My Dear Gangster Oppa (2023)
7.5
Price - 800Ks
Thai Tv Series
မြန်မာစာတန်းထိုး
Episode 1 to 8
Memory – 5GB
Runtime : 45 min
Video Format : 720P
Genres : Romance Series, Crime Series,

Trailer

Ai Long Nhaiထဲက Ai-Nhai couple ရဲ့ second BL Series လေး ဖြစ်တဲ့
My Dear Gangster Oppaလေးထွက်ရှိလို့လာပါပြီ။

ဒီတစ်ခါမှာတော့ မျက်နှာတည်တဲ့ gangster cool guy ကြီး “ထရူ” နဲ့
introvertကျောင်းသားလေး “ဂိုင်း” တို့ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရမှာဖြစ်ပါတယ်။

အမြဲတမ်းအထီးကျန်ဆန်နေတဲ့ အတန်းရဲ့ချောင်တစ်နေရာမှာ ဘယ်သူမှမမြင်ဘဲ
ကိုယ်ပျောက်နေတတ်တဲ့ introvert ကောင်လေး “ဂိုင်း” အတွက်တော့ ‌
နွေးထွေးတတ် ကြင်နာတတ်တဲ့ ဝါရ်ဆိုတဲ့ကောင်လေးဟာ အရာရာဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ social butterfly ဖြစ်တဲ့ ဝါရ် အတွက်တော့ သူငယ်ချင်း ဆိုတာ မှိုလိုပေါက်နေတာပေါ့။

ဒါပေမဲ့ အဖြူထည်သူငယ်ချင်းကနေ တဖြည်းဖြည်းခံစားချက်အရောင်ပြောင်းလာတဲ့ ဂိုင်း က
သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟဝန်ခံဖို့ ပြင်ဆင်လာတဲ့‌နေ့နဲ့
ဝါရ်က သူ့ရဲ့ချစ်သူကောင်မလေးနာမီနဲ့ တရားဝင်မိတ်ဆက်ပေးတဲ့နေ့က
ကံကြမ္မာဇာတ်ဆရာရဲ့ရက်စက်မှုနဲ့ တစ်ရက်တည်းဖြစ်နေတဲ့အခါ…

ဒီလိုနဲ့ လက်တွေ့ဘဝကို ကျောခိုင်းလို့ game မှာ ကိုယ်ပိုင်ကမ္ဘာငယ်လေး နဲ့ ပျော်နေတဲ့ သူ့ဘဝထဲကို
ယူရီ ဆိုတဲ့ ingame ID နဲ့ လူတစ်ယောက် ထပ်မံဝင်ရောက်လာပြီး
အဲဒီ ယူရီ ဆိုတာက မိန်းကလေးမဟုတ်ဘဲ cool guyကြီး ထရူ ဖြစ်နေပါပြီး
ဂိုင်းရဲ့ရင်ခုန်သံဆိတ်သုဉ်းနေတဲ့နှလုံးသားလေးအတွက် Stimulus ဖြစ်လာပါတော့တယ်။

Cool guy အမှတ် နဲ့ ပစ်ကြွေပစ်လိုက်တဲ့ ဂိုင်း တစ်ယောက်
ထရူကို cool gangster ကြီးမှန်းသိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုခံစားလိုက်ရအောင်ပါ။

အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြိးတော့
ဘာသာပြန်ထားတာကတော့ Mary, Kong, Thada, Su Myat တို့ပဲ ဖြစ်ပါတယ်။

Post
Meen Nichakoon Khajornborirak
Post
Ping Krittanun Aunchananun

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top