Eric (2024)
6.9
Price - 600Ks
မြန်မာစာတန်းထိုး
Episode 1 - 6
Memory – 10 GB
Runtime : 53 min
Video Format : 1080 P
Genres : Crime Series, Drama Series, Thriller Series,

Trailer

ဗင်းဆင့်ဟာ အင်မတန် အရည်အချင်းရှိတဲ့ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီးတော့ Good Day Sunshine ဆိုတဲ့ ရုပ်သေးတီဗွီအစီအစဉ်ကို ဖန်တီးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့မှာ ဇနီးဖြစ်သူ ကက်ဆီနှင့် အက်ဂါဆိုတဲ့ တအားလိမ္မာတဲ့ သားလေးတစ်ယောက်လည်း ရှိပြီးတော့ အဖက်ဖက်က ကြည့်ရင် သာယာစိုပြေတဲ့ အိမ်ထောင်ရေးနှင့် မိသားစု ဘဝကို ပိုင်ဆိုင်ထားသူပေါ့။ ဒါပေမဲ့ ဗင်းဆင့်ဟာ အရမ်း အတ္တကြီးပြီးတော့ သူ့ဘေးပတ်ဝန်းကျင်က မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက် အားလုံးကို သူ့စိတ်ထဲမှာ အကောင်းဆုံးဖြစ်မယ့်ပုံစံကို အတင်းသွပ်သွင်း၊ တခြားလူရဲ့ ထင်မြင်ချက် အတွေးအမြင်ကို ဂရုမစိုက်ပဲ သူအထင်အမြင်၊ သူလုပ်တာသာ အကောင်းဆုံးဆိုပြီးတော့ လူတိုင်းကို အတ္တနဲ့ လွမ်းမိုးတတ်သူပါ။
တစ်နေ့မှာတော့ သားလေးဖြစ်သူ အက်ဂါဟာ ဗင်းဆင့်ရဲ့ ရုပ်သေးအစီအစဉ်အတွက် သူစိတ်ကူးနဲ့ ဆွဲထားတဲ့ ရုပ်သေးသတ္တဝါကြီး အဲရစ်ကို ဗင်းဆင့်ကို ပြခဲ့ပေမယ့် ဗင်းဆင့်က သူ့သားလေးရဲ့ ကြိုးစားအားထုတ်မှုကို လက်သင့်မခံပဲ ထုံးစံအတိုင်း အတ္တနဲ့ လွမ်းမိုးခဲ့တဲ့အတွက် အက်ဂါတစ်ယောက် နောက်တစ်နေ့မှာ ကျောင်းသွားရင်း ကျောင်းကို မရောက်ပဲ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတော့တယ်။ ဒီအချိန်မှာ ဗင်းဆင့်ခဗျာ အရူးမီးဝိုင်းဖြစ်ပြီး သားဖြစ်သူ အက်ဂါကို အသည်းအသန်လိုက်ရှာကာ သားဖြစ်သူဆွဲခဲ့တဲ့ သတ္တဝါကြီး အဲရစ်ကိုပါ မျက်စိထဲ ထင်ယောင်ထင်မှား မြင်လာပါတော့တယ်။
ဒီတော့ ဗင်းဆင့်အနေနဲ့ သားလေးဖြစ်သူ အက်ဂါကို ပြန်ရှာတွေ့ပါမလား၊ သူ့ရဲ့ အတ္တကိုရော ပြန်လည်သုံးသပ်နိုင်ပြီး ပြုပြင်နိုင်ပါမလားဆိုတာကို အတုယူဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။

Post
Benedict Cumberbatch
Post
Gaby Hoffmann
Post
Dan Fogler
Post
McKinley Belcher III
Post
Ivan Morris Howe
Post
Bamar Kane
Post
José Pimentão
Post
Jeff Hephner
Post
Erika Soto
Post
Donald Sage Mackay

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top