Lucky Hank (2023)
6.8
Price - 800Ks
Hollywood Tv Series
မြန်မာစာတန်းထိုး
Episode 1 - 8
Memory – 6 GB
Runtime : 42 minutes
Video Format : 1080p
Genres : Comedy Series, Drama Series,

Trailer

ကဲ .. ဆောဂွတ်မန်းဆိုတဲ့ နာမည်တစ်လုံးနဲ့ ပရိသတ်ရင်ထဲကို
ထိုးဖောက်ခဲ့တဲ့ Bob Odenkirk ကြီး ဒီတစ်ခါတော့ ကျောင်း
ဆရာ ပါမောက္ခကြီး လုပ်နေပြန်ပါပြီ။ ဒီဘဲကြီးက Title မှာ
နာမည်ပါတဲ့ ဇာတ်လမ်းတွေနဲ့ အကျိုးပေးတယ်ပြောရမလို
တောင် ဖြစ်နေပါပြီ။ အရင်က Better Call Saul ရဲ့ ဆောလ်
အခု Lucky Hank ရဲ့ ဟန့်ခ်ပေါ့၊ ဒီစီးရီးမှာလည်း executive
producers အဖွဲ့က Breaking Bad နဲ့ Better Call Saul
တို့ရဲ့ ပဲ့ကိုင်ရှင်တွေပါပဲ။

၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ စာရေးဆရာ Richard Russo ရဲ့
Straight Man ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ Comedy
Drama ဖြစ်ပါတယ်။ ပြောရရင်တော့ စာရေးဆရာရဲ့ ကောလိပ်
ကျောင်းဆရာဘဝက ကြုံခဲ့ရတဲ့ အဖြစ်အပျက်အတွေ့အကြုံတွေ
အကြောင်းပါ။
အမြည်းပေးရရင်တော့.. ဝီလီယံ ဟင်နရီ ဟန့်ခ်ဒဗရော ဂျုနီယာ
ဆိုတဲ့ အင်္ဂလိပ်ကျောင်းဆရာက ကျောင်းသားတွေ၊ ဌာနက ဆရာ
ဆရာမတွေက အရမ်းကို ချစ်မြတ်နိုးနေတဲ့ ဆရာတစ်ယောက်
ရယ်တော့ မဟုတ်ဘူး .. လူ့ဂွစာကြီး။ သူစာသင်နေရတဲ့ ကောလိပ်
ကိုလည်း တစ်စက်မှ အကောင်းမမြင်၊ တစ်လောကလုံးနဲ့ တစ်ယောက်
ဆိုတဲ့ လူစားမျိုးပါ။ တစ်နေ့တော့ ကျောင်းသားတစ်ယောက်နဲ့ပြဿနာ
တက်ရာကစလို့ အင်္ဂလိပ် ဌာနမှူးဆိုတဲ့ ရာထူးပါ ပြုတ်တော့မယ့်
အခြေအနေကို ရောက်လာပါတယ်။ ဒီလိုဒုက္ခတွေကြားမှာမှ အိမ်
ထောင်ရေးပြဿနာ၊ သားသမီးပြဿနာတွေကပါ ထပ်ဆောင်းအုပ်
လာပြီး တစ်ပူပေါ် တစ်ပူဆင့်ပါတော့တယ်။ ဒါပေမဲ့ Lucky Hank
ဆိုတဲ့အတိုင်း လူတကာက အမြင်ကပ်ပေမယ့်လည်း .. ဘဝပေး
ကုသိုလ်ကံက ကောင်းတဲ့ ဟန့်ခ် ဖြစ်နေသည်ဆိုတော့လည်း ဘယ်လို
စိတ်ဝင်စားစရာတွေ၊ ဘယ်လို ဒုက္ခတွေကြားမှာ ဟန့်ခ်တစ်ယောက်
ဖိုးကံကောင်းဖြစ်ဦးမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။
တစ်ပတ်(၁)ပိုင်းထွက်ရှိမှာဖြစ်ပြီး CMမှအပတ်စဥ်တင်ဆက်ပေး
သွားပါမယ်။
(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့
Act Molemy ဖြစ်ပါတယ်။)

Post
Bob Odenkirk
Post
Mireille Enos
Post
Cedric Yarbrough
Post
Diedrich Bader
Post
Olivia Scott Welch
Post
Suzanne Cryer
Post
Sara Amini
Post
Nancy Robertson
Post
Arthur Keng
Post
Alvina August
Post
Haig Sutherland
Post
Daniel Doheny
Post
Ellen MacNevin
Post
Anne Gee Byrd
Post
Shannon DeVido
Post
Oscar Nuñez
Post
Jackson Kelly
Post
Dolores Drake

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top