ဇမီးမိသားစုအိမ်တော်ဟာ မျိုးရိုးစဉ်ဆက်ချမ်းသာလာကြပြီး
ရှေးဟောင်းရတနာတွေအိမ်မှာမြှုပ်ထားတယ်လို့
ဓားပြတွေတချောင်းချောင်းဖြစ်နေတဲ့အိမ်။
ထိုအိမ်မှာ ကာသီရ်နဲ့ မန်ဂျာကီလီတို့မောင်နှမနှစ်ယောက်ရှိပါတယ်။
စကားတစ်ခွန်းအပြန်အလှန်ပြောကြတာနဲ့တင်
အချင်းချင်းထသတ်ကြတဲ့ မတည့်အတူနေတွေပါ။
သို့ပေမယ့်သူတို့နှစ်ယောက်မှာ ဝါသနာတူအကျင့်တစ်ခုရှိပါတယ်။
အဲဒါကတော့ အလောင်းအစားလုပ်ပြီးစိန်ခေါ်မှုလုပ်တာပါပဲ။
နှစ်ယောက်သား စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ့်သူတွေပါ။
တစ်နေ့မှာ လူလိမ်အဖွဲ့တစ်ဖွဲ့ရတနာပစ္စည်းရှာဖို့အိမ်ကိုရောက်လာပြီး
မတော်တဆမှုတစ်ခုကြောင့် အဖိုးဖြစ်သူရုတ်တရက်ဆုံးသွားရှာပါတယ်။
ဒီလိုနဲ့အသုဘမှာ ရတနာရှာမယ့်သူခိုးကတစ်ဖွဲ့ အလောင်းအစားလုပ်ပြီး
စိန်ခေါ်နေတဲ့မောင်နှမကတစ်ဖွဲ့ အမွေခွဲပေးဖို့ကိုသာ မျက်စိကျနေတဲ့တစ်ဖွဲ့ အဲလိုနဲ့ပဲ
အဖိုးဖြစ်သူအသုဘဟာ ပြဿနာအရှုပ်ထုပ်တွေကြား
‌အေးအေးချမ်းချမ်းနဲ့ ပြီးသွားနိုင်မလားဆိုတာကို အသုဘထဲရယ်ရမလိုလို
ငိုရခက်စေမယ့် တမီးလ်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

Post
Anandraj
Post
Arjai
Post
Arunachalam
Post
Kalairani
Post
Subhashani Kannan

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top