Represent
6.5
Price - 600Ks
မြန်မာစာတန်းထိုး
Episode 1 - 6
Memory – 4 GB
Runtime : 28 minutes
Video Format : 1080 P
Genres : Comedy Series,

Trailer

ပြင်သစ်ပြည်မှာ ထူးထူးခြားခြား ပထမဆုံးအနေနဲ့ သမ္မတရွေးကောက်ပွဲမှာ လူမဲတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဇကာတင်ကျန်ရစ်တဲ့အခါ (ဟာသဇာတ်နှောစီးရီး)
စတက်ဖန့် ဘလဲရ်ဟာ ပြင်သစ်က မြို့ငယ်တစ်ခုရဲ့ အိမ်ရာစီမံကိန်းအောက်က လူငယ်ဖွံ့ဖြိုးရေးအဖွဲ့အစည်းမှာ လူငယ်ခေါင်းဆောင်အဖြစ် လုပ်ကိုင်နေတဲ့ လူမဲအမျိုးသားတစ်ဦးဖြစ်ပါတယ်။
တစ်နေ့မှာတော့ ရွေးကောက်ပွဲအစောပိုင်းမဲဆွယ်ကာလမှာ သူတို့မြို့ငယ်လေးရဲ့ မြို့တော်ဝန်ဟာ နောက်တစ်ကျော့ရွေးကောက်ပွဲမှာ မြို့တော်ဝန်ပြန်ဖြစ်ဖို့ မဖြစ်နိုင်တဲ့ကတိတွေပေး၊ လေလုံးထွားပြီး မဲဆွယ်တဲ့အခါမှာတော့ စိတ်ချဉ်ပေါက်လာတဲ့ စတက်ဖန့်ဟာ မီဒီယာတွေ ရိုက်ကူးနေတဲ့အရှေ့မှာပဲ မြို့တော်ဝန်ကို ဘဏ္ဍာငွေဖြောင်ပြီး မြို့က ဘာမှမဖြစ်လာတာတွေကို ချက်ကျလက်ကျ သွားဗျင်းပါတော့တယ်။ ဒီအချိန်မှာ မီဒီယာသတိထားမှုကို ရသွားပြီး နာမည်ကြီးသွားကာ သူ့ကို မဲပေးကြတဲ့ရာခိုင်နှုန်း ၄ ရာခိုင်နှုန်းတောင် ထိုးတက်လာတာကို မဲရေတွက်တဲ့ကုမ္မဏီက ထုတ်ပြန်လိုက်ပါတော့တယ်။ ဒီအချိန်မှာ ၁၅ နှစ်တာ အတွေ့အကြုံရှိတဲ့ မဲဆွယ်ပွဲစီစဉ်သူ ဝီလီယမ်ဆိုတဲ့လူတစ်ယောက်က ရောက်လာပြီး စတက်ဖန့်ကို ပြင်သစ်ပြည်ရဲ့ ပထမဆုံးသော လူမဲသမ္မတဖြစ်အောင် လုပ်ပေးမယ်လို့ ဆွယ်တဲ့အခါမှာ မျိုးချစ်စိတ်ဓာတ်ရှိတဲ့ စတက်ဖန့်တစ်ယောက် သမ္မတရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒီတော့ စတက်ဖန့်အနေနဲ့ ပထမဆုံးလူမဲသမ္မတဖြစ်သွားမလား၊ ဝီလီယမ်ဆိုတဲ့လူကရော သဘောရိုးနဲ့ ချဉ်းကပ်လာတာဖြစ်ပါ့မလား စသဖြင့် ကွဲထွက်နေတဲ့ဇာတ်အိမ်ကို ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။

Post
Jean-Pascal Zadi
Post
Benoît Poelvoorde
Post
Eric Judor
Post
Fadily Camara
Post
Marina Foïs
Post
Fary
Post
Panayotis Pascot
Post
Pierre-Emmanuel Barré
Post
Souad Arsane
Post
Jean-Claude Muaka
Post
Saabo Balde
Post
Vimala Pons

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top