Kota Factory (2019)
9.0
Price - 1000Ks
မြန်မာစာတန်းထိုး
Season 1 - 2
Memory – 6 GB
Runtime : 40 min
Video Format : 1080 P
Genres : Comedy Series, Drama Series,

Trailer

အိန္ဒိယနိုင်ငံမှာ နာမည်အကြီးဆုံး တက္ကသိုလ်တစ်ခုရှိပါတယ်။
အဲဒါကတော့ 3 idiots ရုပ်ရှင်ထဲက IIT အင်ဂျင်နီယာတက္ကသိုလ်ပါ။
အဲဒီတက္ကသိုလ်ကို ဝင်ခွင့်ရဖို့အတွက် JEE နဲ့ NEET ဆိုတဲ့
စာမေးပွဲတွေကိုဖြေရပါတယ်။
ကိုတာဆိုတဲ့ မြို့လေးကတော့ အဲဒီစာမေးပွဲတွေကိုဝင်ဖြေဖို့ သီးသန့်လေ့ကျင့်ပေးတဲ့
ကိုယ်ပိုင်ကျောင်းတွေအများအပြားရှိတဲ့ မြို့လေးပါ။
ဉာဏ်ကောင်းပေမဲ့ အပျင်းကြီးပြီး အလွယ်လမ်းကိုရှာဖို့ကြိုးစားတတ်တဲ့
ဗိုင်ဘာ့ဗ်ဆိုတဲ့ ၁၁ တန်းကျောင်းသားလေးဟာ IIT ဝင်ခွင့်ရဖို့ ကြိုးစားဖို့အတွက်
ကိုတာမြို့ကို ရောက်လာခဲ့တယ်။
အပေါ်ယံကြည့်ရင် ကိုတာမြို့မှာ အတော်ဆုံးကျောင်းသားတွေပဲရှိပြီး IIT ဝင်ခွင့်ရဖို့
အသွားသင့်ဆုံးနေရာလို့ထင်ရပေမဲ့ တကယ်တမ်းတော့ ပြိုင်ဆိုင်မှု၊ မနာလိုမှုတွေ၊
ပုံစံခွက်ထဲရိုက်သွင်းမှုတွေအများကြီးရှိနေပါတယ်။
ငယ်ရွယ်နုနယ်တဲ့ ကျောင်းသားတွေကို ပြင်ပလောကကြီးနဲ့အဆက်ဖြတ်ပြီး တစ်ပုံစံတည်းဖြစ်အောင်
ပုံသွင်းတတ်တဲ့အတွက် ကိုတာမြို့ကို ကိုတာစက်ရုံလို့တောင် နာမည်ပြောင်ပေးကြရတဲ့အထိပါပဲ။
3 Idiots ရုပ်ရှင်ထဲက ချာတူးရ်လိုမျိုး အရာရာကို အလွတ်ကျက် ကူးချပြီးဖြေရှင်းချင်နေတဲ့ ဗိုင်ဘာ့ဗ်ကို
ဂျီတူးဆိုတဲ့ IIT ဝင်ခွင့်မရခဲ့တဲ့ ဆရာတစ်ယောက်က သူ့အတွေ့အကြုံတွေပြောပြပြီး ရန်ချိုလိုဖြစ်လာအောင်
လမ်းကြောင်းပေးပုံကို ဒီဇာတ်လမ်းတွဲထဲမှာ အဓိကမြင်ရမှာပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲတစ်ခုကို အဖြူအမည်း ကာလာနှစ်ခုတည်းနဲ့ရိုက်ကူးထားတာဖြစ်ပြီး အဲဒါဟာ ကိုတာမြို့က
ကျောင်းသားတွေကို Shindler’s List ရုပ်ရှင်ထဲက နာဇီတွေအကျဉ်းချတာခံထားရတဲ့
ဂျူးအကျဉ်းသားတွေနဲ့ ခိုင်းနှိုင်းချင်လို့ဖြစ်တယ်လို့သိရပါတယ်။

Post
Mayur More
Post
Jitendra Kumar
Post
Ranjan Raj
Post
Alam Khan
Post
Harish Peddinti
Post
Ahsaas Channa
Post
Urvi Singh
Post
Revathi Pillai
Post
Rajesh Kumar
Post
Arun Kumar

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top