YATAGARASU The Raven Does Not Choose Its Master (2024)
8.0
Price - 2000Ks
မြန်မာစာတန်းထိုး
Episode 1 - 20
Memory – 6 GB
Runtime : 25 minutes
Video Format : 1080 P
Genres : Animation Series, Drama Series, Sci-Fi & Fantasy Series,

Trailer

ခေတ်ဦးအစကတည်းက တောင်နတ်ဘုရားတစ်ပါးဟာ ဒီနယ်မြေကို ရောက်ရှိလာပြီး
သာယာဝပြောတဲ့အတွက် Yamauchi ဆိုပြီး နာမည်ပေးခဲ့တယ်။
သူ့ကိုယ်စား အုပ်ချုပ်ဖို့ဆိုပြီး သူ့ကလေးငယ်တွေဖြစ်တဲ့
Yatagarasu တွေကို တာဝန်ပေးခဲ့ပါတယ်၊ ဒီ Yatagarasu ဆိုတာ
သမန်းဝံပုလွေလိုမျိုး ဂျပန်ဒဏ္ဍာရီမှာတော့ ခြေ ၃ ချောင်းပါတဲ့
လူပုံစံပြောင်းလို့ရတဲ့ သမန်းကျီးနက်တွေကို ဆိုလိုချင်တာပါ။

ဒါပေမဲ့ ဒီကလေးတွေထဲမှာကို ရွှေရောင်ကျီးနက်ဆိုတဲ့ အဆင့်အမြင့်ဆုံးက
သူတို့ကိုယ်သူတို့ Kin’u ဆိုတဲ့ ဘွဲ့သမုတ်ပြီး ဗဟိုချက်ချာနေရာမှာနေတယ်။
ကျန်တဲ့ ၄ ကောင်ကိုလည်း အရှေ့၊အနောက်၊တောင်၊မြောက်ဆိုပြီး
အရပ်လေးမျက်နှာကို ခွဲဝေပေးပြီး အုပ်ချုပ်စေတယ်။
အဲဒီမှာ အိမ်တော်ကြီး ၄ ခု ပြည်နယ်ကြီး ၄ ခု ဖြစ်လာခဲ့ပြီး
သူတို့အားလုံး ဒီ Yamauchi ကိုကျ Kin’u ဆိုတဲ့
ရွှေရောင်ကျီးနက်က အဓိကအာဏာရှိ အုပ်ချုပ်သူတစ်ပါးပေါ့။

ဒုတိယအနေနဲ့ အပေါ်မှာရှင်းပြခဲ့သလိုမျိုး အုပ်ချုပ်နေထိုင်ခဲ့ကြရာကနေ
Anime ဇာတ်လမ်းတည်ထားတဲ့ခေတ်ရောက်လာပါပြီ။
လက်ရှိ Kin’u ရယ် ဘုရင်မဖြစ်သူမှာ သားတော်နှစ်ပါး ရှိပါတယ်။
ပထမသားတော်က ဉာဏ်ပညာကြီးမားပြီး ဒုတိယသားတော်က
အရူးတစ်ယောက်လို့ နာမည်ကျော်ကြားတဲ့လူပါ။

နောက်ပြီး ဒုတိယသားတော်ဆိုတာ ကိုယ်လုပ်တော်ကနေ ရထားတာပါ။
အိမ်ရှေ့စံဘွဲ့ ပေးရမယ်ဆိုရင် ရိုးရာအစဉ်အလာအရ သားကြီးကို
ပေးရမှာ ဖြစ်ပေမဲ့လည်း နတ်ဆရာနဲ့ ရှေ့က Kin’u ကိုယ်တိုင်က
ဒုတိယသားတော်ကို ပေးခဲ့တဲ့အတွက် သားကြီးဖြစ်သူက
ဘုရားကျောင်းမှာ ဘုန်းကြီးဖြစ်ပြီး အရူးဆိုပြီး နာမည်ကြီးတဲ့
သားတော်က အိမ်ရှေ့စံ ဖြစ်လာပါတယ်။

Post
Mutsumi Tamura
Post
Miyu Irino
Post
Rina Honnizumi
Post
Hiroki Nanami
Post
Ayaka Fukuhara
Post
Rie Kugimiya
Post
Eiji Takeuchi
Post
Satoshi Hino
Post
Hiroshi Shirokuma
Post
Kengo Kawanishi
Post
Yoshino Aoyama
Post
Atsuko Tanaka
Post
Yume Miyamoto

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top