Everything is unknown ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
ဘဝကြီးကို ပြီးဆုံးပြီလို့ ထင်ထားတဲ့ လက်ဝှေ့သမားဟောင်း ဖန်ယိမင် ဟာ
ကြိုးဝိုင်းထဲက မတော်တဆတစ်ခုကြောင့် ချစ်ရတဲ့သူနဲ့
ဘဝတစ်ခုတည်ဆောက်ဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်…
ဒီမတော်တဆနောက်ပိုင်းမှာ ဖန်ယိမင်ဟာ သူ့ဘဝကို သူ့နည်းသူ့ဟန်နဲ့
အဆုံးသတ်နေရာကနေ တစ်နေ့မှာ သူ့အဖေ သေဆုံးပြီဆိုတဲ့
သတင်းနဲ့အတူ ဘယ်လောက်မှန်းမသိတဲ့ အမွေလွှဲပေးဖို့
စာရွက်စာတမ်းတွေနဲ့ ရှေ့နေတစ်ယောက် ရောက်လာခဲ့တယ်…
ဒီလိုနဲ့ ဈာပနပွဲမှာ တစ်ချိန်က လက်လွှတ်ခဲ့ရတဲ့ ရည်းစားဟောင်း လင်းယွဲ့နဲ့အတူ
၇ နှစ် ၈ နှစ်အရွယ် သမီးလေးကို မြင်တွေ့လိုက်ရပြီးနောက် ဖန်ယိမင် အသေအချာကို ယုံကြည်ခဲ့တယ်…
လင်းယွဲ့လက်ကို ကိုင်ထားတဲ့ မုဇီ ဟာ သူ့သမီးလေးလို့ပေါ့…

Post
Francis Ng
Post
Suxi Ren
Post
Kang-sheng Lee

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top