ဇာတ်လမ်းကတော့ အဖေမဲ့ကြီးပျင်းလာပြီး ဘဝဒဏ်ကိုမျိုးစုံခံခဲ့ရတဲ့ ကောင်လေးဟာ အလုပ်ကပြုတ်ပြီး တက္ကစီသမားလုပ်နေတယ်။ သူ့မိန်းမကလည်း နေ့စေ့လစေ့ကလေးမွေးတော့မှာဖြစ်သလို ကလေးပစ္စည်းတွေရဲ့ ကုန်ဈေးနှုန်းကလည်းကြီး သူ့ဝင်ငွေကလည်းသိပ်မရှိတော့ ဒုက္ခအတိနဲ့ ဘဝကြီးထဲ ထွက်ပေါက်မဲ့နေတဲ့ လူပေါ့။ ဒီနောက် ကူကယ်ရာမဲ့ဖြစ်နေတဲ့ သူ့ဘဝထဲ ကယ်တင်ရှင်လိုလို အသင်းအဖွဲ့တစ်ခုနဲ့ တိုးတယ်။ ဒီအဖွဲ့ကလည်း စားတော့စားတယ်။ အဖွဲ့ဝင်အကုန်လုံးက မိန်းမတွေကလေးတွေကိုအပြီးအပိုင်ပစ်ပြီး ပျော်ပျော်ကြီးလာပျော်ပါးနေကြတဲ့လူတွေ။ အဲဒီလူတွေက သူ့ကို ဒီအဖွဲ့ထဲသွင်းဖို့ကြံကြတယ်။ သူလည်း စိတ်မပါတပါဖြစ်နေရာကနေ သူ့မိန်းမဆီက လေးစားမှုလည်းမရတော့တဲ့နောက် စိတ်ကပါလာတယ်။ အဲဒီနောက် သူနဲ့အဲဒီအဖွဲ့နဲ့ သူ့မိန်းမကြားက စိတ္တဇဆန်ဆန်အဖြစ်တွေကို ဂျက်စီကာအိုင်ဆန်ဘတ်ရဲ့ အားလုံးသိပြီးသား သရုပ်ဆောင်စကေးနဲ့ ခင်းကျင်းပြသွားတဲ့ကားတစ်ကားပေါ့

Post
Jesse Eisenberg
Post
Adrien Brody
Post
Odessa Young
Post
Philip Ettinger

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top