ဒီကားက မိန်းစထွင်းဟော်ရာကားဆန်ဆန်လိုင်းကို သွားထားတာမဟုတ်ဘူး။ အင်ဒီဆန်ဆန် ဟော်ရာကားမျိုးလို့ပြောရမယ်။ ဟော်ရာဆိုပေမဲ့ သရဲလိုင်းမဟုတ်ဘဲ နတ်ဆိုးလိုင်းပေါ့။ ဒါပေမဲ့ အဲဒီနတ်ဆိုးကို ထည့်သွင်းထားပုံကလည်း တစ်မူထူးခြားနေတယ်။ နတ်ဆိုးပယောဂဆိုတာထက် လူတွေရဲ့ လောဘတရားကို ပိုဇောင်းပေးသလိုလိုတော့ ဖြစ်သွားမယ်။ ပြောသာပြောရတယ် အဲဒီလောက်ရိုးရှင်းနေတဲ့ ဇာတ်လည်းမဟုတ်ပြန်ဘူး။ ဇာတ်ကိုကလည်း နားလည်ရခက်စွာနဲ့ စိတ်ဝင်စားစရာကောင်းနေသလို အပြတွေကလည်း ဘော်ဒီဟော်ရာဆန်ဆန်ကို ရွံစရာကောင်းတာတွေလည်းပါတယ်။ ဒီကားက သမားရိုးကျဟော်ရာကားတွေကြည့်ရတာ ရိုးနေပြီး ကွဲပြားတာလေးကြည့်ချင်တဲ့လူတွေအတွက်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘာမျှော်လင့်ချက်မှမထားဘဲ ဒီတိုင်းပဲ စိတ်ကိုရှင်းထားပြီးသား ကြည့်လိုက်ပါ။ အနည်းဆုံးတော့ ကြည့်ကောင်းပါလိမ့်မယ်။ ဒီထက်လည်း ပိုပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားမြင်နေကျ စံနှုန်းတွေနဲ့ သွားတိုင်းရင်တော့ ဒီရုပ်ရှင်ကို စိတ်ကျေနပ်မယ်လို့တော့မထင်ပါဘူး။ နတ်ဆိုးတောင်မှ အသုံးများတဲ့ နတ်ဆိုးမသုံးဘဲ ဟီဘရူးနတ်ဆိုးကို သုံးသွားတာပါ။ သူ့ကျောရိုးဇာတ်လမ်းကလည်း ဆန်းပြားပါတယ်။ Expressionism, Surrealism ဝတ္တုတောင်ဆန်ပါတယ်။

Post
Toby Poser
Post
Zelda Adams
Post
John Adams
Post
Lulu Adams

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top