The Perfect Couple
7.0
Price - 600Ks
မြန်မာစာတန်းထိုး
Episode 1 - 6
Memory – 5 GB
Runtime : 64 minutes
Video Format : 1080 P
Genres : Drama Series, Mystery Series, Crime Series,

Trailer

Liev Schreiber နဲ့ မင်းသမီး Nicole Kidman တို့အပြင်အခြားသော
သရုပ်ဆောင်ကောင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်ဝင်စားစရာ
Netflix seriesတစ်ခုကိုတင်ဆက်ပေးလိုက်ပါရစေ။
အမေရိကန်နိုင်ငံ Massachusettsပြည်နယ်ထဲက Nantucketကျွန်းပေါ်မှာ
ဘိုးစဉ်ဘောင်ဆက်ချမ်းသာကြွယ်ဝတဲ့ Winbury မိသားစုနေထိုင်ပါတယ်။
အိမ်ထောင်ဦးစီးဖြစ်သူ Tag Winbury ဟာ ကျွန်းပေါ်မှာ ဂုဏ်သတင်း
အတော်ကျော်ကြားသလို သူ့ဇနီး Mrs.Greer Winbury ဟာလည်း
အောင်မြင်တဲ့စာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။
သားသုံးယောက်ရှိပြီး အိမ်ထောင်သက် ၂၉နှစ်ရှိပြီဖြစ်တဲ့ Mr နဲ့
Mrs Winbury တို့ကို “ပြီးပြည့်စုံတဲ့ စုံတွဲ”လို့ လူအများကတင်စား‌
ကြပါတယ်။ သူတို့သားအလတ်ဖြစ်တဲ့ Banjiရဲ့ လက်ထပ်ပွဲအကြိုနေ့
ညစာစားပွဲမှာ ဇာတ်လမ်းစတင်ထားပြီး အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့
အကုန်ချောချောမွေ့မွေ့အဆင်ပြေလျက်ပါပဲ။
ဒါပေမဲ့ လက်ထပ်ပွဲလုပ်မဲ့ မနက်မှာ သူတို့ Winbury အိမ်ကြီးရဲ့‌
ပိုင်နက်ဖြစ်တဲ့ ပင်လယ်ကမ်းစပ်မှာ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူဟာလည်း လက်ထပ်ပွဲအတွက်အရေးပါတဲ့လူဖြစ်ပြီး
လက်ထပ်ပွဲတက်ဖို့ Winbury အိမ်မှာလာတည်းတဲ့ဧည့်သည်ပါ။
ဒီလိုနဲ့လက်ထပ်ပွဲလည်းပျက်၊ Winbury မိသားစုလည်းရဲစခန်းမှာ
စစ်မေးခံရ၊ တစ်စတစ်စနဲ့ Winbury မိသားစုရဲ့အရှုပ်တော်ပုံတွေ
တစ်ခုချင်းစီပေါ်လာပါတော့တယ်။ “ပြီးပြည့်စုံတဲ့ စုံတွဲ”လို့သတ်မှတ်
ခံထားရတဲ့ Mr & Mrs Winbury တို့က တကယ်ရော ပြီးပြည့်စုံနေတာ
ဟုတ်ရဲ့လား၊ Winbury မိသားစုထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ၊
ဘယ်သူက ဘယ်သူ့ကို ဘာကြောင့်သတ်လိုက်လဲဆိုတာတွေကိုတော့
စီးရီးထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
ဇာတ်လမ်းအစက‌နေအဆုံးထိ Tempoကောင်းကောင်းနဲ့ဆွဲခေါ်သွားတာ
ဖြစ်လို့ Crime/Mystery အမျိူအစား ကြိုက်နှစ်သက်သူတွေလည်း
သဘောကျမိမဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်။

Post
Nicole Kidman
Post
Eve Hewson
Post
Liev Schreiber
Post
Billy Howle
Post
Meghann Fahy
Post
Jack Reynor
Post
Dakota Fanning
Post
Donna Lynne Champlin
Post
Michael Beach
Post
Sam Nivola
Post
Ishaan Khatter
Post
Mia Isaac
Post
Isabelle Adjani
Post
Tommy Flanagan

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top