Behind Every Star (2022)
7.6
Price - 1000Ks
Korea Tv Series
မြန်မာစာတန်းထိုး
Episode 1 to 12
Memory – 15GB
Runtime : 1 hr 10 min
Video Format : 720P
Genres : Comedy Series, Romance Series, Life Series,

Trailer

ဒီဇာတ်လမ်းလေးကတော့ ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မဲ့ Comedy/Romance Drama လေးတစ်ခုဖြစ်ပါတယ်
ဒီဇာတ်လမ်းမှာ နာမည်ကြီးမင်းသား မင်းသမီးများရဲ့နောက်ကွယ်ကနေ ပံ့ပိုးပေးနေကြတဲ့ မန်နေဂျာတွေနဲ့ အခြားရိုက်ကွင်းအဖွဲ့သားတွေရဲ့ ဘဝတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲတွေကို ရိုက်ကူးပြသထားပါတယ်

ဇာတ်လမ်းအကျဉ်း

METHOD Entertainment ကတော့ မင်းသားမင်းသမီးတွေများစွာနဲ့ အလုပ်တွဲလုပ်နေတဲ့ နာမည်ကြီး အေဂျင်စီကြီးတစ်ခုဖြစ်တယ်
ဒီအေဂျင်စီကြီးမှာရှိတဲ့ ဝန်ထမ်းတွေကတော့ သရုပ်ဆောင်တွေအတွက် အလုပ်အကိုင်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုပါ ဖြေရှင်းပေးနေရတာပါ

မာထယ်အိုကတော့ ကျွမ်းကျင်မန်နေဂျာတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီမှာတော့ ဒါရိုက်တာရာထူးနဲ့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်
ဉာဏ်ကောင်းပြီး သိမ်မွေ့ပေမယ့် ဗျူဟာကောင်းတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ဘယ်လိုလှည့်စားမှုမျိုးကိုမဆို သူက ကျွမ်းကျင်စွာ လုပ်ဆောင်တတ်တယ်

ချွန်းဂျယ်အင်ကတော့ မန်နေဂျာလုပ်သက် ၁၄ နှစ်ရှိတဲ့ ဝါရင့်မန်နေဂျာတစ်ယောက်ပါ
အလုပ်မှာဆိုရင်လည်း မန်နေဂျာအဖွဲ့ရဲ့ အဖွဲ့မှူးတစ်ယောက်ဖြစ်တယ်
အရည်အချင်းရှိပြီး အလုပ်ဂျပိုးတစ်ယောက်လည်းဖြစ်တယ်
ဒေါသကြီးပြီး သူဖြစ်ချင်တာဆိုရင် ဘာကိုမှဂရုမစိုက်ဘဲ ရအောင်လုပ်တတ်လို့
မာထယ်အိုနဲ့သူမက အမြဲတမ်း ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေကျပါ

ဂင်ဂျောင်ဒွန် ကတော့ ချွန်းဂျယ်အင်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး အလုပ်မှာလည်း ဂျယ်အင်နဲ့ ရာထူးတူညီစွာပဲ မန်နေဂျာအဖွဲ့မှူးရာထူးကိုရထားတာပါ
ဒါပေမဲ့ ဂျောင်ဂျွန်ကတော့ ဂျယ်အင်နဲ့ဆန့်ကျင်ဘက် သိမ်မွေ့ယဉ်ကျေးတဲ့သူတစ်ယောက်ဖြစ်နေပါတယ်

တစ်နေ့ သူတို့ဝါရင့်မန်နေဂျာတွေကြားထဲ မန်နေဂျာလက်သစ်လေး ဆိုဟျွန်းဂျူရောက်လာတဲ့အခါ…
လူသစ်လေးဖြစ်တဲ့ ဆိုဟျွန်းဂျူတစ်ယောက် မန်နေဂျာတွေရဲ့ နေ့စဉ်ဒုက္ခတွေ ဖြေရှင်းရတဲ့ ပြဿနာတွေကို ရင်ဆိုင်နိုင်ပါ့မလား
သူမရထားတဲ့အလုပ်ကို သေချာလုပ်နိုင်မလားဆို ဘယ်လိုအခက်အခဲလေးတွေ အလွဲလေးတွေ ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင် ။

Post
Lee Seo Jin
Post
Kwak Sun Young
Post
Seo Hyun Woo
Post
Joo Hyun Young
Post
Shim So Young
Post
Kim Tae Oh
Post
Kim Gook Hee
Post
Moon Hee Kyung
Post
Kim Won Hae
Post
Shin Hyun Seung

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top