My Deer Friend Nokotan (2024)
8.3
Price - 1000Ks
မြန်မာစာတန်းထိုး
Episode 1 - 12
Memory – 5 GB
Runtime : 24 minutes
Video Format : 1080 P
Genres : Animation Series, Comedy Series,

Trailer

ဒီ Anime လေးကတော့ ဇာတ်လမ်းဇာတ်အိမ်ပိုင်းက
အဲဒီလောက် မဟုတ်ပေမဲ့ ဟာသပိုင်းကတော့ ခွီနေရတာနဲ့တင်
တစ်နေ့တာ ပင်ပန်းခဲ့တာတွေ အမောပန်းပြေစေမှာပါ။

Nokotan နေရာ အသံသရုပ်ဆောင်ထားတာလည်း
ကလေးသံလေးနဲ့မို့ ချစ်စရာလည်းကောင်း အမြင်ကပ်စရာလည်း ကောင်းနေမှာ အမှန်ပါပဲ။
သူ့ရဲ့ ဇာတ်လမ်းလေးကတော့ အထက်တန်းကျောင်းတစ်ကျောင်းမှာ
Koshi ဆိုတာ တစ်ကျောင်းလုံးသာမက ပတ်ဝန်းကျင်ကပါ
လေးစားအားကျရတဲ့ ဘက်စုံထူးချွန်သူ ဒုတိယနှစ်ကျောင်းသူ
အချောအလှလေးပေါ့လေ။

ဒါပေမဲ့ သူ့မှာ သူများတွေ မသိရတဲ့ မှောင်မိုက်တဲ့အတိတ်ဆိုးကြီးတစ်ခု ရှိပါတယ်၊ အဲဒါကတော့
အရင်တုန်းက သူက ဆိုးသွမ်းခဲ့တဲ့ ဂိုဏ်းလူမိုက်တစ်ယောက်ပါ။
အဲဒီသရုပ်မှန်ကို ဖုံးဖိဟန်ဆောင်နေရင်း တစ်ရက်ကျ
ထူးထူးဆန်းဆန်း သမင်ချိုပေါက်နေတဲ့ ကျောင်းပြောင်းလာတဲ့
(Nokotan) ကောင်မလေးတစ်ယောက်နဲ့ တွေ့ပြီး
ဒီကောင်မလေးက သူ့ရဲ့ သရုပ်မှန်တွေကို သိနေတာဖြစ်လို့
သူ့နောက်ကို တစ်ကောက်ကောက်လိုက်ရင်း
ဝေဒနာဒုက္ခတွေပေးလို့ Koshi တစ်ယောက် ပြဿနာတက်ရမှာတွေကို
ရယ်စရာမောစရာအဖြစ် ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ရှေ့မှာပြောထားသလိုပဲ Plot အကြီးစား မဟုတ်ပေမဲ့လို့ တစ်ပိုင်းတစ်ပိုင်း
ခွီနေရတာနဲ့တင် တန်ပါတယ်၊ နာမည်ကျော် Deadpool တို့လိုပဲ
သူက ကြည့်ရှုသူတွေကို 4th Wall Breaking စတိုင်နဲ့
လှမ်းလှမ်းပြီး စကားပြောထားဟန်တွေရော ခုထိ ကြည့်ထားရသလောက်
တခြား Pop Culture တွေဖြစ်တဲ့ Tokyo Revengers တို့
Your Lie in April တို့ Jo Jo တို့ Resident Evil တို့ကိုလည်း
နောက်ပြောင်ထားတာကို မြင်ရဦးမှာပါ။
တစ်ပတ်တစ်ပိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့
အားပေးကြည့်ရှုကြဖို့လည်း ဖိတ်ခေါ်လိုက်ပါရစေဗျာ။

Post
Megumi Han
Post
Saki Fujita
Post
Rui Tanabe
Post
Fuka Izumi
Post
Kohsuke Toriumi
Post
Yurika Kubo
Post
Rio Tsuchiya
Post
Chinatsu Akasaki

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top