Servant of the People (2015)
7.4
Price - 2000Ks
Hollywood Tv Series
မြန်မာစာတန်းထိုး
Season 1 - 3
Memory – 31 GB
Runtime : 28min
Video Format : 1080 P
Genres : Comedy Series,

Trailer

စီးရီးရဲ့နာမည်က Servant of The People “လူထုရဲ့အစေခံ” တဲ့။

နိုင်ငံတစ်ခုရဲ့သမ္မတ/အစိုးရဆိုတာ လူထုရဲ့အစေခံအဖြစ် အလုပ်အကျွေးပြုရပါမယ်ဆိုတဲ့ သဘောမျိုးပေါ့…”လူထုအစေခံ”ဆိုတဲ့နာမည်နဲ့ပါတီထောင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပြီး သမ္မတဖြစ်ခဲ့တဲ့ ဇလန်စကီးဟာတော့ ယနေ့ချိန်ခါမှာ အင်အားကြီးရုရှားနိုင်ငံရဲ့ကျူးကျော်မှုကို ယူကရိန်းလူထုနဲ့အတူ ဦးဆောင်ဖြေရှင်းနေတာ တွေ့ရမှာပါ။

ဇလန်စကီးက ရုပ်ရှင်ထဲမှာ ရိုးရိုးကျောင်းဆရာတစ်ယောက်ဗျ။ မိန်းမဖြစ်သူနဲ့ကလေးနဲ့ကွဲထားပြီး သူ့မိဘအိမ်မှာ ပြန်လာတက်နေနေတဲ့ ကျောင်းဆရာကိုလူအေးပေါ့ဗျာ။ ကိုလူအေးဆိုပေမဲ့ အေးချင်လို့အေးနေတာတော့မဟုတ်ဘူး။ သမိုင်းသင်တာဆိုတော့ အကုန်လုံးကို သိပေမဲ့ မသိချင်ယောင်ဆောင်ပြီး စိတ်လျှော့ထားရတာမျိုးပေါ့။ ဒါပေမဲ့စိတ်မရှည်တော့တဲ့အထိ သည်းခံနိုင်စွမ်းကုန်သွားတဲ့တစ်နေ့ ဒုကျောင်းအုပ်ကို ရွေးကောက်ပွဲကိစ္စ‌တွေ၊ နိုင်ငံရေးဂျင်းသမားတွေအကြောင်းတွေ၊ နိုင်ငံတော်ကြီးအမြဲဘာလို့သောက်တစ်လွဲဖြစ်နေရလဲတွေကို ပေါက်ကွဲပွင့်ထွက်ပြောနေတဲ့ ဗီဒီယိုကို သူ့ကျောင်းသားတစ်ယောက်က ခိုးရိုက်ပြီး လိုင်းပေါ်တင်ရာကနေ လူပေါင်းသန်းချီသဘောကျသွားတာကနေ ဇာတ်လမ်းစသွားတယ်ပေါ့ဗျာ။

တစ်ခါမှမပေါက်ကွဲဖူးတဲ့ ရိုးရိုးအေးအေးသမိုင်းဆရာတစ်ယောက်ရဲ့ သမ္မတနေရာမှာ ကျုပ်တစ်ပတ်လောက်နေပြီး လုပ်ပြကိုင်ပြရမလားဆိုတဲ့စကား ရေပန်းစားသွားရာကနေ သူ့ကိုသမ္မတနေရာဝင်ပြိုင်ခွင့်ရအောင် ဘယ်လိုကြိုးစားလိုက်လို့သမ္မတဖြစ်သွားတယ်၊ သမ္မတဖြစ်ပြီးတဲ့နောက်မှာရော ပါတီကြီးတွေရဲ့ဘယ်လိုတိုက်ခိုက်မှုတွေကြုံရမယ်၊ သူပြောတဲ့အတိုင်း တကယ်ကြီးစွမ်းဆောင်နိုင်မှာလား၊ တကယ့်ကို လူထုရဲ့အစေခံဖြစ်လာမှာလား၊ နိုင်ငံရေးလောကရဲ့ ရွံစရာကောင်းတဲ့အချက်တွေ၊ ဒီမိုကရေစီစနစ်ရဲ့ဟာကွက်တွေ၊ ပြည်သူတွေကို ဇကောထဲက ဆီဖြူးသီးလေးတွေလို လှိမ့်ဖို့ကြိုးစားနေတဲ့ နိုင်‌ငံရေးဂျင်းသမားတွေကို ဗက်ဆလာဆိုတဲ့ ရုတ်တရတ်သမ္မတကောက်ဖြစ်တဲ့ ဇလန်စကီးဘယ်လိုရင်‌ဆိုင်သွားမလဲဆိုတာ ဟာသတွေ သရော်တာတွေ၊ ရှယ်သိပ်တာ‌တွေနဲ့ Satire ဆန်ဆန် ခံစားရယ်မောရမှာပါ။

Post
Volodymyr Zelenskyy
Post
Stanislav Boklan
Post
Viktor Saraykin
Post
Elena Kravets
Post
Valentina Ishchenko
Post
Evgeniy Koshevoy
Post
Nataliya Sumskaya
Post
Ekaterina Kisten
Post
Georgiy Povolotskiy
Post
Yuriy Krapov
Post
Olha Zhukovtsova-Kyiashko
Post
Aleksandr Pikalov
Post
Anna Koshmal
Post
Miko Fatalov
Post
Galina Bezruk
Post
Rinat Khabibulin
Post
Aleksey Smolka
Post
Anastasiya Karpenko

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top