To the Wonder (2024)
8.6
Price - 800Ks
မြန်မာစာတန်းထိုး
Episode 1 - 8
Memory – 5 GB
Runtime : 45 min
Video Format : 1080 P
Genres : Romance Series, Life Series, Family Series,

Trailer

သဘာဝရှုခင်းနဲ့ နေ့စဉ်ဘဝကို ရိုးရှင်းစွာ ဖြတ်သားနေတဲ့ ရွာလေးတစ်ခုမှာ
ဖြစ်တည်ခဲ့တဲ့ အချစ်ပုံပြင်လေးကို ပုံဖော်ထားတဲ့ My Altay ဆိုတဲ့
ဒရာမာတိုလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
ဒီဇာတ်လမ်းလေးရဲ့ ထူးခြားချက်ကတော့ My Altay ထဲက လီဝမ်ရှိုးဆိုတဲ့
ကာရိုက်တာဟာ My Altay ဆိုတဲ့ ဝတ္ထုစာအုပ်ကို ရေးသားသူ လီကျွမ်းရဲ့
ဘဝတစ်စိတ်တစ်ပိုင်းကို ချရေးထားတယ်ဆိုတဲ့ အချက်ပါပဲ…
လီဝမ်ရှိုးလို့ခေါ်တဲ့ တရုတ်ဟန်မျိုးနွယ် မိန်းကလေးတစ်ယောက်ဟာ
Altayက မြို့လေးကနေ မြို့ကြီးပေါ်တက်ပြီး ဘဝကို ရုန်းကန်ကြိုးစားနေသူတစ်ယောက်ပေါ့…
အလုပ်တွေတစ်ခုပြီးတစ်ခု အဆင်မပြေလိုက် ပြောင်းလိုက်၊
မပြေလည်လိုက် ပြောင်းနဲ့ ဘဝဆိုတဲ့ စကားလုံး ၂ လုံးအောက်မှာ ပြားပြားဝပ်ခံနေရသူ တစ်ယောက်ပေါ့…
ဒီလိုနဲ့ သူ့မြို့လေးက သူ့အမေရဲ့ ကုန်စုံဆိုင်လေးဆီ အလည်ပြန်တဲ့အချိန်မှာပဲ
သူရှာနေတဲ့ ဘဝနဲ့ မတူညီတဲ့ Kazakh လူမျိုးကောင်လေး ပါထိုက်နဲ့ ဆုံတွေ့ခဲ့ပါတော့တယ်…
“ပါးထိုက်က ဘယ်လိုလူမျိုးလဲဆိုရင် မြင်းတစ်ကောင်လို ကြီးမားပြီး
လယ်ကွင်းပြင်မှာ ထီးထီးမားမားရပ်နေတာ လုံးဝရှင်ဘုရင်တစ်ပါးလိုပဲ”
“ပါးထိုက်က ဝမ်ရိုးအတွက်တော့ ဒီရွာလေးကို တစ်ခဏတိုက်သွားတဲ့ လေပြေလေးလိုပဲ
သူ့ဘဝထဲကို အေးချမ်းမှုပေးနိုင်သလို ဖမ်းဆုပ်ခွင့်မရှိတဲ့ သူတစ်ယောက်လိုမျိုးပေါ့”
ဒီလိုနဲ့ နွေရာသီမှာ ပါးထိုက်ကြောင့် အချစ်ကို ထိတွေ့ခွင့်ရလိုက်တဲ့ ဝမ်ရှိုးတစ်ယောက်
ပါထိုက်ကို ချစ်တဲ့အချစ်တွေကြောင့် သူ့ဘဝ ဘယ်လိုပြောင်းလဲသွားမှာလဲ…
ဝတ္ထုမဆန်တဲ့ ဘဝထဲကို ဝတ္ထုဆန်တဲ့ အချစ်တစ်ခုဝင်ရောက်လာပြီးနောက်
သူတို့ ၂ ဦး ဘဝ ဘယ်လိုအပြောင်းအလဲနဲ့ ရင်ဆိုင်ရမယ်ဆိုတာ
ဇာတ်လမ်းလေးကို ကြည့်ရင်း သိရှိလာမှာမို့ ဘဝအမောပြေ ကြည့်ဖြစ်အောင် ကြည့်ကြည့်ဖို့ ပြောချင်ပါတယ်…

Post
Ma Yi Li
Post
Zhou Yi Ran
Post
Yu Shi
Post
Jiang Qi Ming
Post
Alimujiang
Post
Alima Mayutian
Post
Yan Pei Lun
Post
Li Wen Ling
Post
Enki Wang
Post
Yi Yun He

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top