VIVANT (2023)
8.0
Price - 1000Ks
Japan Tv Series
မြန်မာစာတန်းထိုး
Episode 1 to 10
Memory – 11GB
Runtime : 54 min
Video Format : 720P
Genres : Action Series, Adventure Series, Thriller Series, Mystery Series,

Trailer

ဂျပန်ဇာတ်လမ်းတွဲတွေရဲ့ ဇာတ်အထနှေးတာကို မကြိုက်တဲ့လူတွေ ကိုရီးယားဇာတ်လမ်းတွဲကြိုက်တဲ့လူတွေတောင် ဒီဂျပန်ဇာတ်လမ်းတွဲကို တော်တော်လေးကြိုက်လောက်ကြမယ်။ ဒီလိုပြောလို့ ဂျပန်ဇာတ်လမ်းတွဲတွေရဲ့ ပေးနေကျအရသာပျက်သလားဆိုတော့လည်း မပျက်ပြန်ဘူး။ ဒါပေမဲ့ ဂျပန်ဇာတ်လမ်းတွဲနဲ့ တူသလားဆိုတော့လဲ မတူပြန်ဘူး။ တော်တော်လေး ကြားကျသလို ဇာတ်လမ်းတည်ဆောက်ပုံ ကာရိုက်တာတည်ဆောက်ပုံ နောက် သရုပ်ဆောင်တွေကအစ လန်ပြန်ထွက်နေတယ်။ သရုပ်ဆောင်တွေကျလည်း ဟ ဒီဇာတ်လမ်းတွဲထဲ ဒီဘဲတွေ ဘာကိစ္စပါလာတာလဲ ပြောရမယ့်ဘဲတွေချည်း။ ဖျော်ဖြေရေးအရတော့ တော်တော်ကွာလတီကောင်းတဲ့ စီးရီးပါပဲ။

ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာကောင်းတယ်။ ဂျပန်ကုမ္ပဏီတစ်ခုက နိုင်ငံခြားကုမ္ပဏီတစ်ခုကို ရင်းနှီးမြုပ်နှံငွေလွှဲပေးရာမှာ ဒေါ်လာ၁၀သန်းနဲ့ သန်း၁၀၀ မှားလွှဲမိရာကစတယ်။ ငွေပမာဏက တော်တော်ကွာနေတော့ ကုမ္ပဏီတစ်ခုလုံး ဒါဘယ်လိုဖြစ်တာလဲဆိုပြီး ဂျွမ်းပြန်ကုန်ရော။ ဒီတော့ ဒီကိစ္စရဲ့တာဝန်ရှိသူလို့ အားလုံးဝိုင်းသတ်မှတ်လိုက်ကြတဲ့ နိုဂိဆိုတဲ့ ဝန်ထမ်းက ဒီကိစ္စကိုဖြေရှင်းရဖို့ ဖြစ်လာတယ်။

ကန္တာရကြားက Balka လို့ ခေါ်တဲ့ နိုင်ငံလေးကို ရောက်လာပြီး အဲဒီငွေတွေကို ပြန်ရဖို့ကြိုးစားတယ်။ ဒါပေမဲ့ ငွေတွေကို လက်ဝယ်ရှိနေတဲ့သူလို့ သူသိထားတဲ့သူက လျှို့ဝှက်ပြီး အင်အားကြီးတဲ့ အကြမ်းဖက်အဖွဲ့က ခေါင်းဆောင်ပိုင်းအဖွဲ့ဝင်ဖြစ်နေတယ်။ အဲဒီလူက သူရောက်လာတော့ အံ့ဩသွားပြီး မင်းက “Vivant” ကလား လို့ မေးပြီး သူ့ကိုယ်သူ ဗုံးခွဲသတ်သေရင်း အားလုံးပါ အပါခေါ်ဖို့ လုပ်တယ်။ ဒီအချိန် Hiroshi Abe ရဲ့ ဇာတ်ကောင် နိုဇခိက နိုဂိကို လာဝင်ကယ်သွားတယ်။ ဒီနောက် Balka ရဲတွေက နိုဂိကို ဗုံးခွဲလိုက်တယ်ထင်လို့သက်သက်ပဲလား ဘာအကြောင်းကြောင့်လားမသိ အသည်းအသန်လိုက်ရှာနေသလို သံရုံးအရာရှိနိုဇခိကလည်း နိုဂိကို အသည်းအသန်ကြိုးစားကယ်ခဲ့တယ်။ ဒါတွေအကုန်လုံးက Vivant ဆိုတဲ့ စကားလုံးတစ်လုံးကနေစပြီး Vivant ဆိုတာ ဘာလဲဆိုတာကို အက်ရှင်တွေ ပဟေဠိတွေ လှိုင်လှိုင်နဲ့ စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်လမ်းပါ။ သူတို့စကားတွေအရတော့ နိုဂိဝင်ပတ်သက်မိတဲ့ ကိစ္စက ကမ္ဘာနဲ့ချီပြီးဂယက်ရိုက်သွားနိုင်တဲ့ ကိစ္စလို့တော့ ပြောကြတာပါပဲ။ ဘယ်နိုင်ငံတွေထပ်ရောက်ပြီး ဘယ်လိုသည်းထိတ်ရင်ဖိုတွေ ကြုံဦးမလဲတော့ စောင့်ကြည့်ကြရမှာပဲ။

Post
Sakai Masato
Post
Abe Hiroshi
Post
Nikaido Fumi
Post
Matsuzaka Tori
Post
Yakusho Koji
Post
Ninomiya Kazunari
Post
Tomisakae Drum
Post
Barslkhagva Batbold
Post
Ryusei Ryo

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top