Liar Game (2014)
8.2
Price - 1000Ks
Korea Tv Series
မြန်မာစာတန်းထိုး
Episode 1 - 12
Memory – 16 GB
Runtime : 1 hour 3 min
Video Format : 1080 P
Genres : Thriller Series, Mystery Series, Psychological Series, Drama Series,

Trailer

နမ်ဒါဂျောင်းဆိုတဲ့ကောင်မလေးက သူများနဲ့မတူအောင် ကြင်နာတတ်တဲ့ကောင်မလေးပါ။
ကံမကောင်းအကြောင်းမလှစွာနဲ့ အကြွေးနစ်နေတဲ့အဖေဖြစ်သူကထွက်ပြေးသွားတာကြောင့်
ကျောင်းထွက် အချိန်ပိုင်းအလုပ်တွေတစ်ပုံတစ်ပင်လုပ်ပြီးတော့ အဖေဖြစ်သူရဲ့အကြွေးတွေကိုဆပ်ပေးနေရသူလေးပေါ့။
တစ်နေ့အလုပ်သွားတဲ့လမ်းမှာ အဘွားအိုတစ်ယောက်ကိုကူညီပေးရာက
လူလိမ်ဂိမ်းလို့ခေါ်တဲ့ အမြင့်ဆုံးဆုကြေးငွေ $ 10 million အထိပေးမယ့် Survival game show တစ်ခုမှာ
ပါဝင်ဖို့ဖြစ်ခဲ့ပါတယ်။ လူလိမ်ဂိမ်းဆိုတာက ပရိတ်သတ်ရဲ့မဲပေးရွေးချယ်မှုနဲ့
ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ပြိုင်ပွဲဝင်တွေအချင်းချင်း နည်းလမ်းမျိုးစုံနဲ့လှည့်စားပြီးတော့
ပိုက်ဆံလိမ်ယူရတဲ့ဂိမ်းပါ။ အဲဒီဂိမ်းကိုဖန်တီးခဲ့တဲ့သူကတော့ ဂန်ဒိုယောင်းလို့ခေါ်တဲ့ အောင်မြင်တဲ့
Financial analyst (ငွေကြေးဆန်းစစ်သူ) တစ်ဦးပဲဖြစ်ပါတယ်။
သူပိုင်ဆိုင်ထားတဲ့ ငွေကြေး၊အာဏာနဲ့ လူတွေကိုခြယ်လှယ်ချင်သူတစ်ဦးပေါ့။
အချိန်ပိုင်းလုပ်အားခ တစ်နာရီကို ဝမ် ၅၀၀၀ပဲရတဲ့ နမ်ဒါဂျောင်းက
အမြင့်ဆုံးဆုကြေးငွေ $ 10 million ရဖို့အတွက် ဂိမ်းကိုဘယ်လိုယှဉ်ပြိုင်ဆော့ကစားမလဲ။
နမ်ဒါဂျောင်းကိုကူညီမယ့် ထောင်ထွက် ဉာဏ်ကြီးရှင်လူလိမ် ဟာဝူဂျင်းရဲ့
သရုပ်မှန်ကရော ဘာဖြစ်မလဲ။ နောက်ဆုံးမှာ $ 10 million ကို
ဘယ်သူရသွားမလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ပါတော့။
ပိုက်ဆံအတွက်အချင်းချင်းလိမ်လည်လှည့်စားရတဲ့ဇာတ်လမ်းမို့လို့ plot twist တွေ
အများကြီးနဲ့ စိတ်ဝင်စားဖို့အလွန်ကောင်းတဲ့ တစ်ထိုင်တည်းကြည့်ချင်မယ့် series မျိုးဖြစ်ပါတယ်။
ဇာတ်ရှိန်ကောင်းကောင်းနဲ့ ခေါင်းစားရတဲ့ဇာတ်လမ်းမျိုးကြိုက်တတ်တဲ့သူတွေ ကြည့်သင့်ပါတယ်။

Post
Lee Sang Yoon
Post
Kim So Eun
Post
Shin Sung Rok
Post
Cha Soo Yeon
Post
Choi Jin Ho
Post
Choi Yoon So
Post
Jo Jae Yoon
Post
Lee El
Post
Lee Shi Hoo
Post
Kim Min Kyung
Post
Lee Chul Min
Post
Park Jae Hoon
Post
Jang Seung Jo
Post
Lee Gyu Bok
Post
Park Ho San
Post
Park Noh Shik
Post
Mi Ram
Post
Lee Hae Young

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top