Barry (2018)
8.4
Price - 3000Ks
Hollywood Tv Series
မြန်မာစာတန်းထိုး
Season 1 - 4
Memory – 17 GB
Runtime : 33 minutes
Video Format : Webrip 1080p
Genres : Action Series, Comedy Series, Crime Series,

Trailer

တူညီတဲ့လူတစ်ယောက်က ဆန့်ကျင်ဘက်လောကနှစ်ခုမှာ တစ်ပြိုင်နက်ရှင်သန်ဖိုဆိုတာ ဖြစ်နိုင်မှာတဲ့လား။ ဦးနှောက်က အမှောင်လောကမှာနေဖို ခိုင်းစေနေပေမယ့် နှလုံးသားကတော့ ပျော်ရွှင်မှုဆိုတဲ့မက်လုံးပေးပြီး အလင်းဘက်ကို ဆွဲခေါ်နေတဲ့အခါ… သင်သာဆိုရင် ဘယ်တစ်ခုကို‌ရွေးချယ်မှာလဲ။ ဒါမှမဟုတ် နှစ်ခုလုံးမှာမရမကရှင်သန်ဖိုလုပ်မှာလား။ ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ HBO ရဲ့ IMDB 8.4/10, Rotten Tomatoes 98% ရရှိထားတဲ့ Dark Comedy/Crime/Drama အမျိုးအစားစီးရီးလေးပါ။ စီးရီးရော သရုပ်ဆောင်တွေရောက Primetime Emmy Awards မှာ ဆု ၉ ခုနဲ့ တခြား Awards တွေမှာ ဆုပေါင်း ၅၀ နဲ့ အကြိမ် ၁၆၀ကျော် ဇကာတင်စာရင်းဝင်ခဲ့တာပါ။ ဘယ်ရီအဖြစ်သရုပ်ဆောင်တဲ့ မင်းသား Bill Hader (It Chapter Two) ဟာဆိုရင်လည်း ဒီကားကို ပူးတွဲဖန်တီးခဲ့တာဖြစ်ပြီး ဒီကားနဲ့ပဲ “ဟာသစီးရီးမှာ အကောင်းဆုံးသရုပ်ဆောင်မင်းသားဆု”ကို ရရှိခဲ့ပြီး ဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေကိုပါ တစ်ခဲနက်ရရှိခဲ့ပဲဖြစ်ပါတယ်။
 
ဇာတ်လမ်းအကျဉ်း ဘယ်ရီဘာ့ခ်မန်းက အာဖဂန်နစ္စတန် စစ်ပြန်ရေတပ်သားဟောင်းလေးတစ်ယောက်၊ တပ်ကထွက်လာပြီးတော့ ကြေးစားလုပ်နေသူတစ်ယောက်ပါ။ ဒါပေမယ့် သတ်နေဖြတ်နေရတဲ့ ဓားကိုင်သေနတ်ကိုင်အလုပ်၊ အရိပ်ထဲကနေလှုပ်ရှားရတဲ့ တစ်ကိုယ်တည်းအထီးကျန်ဆန်လွန်းတဲ့ဒီအလုပ်ကြောင့် စိတ်ကျရောဂါ တစ်စတစ်စဝင်လာပြီးတော့ အိမ်တွင်းပုန်းဖြစ်လာတော့တာပေါ့။ ကိုယ်လျှောက်လှမ်းခဲ့တဲ့ ဒီဘဝကြီးဟာ ရည်ရွယ်ချက်မဲ့လွန်းတယ်ဆိုပြီး စိတ်ကုန်နေတဲ့ဘယ်ရီကို ဦးလေးလိုချစ်ရတဲ့ အဖေ့ရဲ့သူငယ်ချင်းဖြစ်တဲ့ဖျု့ခ်ျက လူတစ်ယောက်ကိုသတ်ဖို လော့စ်အိန်ဂျလိစ်ကို စိတ်ပြေလက်ပျောက် လွှတ်လိုက်ရာမှာပဲ ဒီဇာတ်လမ်းလေးက အစပြုခဲ့ပါတော့တယ်။
 
ဒါပေမယ့် ဘယ်ရီကတော့ သတ်ရမယ့်ပစ်မှတ်နဲ့တူတူ ပြဇာတ်ရုံနောက်လိုက်ရင်းချော်လဲရောထိုင် ဝင်သရုပ်ဆောင်လိုက်ရာကနေ သူ့ဘဝရဲ့ပျော်ရွှင်မှု အသက်ရှင်ရမယ့်ရည်ရွယ်ချက်ကို ရှာတွေ့သွားပြီး မင်းသားပိုးဝင်သွားပါတော့တယ်။ သရုပ်ဆောင်အလုပ်ကိုလည်း လုံးလုံးလျားလျားမပုံအပ်ချင်၊ ကြေးစားအလုပ်ချည်းပဲလည်းမလုပ်ချင်တဲ့ ဘယ်ရီတစ်ယောက် လူရှေ့ထွက် ရုပ်လုံးပြရတဲ့ သရုပ်ဆောင်အလုပ်နဲ့ လူမသိသူမသိ လှုပ်ရှားရတဲ့ အရိပ်ထဲက ကြေးစားလူသတ်သမားအလုပ်ကို သရုပ် ၂ မျိုးနဲ့ ဟန်ချက်ညီညီ လှုပ်ရှားဖိုကြံစည်တာကရော အောင်မြင်နိုင်ပါ့မလား။ မင်းသားပိုးအဝင်ကောင်းရာကနေ စစ်ဆင်ရေးမအောင်မြင်တဲ့အကျိုးဆက်နဲ့ လိုက်လာတဲ့အန္တရာယ်တွေကို သူဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ။ သူ့နောက်ကနေ ခြေရာခံလာမယ့်ရဲတွေကိုရော ဘယ်လိုလှည့်ကွက်တွေသုံးရင်းရှောင်ရှားမလဲဆိုတာကို ဟာသ အက်ရှင် ရသစုံစုံလင်လင်နဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ (ဒီစီးရီးရဲ့ ဇာတ်ညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပဲဖြစ်ပါတယ်)

Post
Bill Hader
Post
Stephen Root
Post
Sarah Goldberg Sarah Goldberg
Post
Anthony Carrigan
Post
Henry Winkler
Post
D'Arcy Carden
Post
Michael Irby
Post
Rightor Doyle
Post
Darrell Britt-Gibson
Post
Alejandro Furth Alejandro Furth
Post
Sarah Burns Sarah Burns
Post
Jessy Hodges Jessy Hodges
Post
Andy Carey
Post
Kirby
Post
John Pirruccello
Post
Nick Gracer
Post
Turhan Troy Caylak
Post
Andrew Leeds

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top