Suicide Squad Isekai (2024)
6.8
Price - 400Ks
မြန်မာစာတန်းထိုး
Episode 1 - 4
Memory – 2 GB
Runtime : 25 min
Video Format : 1080 P
Genres : Action Series, Adventure Series,

Trailer

DC Comic ရဲ့ နာမည်ကျော် လူဆိုးကြီးများအဖွဲ့ Suicide Squad ကို Live Action တွေ
ကာတွန်းတွေ အသီးသီးထုတ်ခဲ့ကြပြီးတဲ့နောက်ယခုအခါမှာတော့ Warnar Bros Japan ကနေ
Spy X Family လို Anime ကောင်းတွေကို ထုတ်လုပ်ပေးခဲ့တဲ့ Wit Studio နဲ့ ပူးပေါင်းပြီး
Anime အဖြစ် ပြန်လည် အသက်သွင်းလိုက်ပါပြီ။ Anime အဖြစ် အသက်သွင်းထားရုံတင်မကပဲ
Suicide Squad ကို ကမ္ဘာမြေပေါ်ကသာမန်စစ်ဆင်ရေးတွေ မလုပ်ခိုင်းတော့ပဲ Anime Genre တွေထဲမှာ
လူသိများတဲ့ Isekai (တခြားကမ္ဘာ) ဆိုတဲ့အမျိုးအစားအဖြစ် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။
 
Isekai ဆိုတာ ဘာလဲရှင်းပြရမယ်ဆိုတော့ ကမ္ဘာမြေနဲ့ မတူပဲ နဂါးတွေ ဘီလူးတွေ မှော်ပညာတွေ
ရှေးဟောင်းတိုင်းပြည်တွေရှိတဲ့ဂိမ်းဆန်ဆန် ကမ္ဘာတစ်ခုကို ဆိုလိုချင်တာပဲ ဖြစ်ပါတယ်။
ခုလက်ရှိ Anime မှာလည်း Suicide Squad ထဲမှာဆို အားလုံးရဲ့ အသည်းကျော်Harley Quinn ပါမယ်
ပစ်မှတ်ကို ဘယ်တော့မှ မလွဲမယ့် Dead Shot ကြီး ပါမယ် John Cena အသက်သွင်းပေးထားတဲ့
Peacemaker ကြီးပါမယ် Jame Gunn ရဲ့ကောင်းမှုကြောင့် အူကြောင်ကြောင် ချစ်စရာငါးမန်းကြီး
King Shark ပါမယ် နောက်ပြီး Live Action တွေထဲမှာ မပါဝင်သေးတဲ့ ဆရာဘတ်ရဲ့
လူဆိုးတစ်ယောက်ဖြစ်တဲ့ Clayface ရော ပါဝင်ထားပါတယ်။
 
ဇာတ်လမ်းအရဆိုရင်တော့ ထုံးစံအတိုင်း အစိုးရလူယုတ်မာကြီး Amanda Waller ကနေ
ဒီလူ ၅ ယောက်ကို စုစည်းပြီးတော့လည်ပင်းမှာ ဗုံးတပ်ပေးပြီး Isekai ခေါ် တခြားကမ္ဘာထဲကို
စစ်ဆင်ရေးတစ်ခု လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်းတကယ့်ရည်ရွယ်ချက်က ဘာဖြစ်မလဲ
Harley တို့ အုပ်စုလိုက်ကြီး Isekai ထဲမှာ ဘယ်လိုတွေ ပေါက်ကရလုပ်ပြီးစွန့်စားကြမလဲဆိုတာကို
တစ်မူထူးခြားပြီး Anime အမြင်လေးနဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Post
Takehito Koyasu
Post
Jun Fukuyama
Post
Reina Ueda

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top