The Hunt for Veerappan (2023)
8.0
Price - 400Ks
Bollywood Tv Series
မြန်မာစာတန်းထိုး
Episode 1 to 4
Memory – 4GB
Runtime :
Video Format : 720P
Genres : Documentary Series, Biography Series, Crime Series,

Trailer

Documentaryကောင်းကောင်း ငတ်မွတ်တောင့်တနေသူတွေအတွက် Netflixကနေ ရေကြည်တစ်စက်ပတ်ဖြန်းလိုက်ပါပြီ။

အိန္ဒိယတောင်ပိုင်းရဲ့တောတောင်တွေကို အုပ်စိုးတဲ့တရားမဝင်အမဲလိုက်သမားကနေ
အိန္ဒိယရဲ့အကြီးမားဆုံးရာဇဝတ်ကောင် စန္ဒကူးမှောင်ခိုသမားတစ်ဖြစ်လဲ
တောဘုရင်ကြီးတစ်ယောက်ကို လိုက်လံဖမ်းဆီးခဲ့တဲ့အကြောင်းပေါ့။

သူ့ရဲ့မိသားစုမိတ်ဆွေတွေရဲ့ အမြင်၊လိုက်လံဖမ်းဆီးခဲ့တဲ့ အရာရှိတွေရဲ့အမြင်၊
တပည့်တပန်းတွေရဲ့အမြင်တွေကို လိုက်လံမေးမြန်းထားတာတွေ။

သူ့အပေါ် သစ္စာရှိတဲ့လူအပေါ်မှာ သူ့အသက်ကိုစတေးလိုက်ဖို့ဝန်မလေးသလို သစ္စာဖောက်တဲ့လူကိုလည်း
ရက်ရက်စက်စက်သတ်ဖြတ်တတ်တယ်ဆိုတဲ့ နှလုံးလှလူမိုက်ကြီး။

အစိုးရအာဏာပိုင်တွေဘက်က သမိုင်းမှာအဆိုးဝါးဆုံးရာဇဝတ်ကောင်အဖြစ်သတ်မှတ်ပေမယ့်
ရွာသူရွာသားတွေက ဘုရားလိုကိုးကွယ်ကြပြန်ရော။

ပြည်နယ်နှစ်ခုပေါင်းပြီး လိုက်လံဖမ်းဆီးပေမယ့်လည်း ဆယ်စုနှစ်ကြာလွတ်မြောက်ထွက်ပြေးနိုင်ခဲ့သူကြီး။
အိန္ဒိယရဲ့သမိုင်းမှာ ကာလအရှည်ကြာဆုံးနဲ့ ကုန်ကျစရိတ်အများဆုံး လိုက်လံဖမ်းဆီးခဲ့ရတဲ့ ရာဇဝတ်ကောင်ကြီး။
“မူသူး နင့်ကိုငါ လက်ထပ်မလို့တွေးနေတာ နင်ရောဘယ်လိုလဲ”
“နင်မှငါ့ကို မယူရင် ငါ့နှလုံးသားကိုလည်း ကျောက်စိုင်ကျောက်ခဲအဖြစ်ထားလိုက်တော့မယ်
တစ်သက်လုံး တခြားမိန်းမကိုရှာမှာမဟုတ်တော့ဘူး”ဆိုတဲ့ ဒရာမာကင်းကြီးလည်းဖြစ်ပြန်ရော။
သူ့နာမည်က ဗီရပ်ပန်တဲ့။

ဗီရပ်ပန်ဘ၀ရဲ့ အတက်အကျအနိမ့်အမြင့်တွေ၊ ကြင်နာတတ်မှုတွေနဲ့ ရက်စက်မှုတွေကိုအပိုင်းလေးပိုင်းနဲ့
တစ်၀ကြီးခံစားကြည့်ရှုလိုက်ပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေက​တော့ V~Thaik San~Yunni~Alexတို့ပဲဖြစ်ပါတယ်)


You must be logged in to post a comment.
Log In
Wishlist Menu Cart
Top