Bitter Sweet Hell (2024)
7.3
Price - 1000Ks
မြန်မာစာတန်းထိုး
Episode 1 - 12
Memory – 10 GB
Runtime :
Video Format : 1080 P
Genres : Comedy Series, Drama Series, Mystery Series,

Trailer

ဒီကားလေးထဲမှာတော့ နာမည်ကြီးမင်းသမီးကြီးတွေဖြစ်ကြတဲ့
Tomorrow ထဲမှ Kim Hee-Sun၊ Lawless Lawyer ထဲမှ
Lee Hye-Young တို့က အဓိကပါဝင်ထားပြီး Sweet Home ထဲမှ
Kim Nam-Hee၊ 2PM Chan-Sung, DKZ Jae-Chan တို့အပြင်
ကေဒရာမာဖန်တိုင်းသိကြတဲ့ နာမည်ကြီးဇာတ်ပို့ပေါင်းများစွာမှ
ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းအညွှန်း-
No Yong-Won က ကိုရီးယားရဲ့အတော်ဆုံး
စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်သလို
သူမရဲ့ခင်ပွန်းဖြစ်သူ Choi Jae-Jin ကလည်း
နာမည်ကြီး ခွဲစိတ်ဆရာဝန်တစ်ဖြစ်လဲ
ကြင်နာတတ်တဲ့ ဖခင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။
Mystery ဝတ္ထုစာရေးဆရာမဖြစ်တဲ့ ယောက္ခမဖြစ်သူရဲ့
ဆတ်ဆတ်ထိမခံတတ်တဲ့စိတ်ကြောင့် ယောက္ခမနဲ့ ချွေးမကြားမှာ
ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောထားမတိုက်ဆိုင်မှုတွေကလွဲရင်
Yong-Won ရဲ့ဘဝက ပျော်ရွှင်စရာအတိပါပဲ။
ဒီလိုမျိုး အလုပ်မှာသာမက ကိုယ်ပိုင်ဘဝကလည်း
အထင်ကြီးစရာကောင်းလှတာကြောင့် လူတိုင်းရဲ့အားကျခြင်းကို
ခံရတဲ့သူမဟာ တစ်နေ့မှာတော့ သူမရဲ့ပြီးပြည့်စုံလှတဲ့ခင်ပွန်းက
Lee Se Na ဆိုတဲ့ ပဟေဠိဆန်တဲ့မိန်းကလေးနဲ့ ဖောက်ပြန်နေတာကို သိသွားပါတော့တယ်။
ထိုမိန်းကလေး ဝင်ရောက်ပတ်သတ်လာပြီးနောက်မှာပဲ သူမရဲ့မိသားစုဟာ
အမည်မသိသူတစ်ဦးထံမှ ခြိမ်းခြောက်ခြင်းခံလာရတဲ့အတွက်
မတည့်အတူနေ ယောက္ခမဖြစ်သူနဲ့ ပူးပေါင်းပြီး သူမရဲ့မိသားစုကို
အန္တရာယ်တွေကနေ ကာကွယ်ဖို့ဖြစ်လာပါတော့တယ်။
ဒီစီးရီးမှာ ဖောက်ပြန်တဲ့ ယောက်ျားကို ဘယ်လိုလက်စားပြန်ချေမလဲ..။
ခြိမ်းခြောက်ခံရတဲ့မိသားစုကို ယောက္ခမနဲ့ချွေးမ နှစ်ယောက်ပေါင်းပြီး
ဘယ်လိုကာကွယ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။

Post
Kim Hee-seon
Post
Park Jae-chan
Post
Yeonwoo

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top