Luna Nera (2022)
5.9
Price - 600Ks
Hollywood Tv Series
မြန်မာစာတန်းထိုး
Episode 1 - 6
Memory – 4 GB
Runtime : 43 minutes
Video Format : WEB-DL 1080p
Genres : Drama Series, Fantasy Series, Thriller Series,

Trailer

နာတာလီဟာ လက်သည်အဘွားကြီးတစ်ယောက်ဖြစ်ပြီး မွေးလူနာ
တစ်ယောက်အခက်အခဲတွေ့နေတဲ့အချိန်မှာသူ့မြေးမငယ် အာဒီနဲ့
အတူ ကူညီမွေးဖွားပေးနေခဲ့ပါတယ်။ မွေးကင်းစကလေးဟာကံ
မကောင်းအကြောင်းမလှစွာသေဆုံးလုဆဲဆဲအချိန်မှာ မွေးလူနာက
အာဒီကိုစုန်းမဆိုပြီး ထိတ်လန့်မောင်းထုတ်ခဲ့သလို အဲ့ဒီကလေးငယ်
လည်း သေဆုံးသွားခဲ့ရပါတယ်။

အခြေအနေတွေကိုကြိုမြင်တဲ့ နာတာလီဟာ တကယ်လို့ သူ့ကိုစုန်း
လိုက်မုဆိုးတွေလာခေါ်သွားပြီး ပြန်မလာနိုင်ခဲ့ရင်ဆိုတဲ့အကြောင်း
ပြချက်နဲ့ ဆန်းကြယ်တဲ့ရှေးဟောင်းစာအုပ်တစ်အုပ်၊ ပြီးတော့ ပျောက်
ဆုံးနေတဲ့မြို့တော်များလို့ခေါ်တဲ့နေရာတစ်ခုကိုရှာတွေ့နိုင်ဖို့ လိုအပ်
တာတွေကို အာဒီထံသင်ကြားပြသပေးပြီး မောင်ဖြစ်သူ ဗလန်တေး
ကိုလည်း စောင့်ရှောက်ဖို့မှာထားခဲ့ပါတယ်။
ပီထရိုဆိုတဲ့ကောင်လေးကတော့ ရောမမှာခေတ်ပေါ်ဆေးပညာကိုသင်
ကြားနေသူဖြစ်ပြီးတော့ သူတို့ကိုသူ့ဆရာကနေ ဒီခေတ်မှာစုန်းတွေ
မှော်အတတ်တွေဟာတကယ်မရှိတော့ဘဲ ဆေးသိပ္ပံနည်းကသာအရာရာ
ကို ဖြေရှင်းနိုင်ကြောင်းလက်တွေ့ပြသလေ့ရှိပါတယ်။ သူ့အမေနေမ
ကောင်းဘူး ဆိုတဲ့သတင်းစကားကြောင့်နေရပ်ကိုပြန်လာချိန်မှာတော့
သူ့ဖခင်ဟာစုန်းလိုက်မုဆိုးအဖွဲ့ခေါင်းဆောင်ဖြစ်နေပြီး သူ့အမေမကျန်း
မာဖြစ်ရတာရယ်၊မွေးကင်းစကလေးသေဆုံးမှုရယ်ဟာ နာတာလီဆိုတဲ့
စုန်းမကြီးလက်ချက်လို့တစ်ထစ်ချယုံကြည်ပြီးစုန်းတွေကို အမြစ်ဖြတ်
ချေမှုန်းတော့မယ့်အချိန်ပါပဲ။
ဆန့်ကျင်ဘက်နောက်ခံနှစ်ခုဆီက အာဒီနဲ့ ပီထရို၊ ရှေးဟောင်းအယူသီး
မှုတွေနဲ့ခေတ်ပညာတတ်လူငယ်တွေကြားက လွန်ဆွဲအားပြိုင်မှုတွေ၊
ရှေးခေတ်သဘာဝလွန်ပညာတွေရဲ့နက်နဲမှုနဲ့ လျှို့ဝှက်ချက်တွေကိုရပ်
သပ်ရှုမောတွေ့မြင်ရပါလိမ့်မယ်။ ရာဇဝတ်နောက်ခံ ဇာတ်လမ်းသဘော
ကျနှစ်သက်သူတွေ၊ စုန်းကဝေမှော်ကားကြိုက်ပရိသတ်တွေ အကြိုက်
တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ်။
အဲတော့ နာတာလီတစ်ယောက် စုန်းလိုက်မုဆိုးတွေလက်က ပြန်လာနိုင်
ပါ့မလား၊ သူ့မြေးမငယ်အာဒီကရော တကယ်ပဲစုန်းတစ်ကောင်လား၊ သူ
ရှာဖွေတွေ့ရှိစေချင်ခဲ့တဲ့ ရှေးဟောင်းစာအုပ်နဲ့လျှို့ဝှက်မြို့တော်မှာဘာတွေ
ရှိနေမလဲ အစရှိတာတွေကို ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားစေချင်ပါတယ်။
(ဒီစီးရီးရဲ့ အညွှန်းကို Alias မှရေးသားပေးပြီး၊ ဘာသာပြန်
ရေးသားပေးသူများကတော့ Alias, San Thu Aung တို့ဖြစ်ပါတယ်။)

Post
Antonia Fotaras
Post
Lucrezia Guidone
Post
Barbara Ronchi
Post
Filippo Scotti
Post
Adalgisa Manfrida
Post
Giorgio Belli
Post
Manuela Mandracchia
Post
Federica Fracassi
Post
Giada Gagliardi
Post
Nathan Macchioni
Post
Roberto De Francesco
Post
Giandomenico Cupaiuolo
Post
Gloria Carovana
Post
Gianmarco Vettori
Post
Astrid Meloni
Post
Paolo Bernardini
Post
Camille Dugay Comencini
Post
Sonia Gessner

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top