Soi Nakhee (2023)
7.8
Price - 1700Ks
Thai Tv Series
မြန်မာစာတန်းထိုး
Episode 1 to 17
Memory – 23GB
Runtime : 1 hr. 22 min.
Video Format : 1080P
Genres : Mystery Series, Romance Series, Fantasy Series,

Trailer

ထာဝတီ အဖြစ် Now Tisanart
ချုန်/ ဖရထုန် အဖြစ် Blew Worrapon
ဘွန်နိကာ / ပရန်အူဆာ အဖြစ် Cartoon Natcha
အန်ကပ် အဖြစ် Kat Katreeya
ဇာတ်လမ်းအကျဉ်း

ထာဝတီက နဂါးတိုင်းပြည်ကြီးရဲ့ တန်ခိုးကြီး နာခီ(နဂါးမယ်) တစ်ယောက်ဖြစ်ပြီး သီလတရားကျင့်ကြံရင်း ပါရမီဖြည့်ဆည်းနေခဲ့သူ တစ်ယောက်ဖြစ်တယ်

တစ်ရက် မုန်တိုင်းကြောင့် ဖရထုန်ဆိုတဲ့ လူသားယောက်ျား နဂါးပြည်ကမ်းမှာ လာတင်ခဲ့ရာမှ ထာဝတီနဲ့ ချစ်ကျွမ်းဝင်ခဲ့ကြတယ်

ထာဝတီအနေနဲ့ သူမနဲ့လိုက်ဖက်တဲ့ နဂါးမင်းမေခါကို ပစ်ပယ်ပြီး ဖရထုန်နဲ့ ပေါင်းဖက်ရဖို့ တရားကျင့်ကြံထွက်ခဲ့ပေမဲ့ ဖရထုန်ကတော့ ထာဝတီမရှိစဉ် ပရန်အူဆာဆိုတဲ့ ရေမျောလာခဲ့တဲ့ လူသားမိန်းကလေးတစ်ယောက်နဲ့ သစ္စာဖောက်ခဲ့တယ်

အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့အတိုင်း ထာဝတီတစ်ယောက် အကုန်ဖျက်ဆီးဖို့ ကြိုးစားခဲ့ပေမဲ့ နဂါးမင်းမေခါ့အစွမ်းကြောင့် ဖရထုန်နဲ့ ပရန်အူဆာတို့ လွတ်ခဲ့သလို ထာဝတီလည်း ပိတ်လှောင်ခံခဲ့ရတယ်

နှစ်ထောင်ချီကြာပြီးနောက် ရတနာကုမ္ပဏီပိုင်ရှင်တစ်ဦးရဲ့သမီး အန်ကပ်ဟာ ချစ်ရသူရဲ့ သစ္စာဖောက်မှုဒဏ်ကြောင့် ကားမတော်တဆဖြစ်ရင်း နာခီထာဝတီရဲ့ နေရာကို ဝိညာဉ်လွင့်လာရင်း မတော်တဆ ထာဝတီကို ကူညီပါမယ်လို့ ကတိပေးခဲ့မိတယ်

နောက်ထပ် ၂၅ နှစ်ကြာပြီး ပရန်အူဆာနဲ့ ဖရထုန်တို့ ပြန်လည်မွေးဖွား အရွယ်ရောက်လာပြီးနောက် ထာဝတီက ဘဝဆက်တိုင်း ဖရထုန်နောက်လိုက်ဖို့ ကတိအပေါ် အစွဲတည်ပြီး လူ့တိုင်းပြည်ထဲ လက်စားချေဖို့နဲ့ ဖရထုန်ကို ရှာဖို့ ဝင်လာခဲ့ပါတော့တယ်

နှစ်ထောင်ချီကြာထိ စောင့်ခဲ့ရတဲ့ ထာဝတီ တစ်ယောက် သူမချစ်ရတဲ့တစ်ဦးတည်းသောသူ ဖရထုန်ကို ပြန်တွေ့လာရတဲ့အခါ….

သူမရဲ့အချစ်ကို ဖျက်ဆီးခဲ့တဲ့ နှလုံးသားရန်သူ ပရန်အူဆာကို ပြန်တွေ့လာရတဲ့အခါ…

နာခီ(နဂါးမ) ထာဝတီရဲ့ အငြိုးတွေ ဆုတောင်းတွေ ပြည့်သွားနိုင်မလား
နဂါးနဲ့ လူသားတွေကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ “ နာခီလည်ဆွဲ” ဇာတ်လမ်းတွဲမှာ ကြည့်ရှုရအောင် 🐉

( အညွှန်းရေးသားထားသူကတော့ နဂါးမလေးနူးနူး ပါ )

Post
Now Tisanart Sornsuek
Post
Cartoon Natcha Boonpong
Post
Blew Worrapon Jintakoson
Post
Kat Katreeya English
Post
Dom Haetrakul

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top