြတ် ကြည့်ရှုရမှာမလို့ ကြည့်နေရင်းပျင်းသွားရမှာမျိုးကို ပူစရာမလိုပါဘူးနော်။

Time travel ဇာတ်လမ်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့

နောက်ထပ်မြည်းစမ်းကြည့်ရမယ့် ဇာတ်လမ်းတွဲလေးတစ်ခုပါပဲ။

လက်ရှိအချိန်မှာတော့ Season 2 အတွက် ရိုက်ကူးရေးလုပ်နေတာမလို့ ထွက်လာရင်လည်း

ကြည့်ရှုခံစားရဦးမှာပါဗျ။

ဘယ်ပြောလို့ရမလဲနော်

မူစတာဖာ ကယ်မာ ဆိုတာလည်း တကယ်ရှိခဲ့သလို Pera Palace ကလည်း တကယ်ရှိနေတာဖြစ်လို့

ဖယ်ရီဒဲဆိုတဲ့ အမျိုးသမီးလေးကလည်း အပြင်မှာတကယ်ရှိခဲ့ပြီး လူမသိတဲ့ သူရဲကောင်းမလေး

တကယ်ဖြစ်နေနိုင်တာပဲမလို့ စိတ်ကူးယဉ်ရယ်လို့ မခံစားရဘဲ တူရကီနိုင်ငံရဲ့ သမိုင်းကြောင်းကို

စိတ်ဝင်စားဖွယ် လေ့လာရသလို ဖြစ်နေမှာပါ။

 

( ဒီစီးရီးအတွက်  အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Chothet_mlmt  ဖြစ်ပါတယ် )

Post
Hazal Kaya
Post
Tansu Biçer
Post
Selahattin Pasali
Post
James Chalmers
Post
Yasemin Szawlowski
Post
Ahmet Kürsat Öçalan
Post
Engin Hepileri
Post
Melih Salgir
Post
Yasemin Sannino
Post
Hakan Dinçkol
Post
Ebrar Alya Demirbilek
Post
Murat Okay
Post
Ahmet Varli
Post
Demet Boci Benli

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top