လူတိုင်းက ဘဝတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ခဲလုံးလေးကို ခလုတ်တိုက်မိခဲ့ဖူးလိမ့်မယ်။ အိမ်နီးချင်းရဲ့ ပါတီသီချင်းသံကျယ်လို့ သွားပြောရာကနေ ‌မြင်မြင်ချင်း အချစ်ပန်းလေးတစ်ပွင့် ဖူးလာခဲ့သလိုပေါ့။ အချစ်ဆိုတဲ့အရာက လူကို ချောက်နက်တွေအထိ ဆွဲခေါ်သွားနိုင်တယ်။ စကြဝဠာထဲအထိ သယ်ဆောင်သွားနိုင်တယ်။ Entergalactic ဆိုတာ အဲဒီအဓိပ္ပါယ်ပါပဲ။ ဒီနာမည်က Kid Cudi ရဲ့ ပထမဆုံးအလ်ဘမ်မှာပါတဲ့ Enter Galactic ဆိုတဲ့သီချင်းကနေလာတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ဆွဲငင်အားတစ်ခုဟာ ကိုယ့်ကို စကြဝဠာအထိ ဆွဲခေါ်သွားနိုင်လောက်အောင် အားကောင်းတယ်လို့ ဆိုလိုတယ်။ စကြဝဠာကြီးကို အဆုံးအစမဲ့ကြောင်း လူတွေပြောတယ်။ ဒါဆိုရင် အချစ်ကကော။ အချစ်ဆိုတာ ချစ်နေသူနှစ်ယောက်ကြားက အဆုံးအစမဲ့ စကြဝဠာတစ်ခုပါပဲ။
ဒီမှာတော့ Street Art ဆွဲတဲ့ ဂျဘာရီတစ်ယောက် သူ့ရဲ့ဇာတ်ကောင်ကို ရုပ်ပြအဖြစ်ပြောင်းလဲဖို့ Cosmic ရုပ်ပြမှာ အလုပ်ရပြီး အိမ်ပြောင်းလာရတာကနေစတယ်။ သူလမ်းမပေါ်မှာဆွဲနေတဲ့ မစ္စတာရေဂျာ ဆိုတဲ့ဇာတ်ကောင်က Kid Cudi ရဲ့ Mr. Rager သီချင်းကို ရည်စူးထားတယ်။ သူ့ရဲ့အဓိပ္ပါယ်က ဒုံရင်းဘဝမှာပျင်းလာလို့ စွန့်စားခန်းအသစ်တွေထွက်ချင်နေတဲ့ ဇာတ်ကောင်တစ်ခုပေါ့။ ဒါက Kid Cudi အနေနဲ့ သူ့ကိုယ်သူ ပြန်ထင်ဟပ်ဖို့ ကြိုးစားခဲ့တယ်လို့ယူဆနိုင်တယ်။ ဒါကြောင့်လည်း ဒီလိုရုပ်ရှင်နဲ့အလ်ဘမ် တွဲထုတ်ခဲ့တာပဲ။ ဒီလိုနဲ့ ဂျဘာရီပြောင်းလာတဲ့ အိမ်အသစ်မှာ အိမ်နီးချင်းဖြစ်တဲ့ ဓာတ်ပုံဆရာမ မဲဒိုး နဲ့ တွေ့ပြီး အချစ်သစ်ကိုစဖို့ အကြောင်းဖန်လာတယ်။ သူတို့ချင်းက အချစ်လို့ပြောလို့လည်းမရပြန်ဘူး။ အစပိုင်းကတော့ Situationship သဘောမျိုးပေါ့။ အဲဒါကို Chapter ၆ ခုနဲ့ တခုချင်းဆွဲသွားတယ်။ ဇာတ်လမ်းတည်ဆောက်ပုံကတော့ အတော်ကောင်းတယ်လို့ပြောနိုင်တယ်။

Post
Kid Cudi
Post
Jessica Williams
Post
Laura Harrier
Post
Ty Dolla $ign
Post
Timothée Chalamet
Post
Vanessa Hudgens

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top