God’s Gift 14 Days (2014)
8.3
Price - 1500Ks
Korea Tv Series
မြန်မာစာတန်းထိုး
Episode 1 to 16
Memory – 22GB
Runtime : 1 hr 5 min
Video Format : 720P
Genres : Thriller Series, Mystery Series, Drama Series, Supernatural Series,

Trailer

မိသားစုတစ်စု အဖေရောအမေရော အလုပ်ကိုယ်စီမှာ အရေးပါတဲ့သူဆိုတော့ သမီးလေးကိုသိပ်အချိန်မပေးနိုင်ရှာဘူး..
ကလေးထိန်းနဲ့ကျောင်းမှာပဲအချိန်အများစုကုန်ဆုံးရတယ်.. ဒီလိုနဲ့ တစ်နေ့တော့ ကလေးကပြန်ပေးဆွဲခံလိုက်ရတယ်..
ပြန်ပေးဆွဲသူဟာ အမေအလုပ်လုပ်နေတဲ့ ရုပ်သံဌါနထိ ရုပ်သံလွှင့်ချိန်မှာ ဖုန်းဆက်ပြီး ဆက်သွယ်ခဲ့တော့
တစ်နိုင်ငံလုံးလည်း သိကုန်ကြတယ်..

ဒီလိုနဲ့ ကလေးက ပြန်ပေးသမားကြောင့်သေဆုံးခဲ့ပြီး ရေထဲကနေအလောင်းကိုပြန်ရှာတွေ့ခဲ့တယ်ပေါ့..
ဇာတ်လမ်းက ခုမှစတာ…
မိဘ(၂)ဉီးအတွက် သမီးလေးတစ်ယောက်ဆုံးရှုံးလိုက်ရတာ ကမ္ဘာပျက်သလိုပါပဲ..အထူးသဖြင့်မိခင်အတွက်ပေါ့..
ဖခင်က အတတ်နိုင်ဆုံးကြိုးစားဖြေသာရှာပေမဲ့ မိခင်ကတော့ နောက်ဆုံး သမီးရေနစ်သေတဲ့မြစ်ထဲခုန်ချသေဖို့ဆုံးဖြတ်လိုက်တယ်..
ရေထဲခုန်ချခါနီး သူမနဲ့မလှမ်းမကမ်းမှာပဲ လူဆိုးဂိုဏ်းတစ်ဖွဲ့က
စုံထောက်ပြုတ်ယောက်ျားတစ်ဦးကို ချုပ်ပြီး ရေထဲကန်ချဖို့လုပ်နေတယ်..
တကယ်တော့ သူတို့ ၂ဦးက လူချင်းသိကြလို့ စုံထောက်ပြုတ်က လှမ်းအကူညီတောင်းတယ်. ဒါပေမဲ့လည်း ၂ယောက်လုံးရေထဲရောက်သွားကြတယ်..
စုံထောက်ပြုတ်က ရေထဲရောက်တဲ့အချိန် အသက်မသေဘဲ သူ့အသိအမျိုးသမီးကိုလည်း ကယ်နိုင်ခဲ့တယ်..
ထူးဆန်းစွာပဲ သူတို့ဟာ သမီးလေးမသေဆုံးမီ ၁၄ ရက်အလိုကိုရောက်သွားတာပဲ…
အချိန်ရွှေ့သွားတဲ့သဘောပေါ့.. ဒီတော့ အမေဖြစ်သူဟာ သမီးသေဖို့ကိုတားဆီးဖို့အချိန် ၁၄ ရက်ရတဲ့ဆိုတဲ့သဘောပဲ..
ဒီမှာသူရဲ့အဖြစ်ကိုရဲတွေနဲ့ယောက်ျားကိုပြောပေမဲ့လည်း အကုန်လုံးက
သူ့ကိုအရူးလိုပဲမြင်နေကြတယ်.. ဖြစ်မဲ့ဟာတွေကြိုပြောတော့ဘယ်သူက ယုံကြည်ကြပါ့မလဲ..
ဒီမှာသူနဲ့အဖြစ်တူတာက အစောက စုံထောက်ပြုတ်..
သူလည်းတိုင်ပတ်နေတာ ရေကန်ထဲက တက်လာချိန် အချိန်တွေက
နောက်ကိုပြန်ရောက်နေတော့.
ဒီမှာ လူသတ်တရားခံကို သူတို့(၂)ယောက်ပေါင်းရှာကြတာပဲ…
ဒီဇာတ်လမ်းတွဲက အပိုင်း ၁ က ဒီလိုပဲဖောရှောပဲလို့ထင်ရပေမဲ့ အဲ့အပိုင်းတွေကလည်း
အခရဖြစ်နေတယ်..မိခင်ဖြစ်သူက ရေကန်နဲ့အဝေးဆုံး တခြားမြို့ကိုလေယာဉ်နဲ့ထွက်ပြေးတာတွေ
သမီးမဆုံးခင်က အဖြစ်အပျက်တွေကိုနည်းအမျိုးမျိုးနဲ့ရှောင်ဖို့ကြိုးစားတယ်..
ဒါပေမဲ့လည်း တစ်နည်းနည်းနဲ့ဖြစ်တာချည်းပဲ..
ဒီတော့သူက ရင်ဆိုင်ဖြေရှင်းဖို့ပဲဆုံးဖြတ်လိုက်တယ်.. တော်တော်ကြီးစိတ်ဝင်စားဖို့ကောင်းတယ်
အပိုင်းတိုင်းက ကျော်ကြည့်လို့မရဘူး..အကုန်ဆက်စပ်နေသလို ကြည့်တဲ့သူအတွက်စိတ်လည်းအတော်ပင်ပန်းရတယ်..
စကြည့်တုန်းက ဒီလောက်ကြီးကောင်းမယ်လို့ကိုမထင်ထားခဲ့တာ..
အီသွားတာကိုမရှိဘူး…

ကျန်အပိုင်းများကို နေ့စဉ်တင်ဆက်ပေးသွားပါမည်..

Post
Lee Bo Young
Post
Cho Seung Woo
Post
Kim Tae Woo
Post
Kim Yoo Bin
Post
Jung Gyu Woon

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top