မြို့ပြမှာ နေထိုင်နေတဲ့ စုံတွဲတွေရဲ့ မတူညီတဲ့အဆင့်အသီးသီးမှာ ဖြစ်ပျက်လေ့ရှိတဲ့
အဖြစ်အပျက်လေးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အားကျားနဲ့ ခယ်ရီးတို့ရဲ့ ဘဝဟာ
အားကျားရဲ့ အမေကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့၊ အိမ်ဝယ်ဖို့၊ အလုပ်ကိစ္စတွေကြောင့်
အရင်က ပျော်စရာဘဝကြီးက တဖြည်းဖြည်းနဲ့ တာဝန်တွေ ဝတ္တရားတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။
ဟွေးရှုံကလည်း အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပေမယ့်
သူ့ဇနီးဖြစ်သူ ဂျင်းနီကတော့ သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာပြီး
အပြောင်းအလဲတွေရှိနေပါတယ်။ အားကျန့်နဲ့ ဂျက်ဆီကာကတော့
မိုးနတ်မင်းရဲ့ ဆုလာဘ် (ကိုယ်ဝန်)ကို လက်ခံရရှိခဲ့ပါတယ်။ အပြည့်အဝ ကာကွယ်ခဲ့ပေမယ့်လည်း
0.01% ဖြစ်နိုင်ချေက သူတို့ဆီကို ရောက်လာပြီး မပြင်ဆင်ရသေးခင် မိဘဖြစ်လာဖို့ ဖြစ်ခဲ့ရပါတယ်။

Post
Carlos Chan Ka
Post
Renci Yeung
Post
Vincent Kok
Post
Rachel Leung

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top