Satja Nai Chum Joan (2022)
7.1
Price - 1500Ks
Thai Tv Series
မြန်မာစာတန်းထိုး
Episode 1 to 17
Memory – 15GB
Runtime : 1 hr 25 min
Video Format : 720P
Genres : Action Series,

Trailer

ရာချန်/ ဒိတ် အဖြစ် Om Akkaphan
ဟန် အဖြစ် Kelly Rattapong
ကျရီယာ အဖြစ် Praew Chermawee
ကော်ကစ် အဖြစ် Kiatipoom
ဝယ်ဒေါင်ဝ်အဖြစ် Anna glucks

ဇာတ်လမ်းအကျဉ်း

ဒိတ်က အစိုးရအရာရှိကြီးတစ်ဦးရဲ့သားဖြစ်ပြီး တစ်နေ့ အဖေဖြစ်သူဟာ နာမည်ကြီးဓားပြတစ်ဦးဖြစ်တဲ့ ဆီယာဟန်ရဲ့ လုယက်တာခံလိုက်ရပြီး တိုင်းပြည်ဘဏ္ဍာတွေပါသွားခဲ့ပါတယ် ဒါ့အပြင် ဆီယာဟန်ရဲ့အချိတ်အဆက်ဖြစ်တဲ့ ရဲအုပ်ကြောင့် ဒိတ်ရဲ့ဖခင်က ထောင်ကျခဲ့ရတဲ့အပြင် ဒိတ်အမေနဲ့ညီမဖြစ်သူပါသေဆုံးခဲ့ရပါတယ်
ဒိတ်ကို ဖခင်ဖြစ်သူကခေါ်တွေ့ပြီးအကြောင်းစုံပြောကာ မိသားစုပိုင်ဓားတစ်လက်ကိုအပ်ရင်း သေဆုံးသွားခဲ့တယ်

အန္တရာယ်ကြားရောက်နေတဲ့တူဖြစ်သူဒိတ်ကို အမေ့အစ်ကိုဖြစ်သူ မဟာကလာကယ်သွားရင်း ဒိတ်က တခြားမြို့မှာ ရာချန်ခြံပိုင်ရှင်ဖြစ်တဲ့သူဌေးလေးရာချန်အဖြစ်ကြီးပြင်းလာခဲ့တယ်

သူဌေးရာချန်ရဲ့နောက်ထပ်အလုပ်ကတော့ ဓားပြခေါင်းဆောင် ဆီယာဒိတ်ဖြစ်ပြီး ဂုတ်သွေးစုပ်နေတဲ့သူဌေးတွေကိုလိုက်နှိမ်နင်းတာပဲ ဖြစ်ပါတယ်
တစ်ရက် ရာချန်က ညီမဝမ်းကွဲဖြစ်သူဝယ်ဒေါင်ဝ့်ကိုလိုက်ရှာရင်း သူဌေးသမီးလေး ကျရီယာနဲ့တွေ့ခဲ့သလို ဝယ်ဒေါင်ဝ်ကလည်း ရဲအုပ်ကော်ကစ်နဲ့တွေ့ဆုံခဲ့ပါတယ်

ကျရီယာအနေနဲ့ ရာချန့်ကို မြင်မြင်ချင်းသဘောကျသွားမိပေမဲ့ ကျရီယာက တရားမဝင်ကုန်ကူးသန်းရောင်းနေတဲ့ သူဌေးကြီးချတ်ရဲ့သမီးဖြစ်နေခဲ့တဲ့အခါ…

ဒါ့အပြင် တရားမျှတမှုကိုလိုလားတဲ့ ရဲအုပ်ကော်ကစ်ရဲ့ဖခင်ဖြစ်သူတောအရာရှိ ကတ်ကလည်း သူဌေးချတ်နဲ့အလိုတူအလိုပါဖြစ်နေတဲ့အခါ…

တစ်ချိန်လုံး လက်စားချေချင်နေခဲ့တဲ့ ဆီယာဟန်ရဲ့သတင်းကိုပါကြားလာရတဲ့အခါ…

ဆီယာဒိတ် တဖြစ်လဲ ရာချန်တစ်ယောက် မိသားစုအတွက်လက်စားချေနိုင်မလား

တရားမဝင်ကုန်ကူးသန်းရောင်းနေတဲ့ သူဌေးချတ်ကိုရော ပညာပေးနိုင်မလား

ငယ်ကတည်းက ဖခင်စကားအတိုင်းလိုက်နာခဲ့ရတဲ့ကျရီယာကရော ဖခင်ကိုလွန်ဆန်ပြီး ချစ်ရသူကိုရွေးနိုင်ပါ့မလားဆိုတာကြည့်ရှူရမှာဖြစ်ပါတယ် ။

( အညွှန်းရေးသားထားသူကတော့ Nue Nue ပါ )

Post
Om Akkaphan Namart
Post
Kelly Rattapong Tanapat
Post
Praew Chermawee Suwanpanuchoke

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top